ဩစတြီးယားမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ အားနည်းချက်တွေက ထင်းထင်းကြီး ထွက်ပေါ်လာခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားရာ ကနေ ၂ ဂိုးစီနဲ့ သရေကျသွားခဲ့တာကြောင့် နည်းပြသစ် ဟိုဆေး မော်ရင်ညို အတွက်တော့ ရာသီမစမီ ခေါင်းခဲစရာ ကိစ္စတွေ အများကြီး ရှိလာခဲ့ပါတယ်။
ဩစတြီးယားမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ကီလီယန် အမ်ဘာပေး၊ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့လို ထိပ်တန်း ကြယ်ပွင့်တွေ ပါဝင်လာခြင်း မရှိခဲ့ပေမယ့် ထရန့် အလက်ဇန္တား အာနိုးလ်၊ ဖီဒီ ဗယ်လ်ဗာဒီနဲ့ အာဒါ ဂူလာ တို့လို ပွဲထွက် ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အတွက် ပွဲကို အရှိန်ကောင်းကောင်းနဲ့ စတင်ပေးခဲ့တာ ကတော့ အသင်းရဲ့ လူငယ်ကစားသမားတွေပဲ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အန်းဒရစ်ခ်က ပွဲချိန် ၁၂ မိနစ်မှာ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး ၁၈ နှစ် အရွယ် ကတ်စတီလာထွက် လူငယ် ကြယ်ပွင့် အလက်ဆစ် စီရီယာက ၂၄ မိနစ်မှာ ဒုတိယဂိုး သွင်းယူပေးခဲ့တာကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲမှာ လာလီဂါ ကလပ်ရဲ့ အားနည်းချက်ဟောင်းကြီးက ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ ခင်းကျင်းထားတဲ့ ခံစစ် အမှားတွေကြောင့် ဖီအိုရင်တီးနား အသင်းဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တစ်ဂိုးစီ ပြန်လည် သွင်းယူသွားခဲ့ပြီး မိနစ် ၆၀ မတိုင်မီမှာပဲ ၂-၂ ဖြစ်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီကလိုပဲ လော့စ်ဘလန်ကိုတို့ ဒုတိယပိုင်းမှာ ဂိုးထပ် မသွင်းနိုင်ခဲ့တာကြောင့် အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။
မော်ရင်ညို အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အခြေအနေ အရပ်ရပ်ကို ပွဲဦးထွက်မှာတင် လက်တွေ့ကြုံလိုက်ရပြီ ဖြစ်ပြီး ဒီရာသီ ဘာနေဗျူးမှာ သူ ဘာတွေ ရင်ဆိုင်ကိုင်တွယ်ရမလဲ ဆိုတာ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ်။
၁။ ဒန်ဇဲလ် ဒမ်းဖရီးစ်ထက် ပိုမို တောက်ပခဲ့တဲ့ ထရန့် အလက်ဇန္တား အာနိုးလ်
ဒန်ဇဲလ် ဒမ်းဖရီးစ်ဟာ စနေနေ့က အသင်း အတွက် မထင်မှတ်ဘဲ ညာတောင်ပံနေရာမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး ထရန့် အာနိုးလ် ကတော့ ညာနောက်ခံနေရာမှာပဲ ဆက်လက် တာဝန်ယူခဲ့ပါတယ်။ ဒမ်းဖရီးစ်ကို သူ မကျွမ်းကျင်တဲ့ နေရာမှာ ကစားခိုင်းခဲ့တာမို့ အကဲဖြတ်ရတာ နည်းနည်း မတရားသလို ဖြစ်နိုင်ပေမယ့် ညာဘက် ကွင်းလယ်ပိုင်းကို ဆင်းကစားပေးချိန် မှာတောင် တတ်နိုင်သလောက်ပဲ ပုံမှန်ခြေစမ်း ပြသနိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ ခံစစ်ပိုင်းမှာ တောင့်တင်းပြီး ဘောလုံးထိန်းချုပ်မှု ကောင်းမွန်ပေမယ့် တိုက်စစ်လိုက်ပါမှု အပိုင်း မှာတော့ သက်ရောက်မှု မရှိခဲ့ဘဲ ကြံ့ခိုင်မှု အပိုင်း မှာလည်း လိုအပ်ချက်တွေ တွေ့မြင်ခဲ့ရပါတယ်။
တစ်ဖက် မှာလည်း အာနိုးလ်က ပထမပိုင်းမှာ ပွဲကို စိတ်ကြိုက် ထိန်းချုပ် ကစားသွားခဲ့တာကြောင့် ဒမ်ဖရီးစ် အတွက် ပေါ်လွင်ဖို့ ပိုခက်သွားခဲ့တာပါ။ လီဂါနက်စ်နဲ့ ပွဲစဉ်ကလိုပဲ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ ပေးပို့မှု စွမ်းရည်တွေကို အပြည့်အဝ ပြသသွားခဲ့ပါတယ်။ ပစ်မှတ်ဆီ တိတိကျကျ ရောက်သွားတဲ့ အဝေးဘော ပေးပို့မှုတွေတင် မကဘဲ စီရီယာရဲ့ ဂိုးအတွက် ပါးပါးလေး ဖန်တီးပေးခဲ့ပုံတွေဟာ ရီးရဲလ်မက်ဒရစ် လိုအပ်နေတဲ့ ကစားကွက် ဖန်တီးရှင် တစ်ယောက်ရဲ့ ပုံစံမျိုး ပါပဲ။

လစ်ဗာပူးလ် ကြယ်ပွင့်ဟောင်းဟာ ကွင်းအတွင်း လွတ်လပ်စွာ လှုပ်ရှားခွင့်ရခဲ့တာကြောင့် ကစားကွက် တည်ဆောက်ရာမှာ ပါဝင်ဖို့ ကွင်းလယ် အထိ မကြာခဏ ဆင်းကစားခဲ့ပါတယ်။ ဒါ့အပြင် တန်ပြန် တိုက်စစ်တွေ မှာလည်း မြန်မြန်ဆန်ဆန် ပါဝင်ပေးခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်မှု အပြည့် ရှိနေချိန်မှာ အသင်း အတွက် ဘာတွေ ဆောင်ကြဉ်းပေးနိုင်သလဲ ဆိုတာ ပရိသတ်တွေကို ချပြသွားခဲ့ပါတယ်။
ဖီအိုရင်တီးနားရဲ့ ဒုတိယဂိုး မှာတော့ အာနိုးလ် ကာကွယ်ပုံ ဒီထက်ပိုကောင်းခဲ့သင့်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒါကတော့ အာနိုးလ်ကို လူစာရင်းမှာ သုံးရင် ရင်းနှီးရမယ့် အပေးအယူ တစ်ခုပါပဲ။ လာမယ့် ရက်သတ္တပတ်တွေမှာ မော်ရင်ညို အနေနဲ့ ဒီလို အပေးအယူမျိုးကို ဆက်လက် လက်ခံသွားမလား၊ ဒါမှမဟုတ် ညာခြမ်းကို ထိန်းချုပ်ဖို့ ဒမ်ဖရီးစ်ကို ပြောင်းလဲ အားကိုးမလား ဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၂။ အန်းဒရစ်ခ်ရဲ့ သက်သေပြပွဲ
လွန်ခဲ့တဲ့ နှစ်ရက်က ရီးရဲလ်မက်ဒရစ်ဟာ ဂွန်ဇာလို ဂါစီယာကို ဖူလ်ဟမ် အသင်းထံ ရောင်းချဖို့ သဘောတူညီခဲ့တာကြောင့် အန်းဒရစ်ခ် အတွက် အမ်ဘာပေးရဲ့ ဒုတိယ တိုက်စစ်မှူး ဖြစ်လာဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ ဒါပေမယ့် နာရီပိုင်း အကြာမှာပဲ အသင်းက လီဗန်တေး အသင်းက အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူး ကားလို့စ် အက်စ်ပီကို ထပ်မံ ခေါ်ယူလိုက်တာကြောင့် အန်းဒရစ်ခ် အနေနဲ့ ပွဲထွက်ခွင့် နေရာ အတွက် မထင်မှတ်ထားတဲ့ ပြိုင်ဆိုင်မှုနဲ့ ပြန်လည် ရင်ဆိုင်လိုက်ရပါတယ်။
ဖိအားတွေ မြင့်တက်လာချိန်မှာပဲ ဘရာဇီးလ် လူငယ်လေးဟာ လာမယ့် ရာသီမှာ နည်းပြရဲ့ အရန်ခုံက ပထမဆုံး ရွေးချယ်မှု ဖြစ်သင့်ကြောင်း မော်ရင်ညိုကို ချက်ချင်း သက်သေပြခဲ့ပါတယ်။ အန်းဒရစ်ခ် အနေနဲ့ ဂိုးသွင်းယူဖို့ ၁၂ မိနစ်ပဲ အချိန်ယူခဲ့ရတာပါ။ သူဟာ အဲလ်ဗားရိုး ကာရီးရက်စ် ဆီကနေ ဘောလုံး ဘယ်နေရာရချင်သလဲ ဆိုတာ လက်ညှိုးထိုးပြခဲ့ပြီး၊ ပြေးလမ်းကြောင်း ပြင်ကာ ထွက်လာတဲ့ ဘောလုံးကို တစ်ချက် ထိပြီး ဒိုင်ဗင်ထိုးကာ ဂိုးထောင့်ထဲ တိတိကျကျ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဘယ်ခြေစွမ်း အပြင် အန်းဒရစ်ခ်ဟာ ချီးကျူးစရာ ကောင်းတဲ့ ကြိုးစားအားထုတ်မှု ကိုပါ ပွဲအတွင်း ပြသခဲ့ပါတယ်။ အသင်းရဲ့ ပုံမှန် ပွဲထွက် တိုက်စစ်မှူးတွေနဲ့ မတူတာကတော့ သူဟာ ပြိုင်ဘက်ကို ဖိအားပေး လိုက်လုသလို ခံစစ် အထိပါ ပြန်ဆင်း ကူပေးခဲ့တာမို့ မော်ရင်ညို အနေနဲ့ သတိမပြုမိဘဲ နေနိုင်မှာ မဟုတ်တာ သေချာပါတယ်။ နောက်ပိုင်းမှ လူစားဝင်လာတဲ့ အက်စပီ ကတော့ ကွင်းတွင်း ဝင်ရောက်ကစားခဲ့တဲ့ ၁၅ မိနစ် အတွင်း ဘာမှ လုပ်မပြနိုင်ခဲ့ပဲ ဘောလုံး ၆ ကြိမ်ပဲ ထိခွင့်ရခဲ့ပါတယ်။
ကြယ်ပွင့်လူငယ်တွေရဲ့ ခြေစွမ်း ကွဲပြားမှု
ကမ္ဘာ့ဖလား အပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲထွက် ကစားသမား အများအပြား အနားယူနေရဆဲ ဖြစ်တာကြောင့် လူငယ် အမြောက်အမြားဟာ ဖီအိုရင်တီးနားနဲ့ ပွဲမှာ ခြေစွမ်းပြခွင့်ရခဲ့ပါတယ်။ ကက်စတီလာ ရဲ့ ကြယ်ပွင့် စီရီယာ ကတော့ ပထမပိုင်းမှာတင် ညာခြေနဲ့ ပြင်းထန်လှတဲ့ ဂိုးကို သွင်းယူပြီး အသင်း အတွက် ဦးဆောင်ဂိုးကို အရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၉ နှစ် အရွယ် ဗဟိုခံစစ်မှူး မာရီယို ရီးဗက်စ် ကတော့ အလားတူ အောင်မြင်မှုမျိုး မရရှိခဲ့ပါဘူး။ ဖီအိုရင်တီးနားရဲ့ ဂိုး နှစ်ဂိုးလုံးမှာ သူ့ရဲ့ နေရာယူ မှားယွင်းမှုတွေ ပါဝင်နေခဲ့တာပါ။ ပထမဂိုးမှာ နေရာယူပုံ လွဲမှားခဲ့လို့ ရော်ဘတ်တို ပစ်ကိုလီကို ဂိုးသွင်းခွင့် ပေးခဲ့ရသလို၊ ဒုတိယဂိုး မှာလည်း မွိုက်စ် ကင်းန်ကို အပိုင် ခေါင်းတိုက်ခွင့် ပေးလိုက်ရပါတယ်။
ဘယ်နောက်ခံလူ ကာရီးရက်စ် ဆီက ကူညီမှု မရတာကလည်း ပြဿနာကို ပိုဆိုးစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလိုပဲ ဘယ်နောက်ခံလူဟာ ဘောလုံး ကိုပဲ ငေးကြည့်နေခဲ့ပြီး အဲလက်စ် ဟင်မီနက်ဇ်က ပစ်ကိုလီထံ ဘောလုံး ပို့ပေးချိန်မှာ ရပ်ကြည့်နေခဲ့တာပါ။ အဲဒီနောက် ဖြေးဖြေးချင်း ပြန်ပြေးလာခဲ့တာကြောင့် ပစ်ကိုလီ ဂိုးသွင်းယူတာကို အနီးကပ် စောင့်ကြည့်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။
သတင်းကောင်း တစ်ခု ကတော့ ကမ္ဘာ့ဖလား ချန်ပီယံ မာခ် ကူကူရယ်လာဟာ မကြာမီ ဘယ်နောက်ခံနေရာကို လွှဲပြောင်း ရယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းဆိုး ကတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်မှာ ဗဟိုခံစစ် ပြဿနာ ရှိနေဆဲဆိုတာ ထင်ရှားနေတာပါပဲ။ စနေနေ့ ပွဲစဉ်မှာ ပထမ အသင်းကြီးက ဗဟို ခံစစ်မှူး တစ်ယောက်မှ မပါဝင်နိုင်ခဲ့တဲ့ မော်ရင်ညို အနေနဲ့ ဒဏ်ရာရ လွယ်ပြီး ခြေစွမ်း မတည်ငြိမ်တဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ အတွက် စိတ်ချရတဲ့ နောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ အပြောင်းအရွှေ့ ဈေးကွက်ထဲ ပြန်လည် ဝင်ရောက်လာဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


