ဒီနွေရာသီ မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ကတော့ ကမ္ဘာတဝှမ်းက ကစားသမားတွေ အတွက် သူတို့ရဲ့ အစဉ်အလာကို ရေးထိုးရမယ့် ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လီယွန်နယ် မက်ဆီဟာ ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲပြီးမှသာ သမိုင်းတစ်လျှောက် အကောင်းဆုံး အဖြစ် သတ်မှတ်ခံခဲ့ရသလို အခု ပြိုင်ပွဲ ကလည်း ကြယ်ပွင့်သစ်တွေ အတွက် အခွင့်အရေး တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
လက်ရှိခြေစွမ်းကို အခြေခံပြီး ရွေးချယ်ထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ မြင်တွေ့ရမယ့် အကောင်းဆုံး ကစားသမား (၁၀) ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁၀။ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ (ဥရုဂွေး)
အဲလ်ဗာရို အာဘီလိုအာ လက်ထက်မှာ သူ့ရဲ့ ခြေစွမ်းစစ်စစ်ကို ပြန်လည် ရှာဖွေတွေ့ရှိထားသူ ဖြစ်ပါတယ်။ ကွင်းလယ် တစ်ခုလုံးကို လှည့်ပတ်ကစားနိုင်ပြီး တိုက်စစ်ရော ခံစစ်မှာပါ အားကိုးရတဲ့ ဗယ်လ်ဗာဒီက မာဆယ်လို ဘီရဲလ်ဆာရဲ့ ဥရုဂွေး အတွက် အဓိက နှလုံးသည်းပွတ် ဖြစ်လာပါဖို့ ရှိနေပါတယ်။
၉။ ရာဖင်ညာ (ဘရာဇီးလ်)
ဘာစီလိုနာရဲ့ ဖလား သုံးလုံး အောင်မြင်မှုမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ အကောင်းဆုံး ပုံစံ ရနေပြီး၊ ဘရာဇီးလ် အသင်းကို နည်းပြ အန်ဆယ်လော့တီက ဦးဆောင်မယ့် ဒီပြိုင်ပွဲမှာ ရာဖင်ညာရဲ့ ဂိုးဖန်တီးမှုနဲ့ အဆုံးသတ်နိုင်စွမ်းက အရေးပါလာမှာ အသေချာပါပဲ။
၈။ အာလင်း ဟာလန်း (နော်ဝေ)
ဂိုးသွင်းစက် အာလင်း ဟာလန်းက အခုနှစ် အနည်းငယ် အတွင်း ခြေစွမ်း အနည်းငယ် ကျဆင်းနေပေမယ့်လည်း နော်ဝေကို ၂၁ ရာစုအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ပြင်သစ်၊ ဆီနီဂေါ တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့်လည်း ဟာလန်းသာ ဂိုးသွင်းခြေ ပြန်ရလာရင်တော့ ဘယ်အသင်းကိုမဆို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။
၇။ ဗင်နီးစီးယပ်စ် ဂျူနီယာ (ဘရာဇီးလ်)
ရီးရဲလ်မက်ဒရစ် စူပါစတား ဗင်နီးစီးယပ်စ်က ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခု ရယူဖို့ စောင့်ဆိုင်းနေသူ ဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားပြီး၊ ၂၄ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလား ဆုဖလားကို ဘရာဇီးလ်ဆီ ပြန်ယူပေးရန် သူ့မှာလည်း တာဝန်ရှိနေပါတယ်။
၆။ မိုက်ကယ် အိုလီဆေး (ပြင်သစ်)
ဘေယန်မြူးနစ်မှာ ထူးထူးခြားခြား ခြေစွမ်းပြနေတဲ့ မိုက်ကယ် အိုလီဆေးက ဒီရာသီမှာ ဘယ်လွန်ဒေါဆု ရနိုင်လောက်တဲ့ အဆင့် အထိ ခြေစွမ်းပြနေပါတယ်။ ဘယ်ခြေစွမ်းထက်ပြီး နည်းစနစ် ကြွယ်ဝတဲ့ သူ့ ၎င်းကို နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်က ကွင်းလယ် တိုက်စစ် (No.10 Role) နေရာမှာ စမ်းသပ် အသုံးပြုနေပြီး ပြင်သစ် အသင်းရဲ့ အဓိက လက်နက် ဖြစ်လာဖို့ ရှိနေသူပါ။
၅။ ဟယ်ရီကိန်း (အင်္ဂလန်)
အင်္ဂလန် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဟယ်ရီ ကိန်းက ဘေယန်မြူးနစ် မှာလည်း ကမ္ဘာ့အဆင့် ဂိုးသွင်းစွမ်းရည်ကို ပြသနေဆဲ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်ပေမယ့်လည်း ဂိုးသွင်းနိုင်ရုံသာမက ဂိုးဖန်တီးမှု မှာပါ ထူးချွန်တဲ့ ကိန်းက အင်္ဂလန် အသင်းရဲ့ ဆုဖလား မျှော်လင့်ချက် အတွက် အရေးပါဆုံး ဖြစ်နေပါတယ်။
၄။ ပက်ဒရီ (စပိန်)
ဒဏ်ရာ ပြဿနာတွေကို ကျော်ဖြတ်နိုင်ပြီးနောက် ဘာစီလိုနာရဲ့ ကွင်းလယ် ဖန်တီးရှင်က အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဖိအားတွေ ကြားက ရုန်းထွက်နိုင်စွမ်း ရှိပြီး ကွင်းလယ်ကို ထိန်းချုပ်နိုင်တဲ့ ပက်ဒရီက စပိန် အသင်းရဲ့ ကစားကွက် အတွက် မရှိမဖြစ် အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပါတယ်။
၃။ အူစမန် ဒမ်ဘီလီ (ပြင်သစ်)
ပီအက်စ်ဂျီမှာ လူးဝစ္စ အန်နရီကေး လက်အောက်မှာ အရင့်ကျက်ဆုံး ပုံစံကို ပြသနေသူ ဖြစ်ပါတယ်။ ခြေနှစ်ဖက်စလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး တစ်ကိုယ်တော် စွမ်းရည် မြင့်မားတဲ့ ဒမ်ဘီလီက ပြင်သစ် အတွက် တတိယအကြိမ် ကမ္ဘာ့ဖလား ကစားခွင့်ရချိန်မှာ ဘယ်လို စွမ်းဆောင်ပြနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၂။ ကီလီယန် အမ်ဘာပေး (ပြင်သစ်)
ကမ္ဘာ့ဖလား ဆိုတာနဲ့ အမ်ဘာပေးရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို အမြဲတမ်း မြင်တွေ့ရလေ့ ရှိပါတယ်။ ၂၀၁၈ မှာ ချန်ပီယံ ဖြစ်ခဲ့ပြီး ၂၀၂၂ တွင် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ သူက ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ကို ချိုးဖျက်ဖို့ ၄ ဂိုးသာ လိုပါတော့တယ်။ သူ့ရဲ့ အမြန်နှုန်းနဲ့ ဂိုးသွင်း စွမ်းရည်က ပြိုင်ဘက်တွေ အတွက် ထိပ်တန်း အန္တရာယ် ဖြစ်နေပါလိမ့်မယ်။
၁။ လာမင်း ယာမားလ် (စပိန်)

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် အများက သတ်မှတ်လာကြတဲ့ အသက် ၁၈ နှစ် အရွယ် လာမင်း ယာမယ်က ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပါဝင်လာမှာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အကောင်းဆုံး ပုံစံတွေနဲ့ နှိုင်းယှဉ်ခြင်း ခံနေရတဲ့ သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ ပါရမီက အံ့မခန်း ဖြစ်ပါတယ်။ ယာမယ်က ၁၉၈၆ ခုနှစ်က မာရာဒိုနာ သို့မဟုတ် ၂၀၂၂ က မက်ဆီ တို့လို တစ်ကိုယ်တော် ခြေစွမ်းပြကာ စပိန်ကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်မလား ဆိုတာက ရင်ခုန်စရာ ဖြစ်ပါတယ်။
(မှတ်ချက် – အခုဖော်ပြချက်ဟာ ခရစ္စတီယာနို ရော်နယ်ဒို၊ မက်ဆီ၊ ရိုဒရီနဲ့ ဆာလာတို့ ပါဝင်ခြင်း မရှိဘဲ လက်ရှိအချိန်မှာ အမှန်တကယ် ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ကိုသာ အဆင့်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


