ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်ရှိ စီးရီးအေ ချန်ပီယံ နာပိုလီ အနေနဲ့ ဂျူဗင်တပ်စ်ရဲ့ အလိုင်းရန့်ဇ်ကွင်းကို သွားရောက် ရင်ဆိုင်ခဲ့ပြီး ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ဒီနိုင်ပွဲ အတွက် အဓိကကျခဲ့တဲ့ ကစားသမား ကတော့ ကီနန် ယီလ်ဒစ်ဇ် ဖြစ်ပြီး တူရကီ လူငယ်လေးရဲ့ တောက်ပမှုက နာပိုလီရဲ့ ချန်ပီယံဆု ကာကွယ်ရေး မျှော်လင့်ချက်ကို အကြီးအကျယ် ထိုးနှက်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ပွဲစဥ်တစ်လျှောက်လုံးမှာ ကီနန် ယီလ်ဒစ်ဇ်ရဲ့ ဖန်တီးမှုတွေက ထူးခြားကောင်းမွန်လွန်းခဲ့တာ တွေ့ရပြီး အစောပိုင်း ပွဲချိန်တွေမှာ နာပိုလီ နောက်တန်းရဲ့ တားဆီးနိုင်မှုတွေကြောင့်သာ အခုထက် ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် နှောင်းပိုင်းမှာတော့ ယီလ်ဒစ်ဇ် အနေနဲ့ သူ့ရဲ့ ဖန်တီးမှုတွေက အောင်မြင်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ယီလ်ဒစ်ဇ် အနေနဲ့ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ရုံသာမက အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ ဘောလုံး ပေးပို့မှု တိကျမှု ၈၉ ရာခိုင်နှုန်းနဲ့ Long Ball ပေးပို့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ဒါကြောင့် ပွဲအပြီးမှာ ဂျူဗင်တပ်စ် နည်းပြ လူစီယာနို စပယ်လက်တီ က အသက် ၂၀ အရွယ် ယီလ်ဒစ်ဇ်ကို “သူဟာ သာမန် ကစားသမား မဟုတ်ဘူး။ ဂြိုဟ်သား တစ်ဦးလိုပဲ။” လို့ ချီးကျူးခဲ့ပါတယ်။ ယီလ်ဒစ်ဇ်ဟာ ဒီရာသီမှာ စီးရီးအေ သွင်းဂိုး ၈ ဂိုး အထိ ရှိလာခဲ့ပြီး ဂိုးသွင်း အများဆုံး စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေကာ ပြီးခဲ့တဲ့ ရာသီတွေကထက် ပိုပြီး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ကစားဟန်နဲ့ အချက်အလက်များ

ယီလ်ဒစ်ဇ်က ကွင်းလယ် တိုက်စစ်၊ တောင်ပံ သို့မဟုတ် ဒုတိယ တိုက်စစ်မှူး အဖြစ်ပါ နေရာစုံမှာ ကစားနိုင်ပြီး ဘယ်တောင်ပံနှင့် အထောင် တိုက်စစ် နေရာတွေမှာလည်း ထိထိရောက်ရောက် ကစားနိုင်သူ ဖြစ်ပါတယ်။ ယီလ်ဒစ်ဇ်က အရမ်း မြန်တဲ့ ကစားသမား မဟုတ်ပေမယ့်လည်း သူ့ရဲ့ ဖန်တီးနိုင်စွမ်း၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေက အားနည်းချက်တွေကို အစားထိုးနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
အချက်အလက်တွေ အရ ဆိုရင် ယီလ်ဒစ်ဇ်က ဒီရာသီ စီးရီးအေ ပွဲစဉ် ၂၁ ပွဲ အတွင်း သူ့ရဲ့ ဂိုးသွင်းယူမှု၊ ဖန်တီးမှု၊ အခွင့်အရေး ဖန်တီးမှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်မှုတွေက ထိပ်တန်း ၁၀ ဦး စာရင်းဝင်နေပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်း ဆင်းကူမှုတွေလည်း မခိုမကပ်ဘဲ တစ်ဦးချင်း စွမ်းဆောင်ရည် အထူး ကောင်းမွန်သူ ဖြစ်ပါတယ်။
နောက်ခံသမိုင်းနဲ့ စံချိန်သစ်များ
ဂျာမနီမှာ မွေးဖွားခဲ့တဲ့ တူရကီ လက်ရွေးစင် ယီလ်ဒစ်ဇ်က ဘေယန်မြူးနစ် လူငယ်အကယ်ဒမီမှာ ကြီးပြင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၃ မှာ စီးရီးအေ ပွဲဦးထွက် ကစားခဲ့ပြီး ဖရိုစီနုန်းနဲ့ ပွဲမှာ ဂိုးသွင်းယူကာ ဂျူဗင်တပ်စ် သမိုင်းတစ်လျှောက် စီးရီးအေမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း ဂန္ထဝင် ကစားသမား အလက်ဆန်ဒရို ဒယ်လ်ပီယာရို၏ စံချိန်ကို ကျော်ဖြတ်ကာ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် မှာတော့ ဂျူဗင်တပ်စ်ရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ နံပါတ် ၁၀ အင်္ကျီကို ဆက်ခံခဲ့ပြီး ၂၀၂၅ ခုနှစ် Golden Boy ဆု အတွက် ဆန်ကာတင် ၂၅ ဦး စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
အနာဂတ်ရဲ့ ပြယုဂ်
ယီလ်ဒစ်ဇ်ကို ဂျူဗင်တပ်စ် ဂန္ထဝင် ဒယ်လ်ပီယာရိုနဲ့ နှိုင်းယှဉ်မှုတွေ ရှိနေပြီး ဒယ်လ်ပီယာရို ကိုယ်တိုင် ကလည်း ယီလ်ဒစ်ဇ်ရဲ့ ပေးဆပ်ကစားပုံနဲ့ လှပတဲ့ ဂိုးသွင်းယူမှုတွေကို သဘောကျကြောင်း၊ သူဟာ “ပြည့်စုံသော ကစားသမား” ဖြစ်လာနေကြောင်း အသိအမှတ်ပြုခဲ့သည်။
လက်ရှိမှာ ဂျူဗင်တပ်စ်က စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ရှိနေပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒို၊ ချီလီနီ တို့လို နာမည်ကျော် ကစားသမားများ ထွက်ခွာသွားပြီးနောက် အသင်းကို ပြန်လည် တည်ဆောက်နေရတဲ့ အပြောင်းအလဲ ကာလမှာ ယီလ်ဒစ်ဇ်ဟာ တူရင် ကလပ်ရဲ့ အဓိကကျသူ ဖြစ်ဖို့ သေချာနေသူပါ။
နည်းပြ စပယ်လက်တီ ကတော့ အရင်က နာပိုလီမှာ ခါဗစ်ချာ ခါဗရာစခီလီယာကို မြေတောင် မြှောက်ပေးနိုင်ခဲ့သလိုမျိုး ယီလ်ဒစ်ဇ် ကိုလည်း ကမ္ဘာ့အဆင့်မီ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်လာအောင် ပုံဖော်ပေးနိုင်ဖို့ သေချာနေပါတယ်။ အချုပ်အားဖြင့် ဆိုရရင်တော့ ယီလ်ဒစ်ဇ် အနေနဲ့ ဂျူဗင်တပ်စ်ကို ၎င်းတို့နဲ့ ထိုက်တန်တဲ့ ထိပ်ဆုံး နေရာသို့ ပြန်လည် ပို့ဆောင်ပေးနိုင်မယ့် အနာဂတ်ရဲ့ ပြယုဂ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


