ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အသင်း ပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်ရဲ့ အသုံးစရိတ်လျှော့ချရေး အစီအစဉ်တွေဟာ အောင်မြင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ ရင်းနှီးမှုတွေ ကတော့ တော်တော်လေး ရုပ်ဆိုးလွန်းနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ Sports Illustrated က ဖော်ပြခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကို SBOTOP ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးချင်ပါတယ်။
၁။ ငွေကြေးအကျိုးအမြတ်နဲ့ အသုံးစရိတ်လျှော့ချမှု
ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၆ လပတ် (ဒီဇင်ဘာ ၃၁ ထိ) အတွက် လုပ်ငန်း လည်ပတ်မှု အမြတ်ငွေ ပေါင် ၃၃ သန်းခန့် ရရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလက ပေါင် ၃.၉ သန်း ရှုံးနိမ့်ခဲ့တာထက်စာရင် သိသိသာသာ တိုးတက်လာတာ ဖြစ်ပြီး စီအီးအို အိုမာ ဘာရာဒါ ကလည်း ဒါဟာ အသင်းရဲ့ ပြုပြင်ပြောင်းလဲမှု အောင်မြင်တာလို့ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။
၂။ ဝန်ထမ်းတွေ အပေါ် ရက်စက်စွာ အရေးယူခြင်း
“ ကုန်ကျစရိတ် လျှော့ချခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသင်း အတွက် နှစ်ပေါင်းများစွာ အလုပ်ကျွေးပြုခဲ့တဲ့ ဝန်ထမ်းပေါင်း များစွာ ပေးဆပ်ခဲ့ရပါတယ်။ ဆာဂျင်မ် ရက်ကလစ်ဖ် ရောက်လာပြီး ၂ နှစ် အတွင်း ကစားသမား မဟုတ်တဲ့ ဝန်ထမ်းပေါင်း ၄၅၀ ခန့် အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေ အတွက်လည်း နေ့လယ်စာ ကျွေးမွေးတာမျိုးလို ခံစားခွင့်တွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ခဲ့ခြင်းရဲ့ ဆိုးကျိုး ကတော့ ယူနိုက်တက်ဟာ အလုပ်သမား လူတန်းစားတွေ တည်ထောင်ခဲ့တဲ့ “ မိသားစုကလပ်” အဖြစ် ဂုဏ်ယူလေ့ ရှိပေမယ့် အခုအခါမှာတော့ “ပျော်ရွှင်မှုတွေ စစ်ထုတ်ခံထားရတဲ့ ဝိညာဉ်မဲ့ မိသားစုကြီး” အဖြစ် ဝေဖန်ခံနေရပါတယ်။
၃။ ကစားသမား လစာနဲ့ ဝန်ထမ်းစရိတ် နှိုင်းယှဉ်ချက်

ဝန်ထမ်း အင်အား လျှော့ချလိုက်လို့ ၃ လ အတွင်း သက်သာသွားတဲ့ ပေါင် ၇.၄ သန်းဟာ ကစားသမား တစ်ဦး ဖြစ်တဲ့ မေဆန် မောင့်ရဲ့ ၆ လစာ လစာနှုန်းထားလောက်သာ ရှိနေပါတယ်။ မောင့်ဟာ ဒဏ်ရာကြောင့် ပွဲထွက် ကစားခွင့် နည်းပါးပြီး အသင်း အတွက် ထိရောက်မှု မရှိသလောက် ဖြစ်နေချိန်မှာ သူ့ရဲ့ လစာ ၂ ကြိမ်စာ အတွက်နဲ့ သာမန် ဝန်ထမ်း ရာပေါင်း များစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာပါ။
၄။ အမှားမှားအယွင်းယွင်း စီမံခန့်ခွဲမှုတွေနဲ့ ကုန်ကျစရိတ်များ
ပရီးမီးယားလိဂ် ကလပ်ဟာ ဝန်ထမ်းတွေ အပေါ် စရိတ်လျှော့ချနေပေမယ့် တစ်ဖက်မှာ အသင်းရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် ငွေကြေး အမြောက်အမြား ဆုံးရှုံးခဲ့ရပါတယ်။ အဓိက ကတော့ နည်းပြ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဲရစ်ခ် တန်ဟတ်ဂ်ကို ထုတ်ပယ်ပြီး ရူဘင် အမော်ရင်နဲ့ အစားထိုးဖို့ အတွက် ပေါင် ၂၁.၄ သန်း ကုန်ကျခဲ့ပါတယ်။ နောက်ပြီး အားကစားဒါရိုက်တာ အရှုပ်တော်ပုံ ဖြစ်ပါတယ်။ ဒန် အက်ရှ် ဝေါ့သ်ကို ခန့်အပ်ဖို့နဲ့ ပြန်ထုတ်ဖို့ အတွက်တင် ပေါင် ၄.၁ သန်း ထပ်မံ ကုန်ကျခဲ့ပါတယ်။
ဒီအခြေအနေမှာ အမော်ရင်ရဲ့ ကျရှုံးမှု ကလည်း အကြောင်းပြချက် တစ်ခု အဖြစ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ အမော်ရင် လက်ထက် ၁၃ လအကြာမှာ အသင်းရဲ့ ၅၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီကို ဖြတ်သန်းခဲ့ရပြီး သူလည်းပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့ကို လျော်ကြေးပေးရမှု အပါအဝင် စုစုပေါင်း ခန့်အပ်/ထုတ်ပယ် စရိတ်ဟာ ပေါင် ၂၇ သန်း ခန့် ရှိခဲ့ပါတယ်။
၅။ ဝင်ငွေကျဆင်းလာမှု
ကွင်းပြင်ပမှာ စရိတ်လျှော့ချနေပေမယ့်လည်း ကွင်း အတွင်း ခြေစွမ်း ညံ့ဖျင်းမှုကြောင့် ယူနိုက်တက်ရဲ့ ဝင်ငွေတွေ ကျဆင်းလာနေပါတယ်။ စပွန်ဆာသစ်တွေ မရရှိခြင်းနဲ့ လက်ရှိ စပွန်ဆာ တချို့ လက်တွဲဖြုတ်ခြင်း တို့ကြောင့် စီးပွားရေး အရ ဝင်ငွေ ၄.၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။
နောက်ပြီး ချန်ပီယံလိဂ် မကစားရတာကြောင့် ဝင်ငွေ အများအပြား ဆုံးရှုံးခဲ့ရသလို၊ ဒီရာသီမှာ ပြည်တွင်းဖလားပွဲတွေ ကနေ စောစောစီးစီး ထွက်ခဲ့ရတာကြောင့်လည်း ကွင်းဝင်ကြေး ဝင်ငွေတွေလည်း လျော့နည်းသွားပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ယူနိုက်တက်က စုစုပေါင်း ပွဲ ၄၀ သာ ကစားရမှာ ဖြစ်ပြီး ဒါဟာ ၁၉၁၄-၁၉၁၅ ရာသီ နောက်ပိုင်း နှစ်ပေါင်းတစ်ရာကျော် အတွင်း အတိုတောင်းဆုံး ရာသီ ဖြစ်လာပါတယ်။
ဒါကတော့ ယူနိုက်တက်တို့ နောက်ပိုင်း နှစ်တွေ အတွင်းမှာ ကွင်းတွင်း၊ ကွင်းပြင်ပ ရုန်းကန်နေရမှုတွေ ဖြစ်ပါတယ်။ အခုတော့ ယူနိုက်တက်က ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်နဲ့ အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စပြုလာပြီး လာမယ့် ရာသီ အရေးကြီးတဲ့ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့လည်း အခြေအနေကောင်းနေပါတယ်။
ဒါပေမယ့်လည်း အသင်း တစ်သင်း အစအဆုံး ပြန်လည် တည့်မတ်ဖို့ အတွက် ဆိုရင်တော့ ပြင်ဆင်ရမှာတွေ၊ တည်ဆောက်ရမှာတွေက အများကြီးပါပဲ။ ဒီတော့ ယူနိုက်တက်တို့ အချိန်တိုတွင်းမှာ အရင်လို ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးမှု အကြီးမားဆုံး ကလပ် အဖြစ် ပြန်လည် ရပ်တည်နိုင်မလား ဆိုတာ စောင့်ကြည့်ရုံက လွဲလို့ တခြားမရှိပါဘူး။
မန်ချက်စတာယူနိုက်တက်ရဲ့ ဘဏ္ဍာရေး စာရင်းတွေမှာ အမြတ်ပြနေတာဟာ တကယ်တမ်း မှာတော့ အောက်ခြေ ဝန်ထမ်းတွေကို အလုပ်ထုတ်ပြီး ရယူထားတဲ့ အမြတ်တွေသာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ပြဿနာဖြစ်တဲ့ ကွင်းအတွင်း ခြေစွမ်းညံ့ဖျင်းမှုနဲ့ စီမံခန့်ခွဲသူတွေရဲ့ အမှားတွေကို မပြင်နိုင်သရွေ့ ယူနိုက်တက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဝင်ငွေလမ်းကြောင်းဟာ ဆက်လက် ကျဆင်းနေဦးမယ် ဆိုတာ ကတော့ အသေအချာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


