ပြီးခဲ့တဲ့အပတ်က ဒီအာကွန်ဂိုနဲ့ ပွဲမှာ ၁-၁ သရေကျခဲ့လို့ ပေါ်တူဂီ အသင်းရဲ့ ခြေစွမ်း အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် နည်းပြ ရော်ဘတ်တို မာတီးနက်ဇ် ကတော့ သူ့အသင်း အတွင်းမှာ ဘာပြဿနာမှ မရှိဘဲ စည်းလုံးမှု အပြည့် ရှိနေပါတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ စိတ်ပျက်စရာ ရလဒ်နဲ့ စတင်ခဲ့ရပေမယ့် နည်းပြ မာတီနက်ဇ် ကတော့ အသင်းရဲ့ စည်းလုံးညီညွတ်မှု အပေါ် နည်းနည်းလေးမှ စိုးရိမ်ပူပန်နေခြင်း မရှိပါဘူး။
ဒီအာကွန်ဂိုနဲ့ ပွဲတုန်းက ပေါ်တူဂီတို့ဟာ ကမ္ဘာ့ဖလား သက်တမ်း တစ်လျှောက် သူတို့ရဲ့ ဘောလုံး ပိုင်ဆိုင်မှု အများဆုံး (၇၅.၄ ရာခိုင်နှုန်း)၊ ပေးပို့မှု အများဆုံး (၇၈၃ ကြိမ်) နဲ့ Final Third ဆီ ပေးပို့မှု တိကျမှု (၉၂.၅ ရာခိုင်နှုန်း) အထိ ရှိခဲ့တာပါ။ ဒါပေမယ့် စိတ်ပျက်စရာ ကောင်းတာ ကတော့ ဂိုးကန်သွင်းခွင့် ၇ ကြိမ်ပဲ ရခဲ့လို့ သူတို့ရဲ့ သမိုင်းတစ်လျှောက် အနည်းဆုံး ကန်သွင်းခွင့် မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။ ဒါ့အပြင် ၁၁၉၆ နောက်ပိုင်း ကမ္ဘာ့ဖလား မှတ်တမ်းတွေအရ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော် ရထားပါလျက်နဲ့ ပြိုင်ဘက်အသင်းထက် ဂိုးကန်သွင်းခွင့် ပိုနည်းခဲ့တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။
မာတီနက်ဇ်ရဲ့ အသင်းဟာ လာမယ့် အင်္ဂါနေ့မှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာပြိုင်တဲ့ ဥဇဘက်ကစ္စတန် အသင်းနဲ့ အုပ်စု K ရဲ့ ဒုတိယ ပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပြီး နိုင်ပွဲစရှာဖို့ အားခဲနေပါတယ်။ အခု လောလောဆယ် မှာတော့ လူပြော အများဆုံး ဖြစ်နေတာက ကွန်ဂိုနဲ့ ပွဲမှာ တိုက်စစ်ပိုင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် လူစားမလဲခံခဲ့ရတဲ့ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို အကြောင်းပါပဲ။
လူငယ်ကစားသမား ယာအို နီဗက်စ် ကလည်း “ရော်နယ်ဒိုက အသင်းကို ကူညီဖို့ ရောက်နေတဲ့ တခြား ကစားသမားတွေထဲက ကစားသမား တစ်ယောက်ပါပဲ။” လို့ ပြောခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ဆူညံသွားခဲ့ပါသေးတယ်။ ဒါပေမယ့် နည်းပြ မာတီနက်ဇ် ကတော့ သူ့အသင်းဟာ သွေးစည်းနေဆဲပဲလို့ ကာကွယ် ပြောဆိုသွားပါတယ်။
“ကျွန်တော်တို့ အရင်ကထက် ပိုပြီး စည်းလုံးနေပါတယ်၊ ပိုပြီးတော့လည်း သန်မာလာပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမို့လို့ ဝေဖန်သံတွေ၊ ဖိအားတွေ ရှိနေတာ သဘာဝပါပဲ။ ဒါတွေက ဘောလုံးရဲ့ အစိတ်အပိုင်းတွေမို့ ကျွန်တော် တို့ရဲ့ အဓိက အာရုံစိုက်မှုက အသင်းအပေါ်မှာပဲ ရှိပါတယ်။” လို့ မာတီနက်ဇ်က ဆိုပါတယ်။

“ဒီကို မလာခင်ကထက်တောင် အခု ပိုပြီး စည်းလုံးနေကြတာပါ။ ဘာပြဿနာမှ မရှိပါဘူး။ ကွန်ဂိုနဲ့ ပွဲတုန်းက ကျွန်တော်တို့ ဂိုးသွင်းခွင့်တွေ အများကြီး မဖန်တီးနိုင်ခဲ့တာ ကတော့ မှန်ပါတယ်။ ဒါဟာ ကျွန်တော် တို့လို အသင်းမျိုး အတွက် ပုံမှန်မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ကစားသမားတွေ ရှိနေတာမို့ ဒါကို ကွင်းထဲမှာ သက်သေပြဖို့ လိုပါတယ်။ ဥဇဘက်ကစ္စတန်နဲ့ ပွဲမှာတော့ အနိုင်ရဖို့က လွဲလို့ တခြား မရှိပါဘူး။ မှားလို့ လုံးဝမရတော့တဲ့ အခြေအနေပါ။” လို့ မာတီနက်ဇ်က ဆိုပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး ၁၀ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပြီး အဲဒီပွဲတွေမှာ ဂိုးကန်သွင်းခွင့် ၃၃ ကြိမ်အထိ ရခဲ့သလို မျှော်မှန်းဂိုး (xG) ၄.၅ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီဂိုးတွေကို ဖယ်လိုက်မယ်ဆိုရင် ရော်နယ်ဒိုဟာ ပြိုင်ပွဲကြီး ၁၃ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေပြီး ပင်နယ်တီ မဟုတ်တဲ့ ကန်သွင်းခွင့် ၄၂ ကြိမ် (xG) ၄.၅ အထိ ရှိခဲ့တာပါ။ ဒါပေမယ့် မာတီနက်ဇ် ကတော့ သူ့ရဲ့ အသင်းခေါင်းဆောင် ဘက်ကနေ အပြည့်အဝ ကာကွယ်ပေးသွားခဲ့ပါတယ်။
“ရော်နယ်ဒိုဟာ ဒဏ်ရာတွေ၊ စိတ်ပျက်စရာတွေ ကနေ ဘယ်လိုပြန်ထရမလဲ၊ ဘယ်လို ကြိုးစား လေ့ကျင့်ရမလဲ ဆိုတာ အတွက် အကောင်းဆုံး စံပြပုဂ္ဂိုလ် တစ်ယောက်ပါ။ ဒါပေမယ့်လည်း အသင်း တစ်သင်းလုံး အနေနဲ့ ခံစားနေရတဲ့ စိတ်ပျက်မှု ကိုတော့ ဒါက ဖျောက်ဖျက်ပေးလို့ မရပါဘူး။” လို့ မာတီနက်ဇ်က ပြောပါတယ်။
ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အဖွင့် ၂ ပွဲစလုံး နိုင်ပွဲ မရတဲ့ မှတ်တမ်းဆိုးမျိုး မကြုံရအောင် အခုပွဲမှာ မဖြစ်မနေ အနိုင်ကစားရမှာပါ။ သူတို့ဟာ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက တစ်ကြိမ်ပဲ အဖွင့် ၂ ပွဲစလုံး နိုင်ပွဲ ပျောက်ဆုံးခဲ့ဖူးပြီး အဲဒီတုန်းက အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


