နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပေါ်တူဂီ ကမ္ဘာ့ဖလား မရလည်း ရော်နယ်ဒိုက သမိုင်းတစ်လျှောက် အကောင်းဆုံးသာ ဖြစ်တယ်လို့ ဆိုလိုက်တဲ့ မာတီနက်ဇ်

ပေါ်တူဂီ နည်းပြ ရောဘတ်တို မာတီနက်ဇ်က ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဖလား မရရှိခဲ့ရင်တောင် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား (GOAT) အဖြစ် အမြဲ အမှတ်ရနေမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဖလားဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကစားသမားဘဝ တစ်လျှောက် မပြည့်စုံသေးတဲ့ အကြီးမားဆုံး ဆုဖလား ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရော်နယ်ဒိုရဲ့ အဆင့်အတန်း အတွက် အရေးမကြီးဘူးလို့ ပေါ်တူဂီ နည်းပြ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်တာပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့ မဟာ ပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ အတူ ဒီနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်မြောက် အဖြစ် စံချိန်တင် ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ စုစုပေါင်း ၂၂ ပွဲ အထိ ပါဝင်ကစားခဲ့ပေမယ့် ရှုံးထွက်အဆင့် ပွဲစဉ်တွေ မှာတော့ သွင်းဂိုး ၁ ဂိုးမှ မရရှိသေးပါဘူး။

 

ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား မှတ်တမ်းများ

ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား မှတ်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင် သူဟာ ပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုး ၈ ဂိုးလုံးဟာ အုပ်စု အဆင့် ပွဲစဉ်တွေမှာပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ သွင်းဂိုး ၈ ဂိုး ထဲက ၃ ဂိုးဟာ ပင်နယ်တီကနေ ရရှိခဲ့တာပါ။ နှိုင်းယှဉ်ချက်အရ မက်ဆီ ကတော့ ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ၂၁ ကြိမ် (၁၃ ဂိုး သွင်း၊ ဖန်တီးမှု ၈ ကြိမ်) နဲ့ စံချိန်တင်ထားပြီး၊ ၂၀၂၂ ဗိုလ်လုပွဲမှာ အာဂျင်တီးနား အတွက် ၂ ဂိုးသွင်းကာ ပြင်သစ်ကို အနိုင်ရပြီး ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

 

ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အမြင်

ရော်နယ်ဒိုဟာ မက်ဆီလိုပဲ ကမ္ဘာ့ဖလား ရမှသာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရမလား ဆိုတဲ့ မေးခွန်းကို မာတီနက်ဇ်က ပေါ်တူဂီဘောလုံး မဂ္ဂဇင်းတစ်ခုမှာ အခုလို တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုသာ ထာဝရ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောလာတဲ့ ရော်ဘတ်တို မာတီနက်ဇ်

ရော်နယ်ဒိုဟာ မက်ဆီလိုပဲ ကမ္ဘာ့ဖလား ရမှသာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရမလား ဆိုတဲ့ မေးခွန်းကို မာတီနက်ဇ်က ပေါ်တူဂီဘောလုံး မဂ္ဂဇင်းတစ်ခုမှာ အခုလို တုံ့ပြန်ခဲ့ပါတယ်။ “သူဟာ ကမ္ဘာ့ဖလား ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်နေမှာပါ။ နေ့တိုင်း နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ကြိုးစားဖို့ အာရုံစိုက်နေတဲ့ ကစားသမားမျိုး ကျွန်တော့် ဘဝမှာ တစ်ခါမှ မကြုံဖူးပါဘူး။”

“ရော်နယ်ဒိုကို ကျွန်တော် တို့နဲ့ အတူ အမြဲတမ်း ရှိနေစေချင်ပါတယ်။ ဒါဟာ လက်ရွေးစင် အသင်းကို ရောက်လာတဲ့ လူငယ် ကစားသမားတွေကို ကူညီပေးဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ သူ့ရဲ့ ဆန္ဒက နေ့စဉ် နေ့တိုင်း ပိုတော်လာဖို့ပါပဲ။” လို့ ရော်ဘတ်တို မာတီနက်ဇ်က ပြောကြားသွားခဲ့ပါတယ်။

 

လက်ရှိခြေစွမ်းနဲ့ အခန်းကဏ္ဍ

ရော်နယ်ဒိုဟာ ၂၀၂၂ အကုန်မှာ အဲလ်နာဆာကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ် ၉၇ ပွဲမှာ ၉၄ ဂိုး အထိ သွင်းယူထားပါတယ်။ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၁၄၃ ဂိုး သွင်းယူထားပြီး အမျိုးသား ဘောလုံးလောကမှာ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

မာတီနက်ဇ်ဟာ အသက် ၄၁ နှစ် အရွယ် ရော်နယ်ဒိုကို လက်ရှိမှာ ဂိုးသွင်း အဆုံးသတ်သူ အဖြစ် အဓိက အသုံးပြုနေပြီး နောက်ဆုံး ကစားခဲ့တဲ့ လက်ရွေးစင် ပွဲစဉ် ၃၀ မှာ ၂၅ ဂိုး အထိ ရရှိထားတာဟာ “လက်ဆောင် တစ်ခုပဲ” လို့တောင် တင်စားခဲ့ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာတော့ ပေါ်တူဂီက အုပ်စု (K) မှာ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာ တို့နဲ့ အတူ ကစားရမှာ ဖြစ်ပြီး၊ ကျန်တဲ့ တစ်သင်း ကတော့ ပလေးအော့ဖ်ကနေ တက်လာမယ့် (ဒီအာကွန်ဂို၊ ဂျမေကာ သို့မဟုတ် နယူးကယ်လီဒိုးနီးယား) အသင်း ဖြစ်လာမှာပါ။ လက်ရှိ အုပ်စုခွဲမှုအရ ပေါ်တူဂီ အတွက် အနည်းငယ် ခက်ခဲနိုင်တဲ့ အသင်း ဆိုလို့ ကိုလံဘီယာ တစ်သင်းတည်းသာ ရှိနေပြီး ရော်နယ်ဒို အတွက်လည်း ဂိုးသွင်းရ လွယ်ကူနိုင်တဲ့ အသင်းတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်