၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ အိမ်မက်ဆိုးနဲ့ စတင်ခဲ့ရတဲ့ တောင်အာဖရိက အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ တောင်ကိုရီးယားကို အနိုင်ယူပြီး ၃၂ သင်း အဆင့်ကို ဂုဏ်ယူစွာနဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
Estadio Monterreyမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ တောင်အာဖရိက အသင်းဟာ တောင်ကိုရီးယားကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ အုပ်စုအဆင့်ကို ပထမဆုံးအကြိမ် အဖြစ် ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ တောင်အာဖရိကရဲ့ တိုက်စစ် ကစားသမား သာပီလို မာဆီကိုက သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် တောင်အာဖရိကဟာ ရမှတ် ၄ မှတ်နဲ့ အုပ်စု (A) ရဲ့ ဒုတိယနေရာကို အပိုင် သိမ်းနိုင်ခဲ့ပါတယ်။ တစ်ဖက်က တောင်ကိုရီးယား ကိုတော့ အုပ်စု တတိယနေရာနဲ့ အတူ ကမ္ဘာ့ဖလား နောက်ဆင့် တက်ဖို့ အတွက် ရင်တမမနဲ့ စောင့်ဆိုင်းရမယ့် အခြေအနေဆီ တွန်းပို့လိုက်ပါတယ်။
ပွဲစစချင်း မိနစ်ပိုင်း မှာတော့ တောင်ကိုရီးယားတို့ အခွင့်အရေး ပိုရခဲ့ပါတယ်။ ပွဲချိန် ၂ မိနစ်မှာတင် နာမည်ကျော် နောက်ခံလူ ကင်မင်ဂျေးရဲ့ ခေါင်းတိုက်ချက်ကို တောင်အာဖရိက နောက်ခံလူ အော်ဘရီ မိုဒီဘာက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်ခဲ့ရသလို၊ လီကန်အင်ရဲ့ ကန်ချက် ကလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ပွဲအရှိန်က တောင်အာဖရိက ဘက်ကို ရောက်လာခဲ့ပါတယ်။ မာဆီကို၊ အမ်ဘာသာနဲ့ မာကိုပါ တို့ရဲ့ အန္တရာယ်ရှိတဲ့ ကန်ချက်တွေကို တောင်ကိုရီးယား ဂိုးသမား ကင်ဆန်ဂျူးက အကြိမ်ကြိမ် လက်စွမ်းပြ ကာကွယ်ခဲ့ရလို့ ပထမပိုင်း မှာတော့ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ တောင်အာဖရိကတို့ မျှော်လင့်ချက် ရှင်သန်စေမယ့် အဖိုးတန်ဂိုးကို ရရှိသွားခဲ့ပါတယ်။ မိုရီမီက ညာခြမ်း ကနေ ပေးပို့လိုက်တာကို မာဆီကို က အမိအရ ထိန်းပြီး ဂိုးပေါက်ရဲ့ ညာဘက်အောက်ထောင့်ထဲကို အပိုင်ကန်သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း တောင်ကိုရီးယား အသင်းဟာ ချေပဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် ဆွန်ဟောင်မင်နဲ့ ဆောယောင်ဝူး တို့ရဲ့ အဝေးကန်ချက်တွေက တောင်အာဖရိကဂိုးသမား ရွန်ဝမ် ဝီလျံစ်ကို ရင်မခုန်စေခဲ့ဘဲ ပတ်ဂျင်ဆော့ရဲ့ ခေါင်းတိုက်ချက် ကိုလည်း ဝီလျံစ် ကပဲ အလွယ်တကူ ဖမ်းယူနိုင်ခဲ့တာကြောင့် နည်းပြ ဟူဂို ဘရုစ်ရဲ့ တောင်အာဖရိက အသင်း သမိုင်းဝင် နိုင်ပွဲကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
အုပ်စု ပထမ ပွဲစဉ်မှာ မက္ကဆီကိုအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အနီကတ် ၂ ကတ် အထိ ပြသခံခဲ့ရတာကြောင့် တောင်အာဖရိက အသင်း ရှုံးထွက်ဆင့်တက်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ စိတ်ဓာတ်မကျဘဲ ချက် အသင်းကို နောက်ကျ ချေပဂိုးနဲ့ သရေ ကစားနိုင်ခဲ့သလို၊ အခု တောင်ကိုရီးယား ကိုပါ အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အဓိကကစားသမား မာဆီကိုဟာ ပွဲအတွင်း ကန်သွင်းခွင့် ၅ ကြိမ်၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိချက် ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီသွင်းဂိုးဟာ ၂၀၁၀ ပြည့်နှစ် တောင်အာဖရိက ကမ္ဘာ့ဖလားတုန်းက ပြင်သစ် အသင်းကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုမှာ တောင်အာဖရိကအသင်း ပထမဆုံးအကြိမ် ဦးဆောင်ဂိုး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယား အသင်း ကတော့ ဒီပွဲမှာ ကန်သွင်းခွင့် ၈ ကြိမ်သာ ရရှိခဲ့ပြီး အုပ်စု ထိပ်ဆုံး နှစ်နေရာ ဝင်ဖို့ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒါပေမယ့် နည်းပြ ဟွန်မြောင်ဘိုရဲ့ ကိုရီးယား အသင်း အတွက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တက်ဖို့ မျှော်လင့်ချက် လုံးဝကြီး ပြတ်သွားတာတော့ မဟုတ်သေးပါဘူး။ လက်ရှိမှာ သူတို့ဟာ ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက် (-၁) နဲ့ အုပ်စု တတိယရတဲ့ အသင်းတွေထဲမှာ စတုတ္ထမြောက် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။ ဒီပြိုင်ပွဲစနစ်အရ အုပ်စု ၁၂ စုက တတိယရတဲ့ အသင်းတွေထဲက အကောင်းဆုံး ၈ သင်းဟာ ၃၂ သင်း အဆင့် ရှုံးထွက် ပွဲစဉ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်တာကြောင့် တောင်ကိုရီးယား အသင်း အနေနဲ့ ကျန်တဲ့ အုပ်စုပွဲစဉ်တွေရဲ့ ရလဒ်ကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


