ယန် ဒီယိုမန်ဒီဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် လက်ရှိ မှာတော့ လိုက်ပ်ဇစ်ရဲ့ ရာသီကြို လေ့ကျင့်ရေးဆီ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တန်ကြေး မြင့်မားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့က အပြီးသတ် မပြီးသေးတာကြောင့် ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ ဒီယိုမန်ဒီဟာ လိုက်ပ်ဇစ်ရဲ့ ရာသီကြို လေ့ကျင့်ရေးဆီ ပြန်လည် ပူးပေါင်းလိုက်တာပါ။
ဒီယိုမန်ဒီဟာ လိုက်ပ်ဇစ် အသင်း ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီးနောက် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့သူပါ။ အသက် ၁၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တောင်ပံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားရာမှာ ၂၂ ဂိုး အထိ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်ပြီး ၁၃ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ်။
ဂျာမန် ထိပ်တန်းလိဂ်မှာ သူဟာ ပြိုင်ဘက်ကို ကျော်ဖြတ်မှု (၁၁၈) ကြိမ်နဲ့ ဘောလုံးဆွဲယူ ကျော်ဖြတ်မှု (၁၀၄) ကြိမ်ပြုလုပ်ကာ ကစားသမား အားလုံးထက် ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ပုံစံကောင်းကို အိုင်ဗရီကိုစ့် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ သယ်ဆောင်သွားနိုင်ခဲ့ပြီး အုပ်စု E မှာ ဒုတိယ ရရှိကာ ၃၂ သင်းအဆင့်မှာ နော်ဝေကို ရှုံးနိမ့်ခဲ့ပေမယ့် တက်ကြွတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်နဲ့ ပီအက်စ်ဂျီ တို့ဟာ ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပထမဆုံး သတင်းထွက်ခဲ့တဲ့ ကလပ်တွေ ဖြစ်ကြပေမယ့် အခုအခါ နှစ်သင်းလုံးက တခြား ပစ်မှတ်တွေဆီ အာရုံပြောင်းသွားကြပါပြီ။ လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီ တောင်ပံလူ ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊ ပြင်သစ် ချန်ပီယံ ပီအက်စ်ဂျီ ကတော့ လိုက်ပ်ဇစ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ တပတ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီယိုမန်ဒီဟာ စနေနေ့က SC Verl အသင်းကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ပြီး နည်းပြ မာတင် ဒီမီချဲလစ်က နေမကောင်းလို့ ဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် အပြောင်းအရွှေ့ ကောလာဟလတွေ ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တပတ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မက်ဒရစ်ဟာ ဒီယိုမန်ဒီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ မှာတော့ ကလပ် နှစ်ခု အကြား သဘောတူညီမှု အပြီးသတ်ဖို့ နီးစပ်နေပြီလို့ ဆိုကြပါတယ်။
ဒါပေမယ့်လည်း ဒီယိုမန်ဒီဟာ ဩစတြီးယားမှာ ပြုလုပ်နေတဲ့ လိုက်ပ်ဇစ်ရဲ့ လေ့ကျင့်ရေး စခန်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ လူမှုကွန်ရက် အကောင့်တွေ ကလည်း သူ့ကို ကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ် အနေနဲ့ ဒီယိုမန်ဒီကို ခေါ်ယူနိုင်ခဲ့ရင် ပြောင်းရွှေ့ကြေးဟာ ယူရို ၁၃၀ သန်းမှ ယူရို ၁၄၀ သန်း အထိ ရှိလာနိုင်တယ်လို့ ယုံကြည်ရပါတယ်။
ဒီယိုမန်ဒီဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲစဉ်တွေအတွင်း လှည့်ထွက် ကျော်ဖြတ်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့သလို ဂိုးရရှိနိုင်မယ့် အခွင့်အရေး ၁၀ ကြိမ်ထက် မနည်း (၁၀ ကြိမ်) ဖန်တီးပေးနိုင်ခဲ့တာကြောင့် ၁၉၆၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား သမိုင်းမှာ ဒီလို စံချိန်မျိုး ရရှိတဲ့ ဒုတိယမြောက် အာဖရိက ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီယိုမန်ဒီကို ခေါ်ယူမှုဟာ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဗင်နီးစီးယက်စ် ဂျူနီယာနဲ့ ပတ်သက်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အစီအစဉ်တွေကို ထိခိုက်စေမလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဘရာဇီးလ် တောင်ပံကစားသမား ဗင်နီးစီးယက်စ် ကတော့ သူဟာ ၂၀၂၆-၂၇ ရာသီ မစမီ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ သဘောကျမှုကို ရရှိအောင် အာရုံစိုက်နေတယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပေမယ့် သတင်းတွေ အရတော့ သူဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအရ ဆိုရင်တော့ ဒီယိုမန်ဒီဟာ လာလီဂါ ကလပ်နဲ့ ဆေးစစ်မှု ခံယူဖို့လည်း မက်ဒရစ်ဆီ ပျံသန်းလာပြီလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


