ပြီးခဲ့တဲ့ တပတ်က ခရိုအေးရှားကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားပုံက တကယ်ကို ထက်မြက်လွန်းခဲ့တာမို့၊ နည်းပြ သောမတ်စ် တူဟယ်လ် အနေနဲ့ ကစားသမားတွေရဲ့ ဒီလို လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့ စိတ်ဓာတ်ကို လုံးဝ အထိခိုက်မခံချင် ဖြစ်နေပါတယ်။ ဒါကြောင့် သူက ကမ္ဘာ့ဖလား နောက်တစ်ဆင့်တက်ဖို့ သေချာအောင် ကြိုးပမ်းနေတဲ့ အင်္ဂလန်ကို အခုလို လွတ်လွတ်လပ်လပ် စီးမျော ကစားတဲ့ ပုံစံအတိုင်း ဆက်သွားကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။
အင်္ဂလန် အသင်းဟာ ဘော့စတွန် အားကစားကွင်းမှာ ကစားမယ့် ဂါနာနဲ့ ပွဲမှာသာ အနိုင်ရခဲ့ရင် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် ပွဲစဉ်မှာ ခရိုအေးရှားက ပနားမားကို မရှုံးဘူး ဆိုရင် အင်္ဂလန်တို့ အုပ်စု L ရဲ့ ပထမနေရာနဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာသွားမှာပါ။
အင်္ဂလန် အသင်းဟာ ၁၉၈၂၊ ၂၀၀၆၊ ၂၀၁၈ ခုနှစ်တွေတုန်းက လိုပဲ ကမ္ဘာ့ဖလား အဖွင့် ၂ ပွဲစလုံးကို အနိုင်ရတဲ့ မှတ်တမ်းကောင်းကို စတုတ္ထအကြိမ်မြောက် အဖြစ် ထပ်မံ ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ ခရိုအေးရှားနဲ့ ပွဲတုန်းက တော်တော်လေး ကောင်းမွန်တဲ့ တိုက်စစ် ကစားပုံကို ပြသနိုင်ခဲ့လို့ အခုပွဲ အတွက်လည်း ယုံကြည်မှု အပြည့် ရှိနေတာပါ။
အဲဒီပွဲမှာ ဟယ်ရီကိန်းက ၂ ဂိုးသွင်းခဲ့ပြီး ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ မားကတ်စ် ရက်ရှ်ဖို့ဒ် တို့ကလည်း ဂိုးတွေ အသီးသီး သွင်းယူခဲ့ကြပါတယ်။ ခံစစ်ပိုင်းမှာ နည်းနည်း ယိမ်းယိုင်တဲ့တဲ့ အခိုက်အတန့် တချို့ ရှိခဲ့ပေမယ့်လည်း တူချယ် ကတော့ သူ့အသင်းရဲ့ ချဉ်းကပ်ပုံ နည်းဗျူဟာကို အများကြီး ပြောင်းလဲပစ်ဖို့ ဝန်လေးနေပါတယ်။

တူချယ်က “ကျွန်တော် ကတော့ အရမ်းကို ပျော်စရာကောင်းပြီး ကံကောင်းတဲ့ နည်းပြ တစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ ကစားသမားတွေက ဒီလို နိုင်လိုစိတ်မျိုး အဆင်သင့် ရှိနေပြီးသားမို့ ကျွန်တော်က အထူးတလည် ပြင်ဆင်ပေးစရာ မလိုခဲ့လို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
“အခု လောလောဆယ် ခက်ခဲတာက သူတို့ကို ဒီစိတ်ဓာတ်အတိုင်း ဆက်ထိန်းထားနိုင်ဖို့ပါပဲ။ နာမည်ကြီး တေးဂီတအဖွဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ အဆိုအမိန့်တစ်ခု ရှိတယ်ဗျ၊ ‘သူဟာ တေးဂီတ ကိုလည်း အနှောင့်အယှက် မဖြစ်စေချင်သလို၊ ဂီတပညာရှင်တွေ ကိုလည်း မနှောင့်ယှက်ချင်ဘူး’ တဲ့။ အဲဒါကပဲ ကျွန်တော်တို့ နည်းပြအဖွဲ့ ကွင်းထဲမှာ လုပ်ဖို့ ကြိုးစားနေတဲ့ အရာပါပဲ။ ကျွန်တော်တို့ ကစားသမားတွေ ကိုလည်း အနှောင့်အယှက် မပေးဘူး၊ ပွဲကစားပုံကိုလည်း သွားပြီး မဖျက်ဆီးဘူး။ သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ စိတ်ကြိုက် ကစားဖို့ပဲ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် တိုက်စစ်ဆင်တဲ့ နေရာတွေမှာပေါ့။” လို့ တူချယ်က ဆိုပါတယ်။
ဆက်လက်ပြီး တူချယ်က “လက်ရှိမှာ အားလုံးက အတူတူ စုပေါင်း တိုက်စစ်ဆင်ကြတဲ့ စိတ်ဓာတ်ရှိနေတာက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ ခရိုအေးရှားနဲ့ ပွဲ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဒါကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး ပြိုင်ဘက်ကို အပေါ်စီးကနေ အမြဲတမ်း ဖိအားပေး (High Press) ကစားနိုင်ခဲ့တာပါ။ ဘောလုံးပွဲ ဆိုတာ သူ့အလိုလို အဖြေထွက်လာမှာမို့ ဘာဖြစ်မလဲ ဆိုတာ ကြိုပြောလို့မရပါဘူး။ ဒါပေမယ့် ဂါနာရဲ့ ကစားဟန်က ခရိုအေးရှားနဲ့ မတူတာမို့ ပွဲကတော့ တစ်မျိုး ကွဲပြားသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကွင်းထဲမှာ ကြုံတွေ့ရမယ့် ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေရပါမယ်။” လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


