နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဟေတီကို ဂိုးပြတ် အနိုင်ယူပြီး အုပ်စုဗိုလ် ဖြစ်လာတဲ့ အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် | ကမ္ဘာ့ဖလား

ဘရာဇီးလ် ကတော့ ဟေတီကို ၃-၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ယခုနှစ် ကမ္ဘာ့ဖလား အုပ်စု (C) မှာ ပထမဆုံးနိုင်ပွဲနဲ့ အတူ အုပ်စု ထိပ်ဆုံး နေရာကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီပွဲမှာတော့ နည်းပြ ကာလို အန်ဆယ်လော့တီဟာ အရင်ပွဲက ပွဲထွက် ကစားခဲ့တဲ့ အီဂေါ သီယာဂို နေရာမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာသီးယပ်စ် ကူညာကို အစားထိုး ပွဲထွက်စေခဲ့ပြီး၊ ကူညာ ကလည်း အသင်း အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် တောင်ပံ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ကလည်း ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးခဲ့ပြီး အသင်းကို ဦးဆောင်သွားခဲ့တာပါ။

ပွဲအစောပိုင်း မှာတင် ရာဖင်ညာ သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုး လူကျွံအလံပြခဲ့လို့ ပယ်ဖျက်ခံခဲ့ရပေမယ့် ပွဲချိန် ၂၃ မိနစ် မှာတော့ ဘရာဇီးလ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ ဟေတီ နောက်ခံလူ ဟန်းနက်စ် ဒဲလ်ခရွားဇ် ဖျက်ထုတ်လိုက်တဲ့ ဘောလုံးက ကူညာနဲ့ ထိမှန်ပြီး ဂိုးထဲကို လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ ကျော် မှာတော့ ကူညာ ကပဲ ဘရာဇီးလ် အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ရဲ့ ကွက်တိကျကျ ဖန်တီးပေးမှု ကနေ တစ်ဆင့် ကူညာက ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ဂိုးရဲ့ ဘယ်ဘက် အပေါ် ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့တာပါ။ ပထမပိုင်း နာကျင် အချိန်ပို မှာတော့ ဗင်နီးစီးယပ်စ် ကိုယ်တိုင်က တတိယဂိုး သွင်းခဲ့ပါတယ်။ လူးကပ်စ် ပါကေးတားက ဟေတီ နောက်တန်း အပေါ် ကျော်ပြီး လှလှပပ မတင်ပေးလိုက်တာကို ဗင်နီးစီးယပ်စ်က တည်တည်ငြိမ်ငြိမ် ထိန်းပြီး ဟေတီ ဂိုးသမား ဂျော်နီ ပလေစီဒီရဲ့ ခြေထောက်ကြားထဲ ကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ဟေတီ အသင်းက ချေပဂိုး ရဖို့ အနည်းငယ် ပြန်လည် ခြိမ်းခြောက်လာနိုင်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ် ထောင့်ကန်ဘော ကနေ ဟေတီ ကစားသမား ရီကာဒို အာဒီ က ဘရာဇီးလ် နောက်ခံလူ မာကွင်ညော့စ်ကို ဝေဟင်မှာ အသာစီးယူ ခေါင်းတိုက်နိုင်ခဲ့ပေမယ့် ဘရာဇီးလ် ဂိုးသမား အလစ်ဆန်က လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

တစ်ဖက် မှာလည်း ၂ ဂိုးသွင်းခဲ့တဲ့ ကူညာဟာ ၂၁ ရာစု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အတွက် တစ်ပွဲတည်း ၂ ဂိုး သွင်းနိုင်တဲ့ ၅ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဘရာဇီးလ်ကို ခြေစွမ်းအရ မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တဲ့ ဟေတီ

ပရိသတ်တွေ အသည်းစွဲ ဖြစ်နေတဲ့ လူငယ် ကြယ်ပွင့်လေး အင်းဒရစ်ခ်လည်း ဒုတိယပိုင်းမှာ လူစားဝင်လာပြီး သူ့ရဲ့ ကမ္ဘာ့ဖလားဦးဆုံး ပွဲဦးထွက်ကို ပါဝင် ဆင်နွှဲခဲ့ပါတယ်။ သူဟာ ဘရူနို ဂီမာရေ့စ်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် စတုတ္ထမြောက်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် အချိန်စောပြီး ပြေးထွက်မိခဲ့တာကြောင့် လူကျွံ အလံပြပြီး ဂိုးအဖြစ် အသိအမှတ် မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့ တပတ်က မော်ရိုကိုနဲ့ ပွဲမှာ သရေကျခဲ့လို့ ဘရာဇီးလ် အသင်း အပေါ် ဝေဖန်မှုနဲ့ ဖိအားတွေ အများကြီး ရှိခဲ့ပေမယ့် ဆမ်ဘာ ကြယ်ပွင့်တွေ ကတော့ ပွဲကြီးတွေမှာ လုပ်ပြနေကျအတိုင်း ဂိုးတွေ တဒုန်းဒုန်းသွင်းပြီး အောင်ပွဲခံ ဆမ်ဘာအကတွေနဲ့ အတူ သက်သေပြသွားခဲ့ပါတယ်။

ဗင်နီးစီးယပ်စ်ဟာ အခု ကမ္ဘာ့ဖလားရဲ့ ပထမဆုံး ၂ ပွဲမှာတင် သွင်းဂိုး ၂ ဂိုး၊ ဖန်တီးမှု ၁ ကြိမ်နဲ့ သွင်းဂိုး ၃ ဂိုး အထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့တာပါ။ ဒါဟာ ၂၁ ရာစု အတွင်း ဘရာဇီးလ် ကစားသမားတွေထဲမှာ ၂၀၁၀ တုန်းက အီလာနိုနဲ့ ၂၀၀၂ တုန်းက ရီဗဲလ်ဒိုတို့ ပြီးရင် ဒီလို စွမ်းဆောင်နိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ တစ်ဖက် မှာလည်း ၂ ဂိုးသွင်းခဲ့တဲ့ ကူညာဟာ ၂၁ ရာစု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အတွက် တစ်ပွဲတည်း ၂ ဂိုး သွင်းနိုင်တဲ့ ၅ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကူညာရဲ့ ရှေ့မှာတော့ ရော်နယ်ဒို ၃ ကြိမ်၊ နေမာ ၂ ကြိမ်၊ လူးဝစ် ဖေဘီယာနိုနဲ့ ရစ်ချာလီဆင်တို့ ရှိခဲ့ပါတယ်။

မော်ရိုကိုနဲ့ ပွဲတုန်းက ဝေဖန်ခံခဲ့ရတဲ့ ဘရာဇီးလ် နောက်တန်း ကလည်း ဒီပွဲမှာ အလုပ်အကျွေးပြုခဲ့ပြီး ပထမပိုင်း တစ်ခုလုံးမှာ ဟေတီ အသင်းကို ဂိုးကန်ချက် တစ်ကြိမ်မှ အောက်မခံဘဲ ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၀ ကမ္ဘာ့ဖလားတုန်းက စကော့တလန်နဲ့ ပွဲပြီးရင် ဘရာဇီးလ် အသင်း အတွက် ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခုရဲ့ ပထမပိုင်းမှာ ပြိုင်ဘက်ကို ဂိုးကန်ခွင့် လုံးဝမပေးခဲ့ရတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ခြုံပြောရရင်တော့ အန်ဆယ်လော့တီရဲ့ အသင်း အတွက် ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ စာရင်းဇယားတွေအရလည်း ဘရာဇီးလ်က ဂိုးကန်ချက် ၈ ကြိမ် ကနေ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၁.၅ အထိ ရှိခဲ့ပြီး ဟေတီ ကတော့ ဂိုးကန်ချက် ၈ ကြိမ် ရှိခဲ့ပေမယ့် (xG) ၀.၂၅ သာ ရှိခဲ့တာပါ။ ဘရာဇီးလ် အသင်း အတွက် တစ်ခုတည်းသော စိတ်ပူစရာ ကတော့ အသင်းရဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာဟာ ပွဲချိန် မိနစ် ၄၀ မှာတင် ပေါင်နောက် ကြွက်သား ဒဏ်ရာ သံသယကြောင့် လူစားလဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်