နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော့် နှလုံးသား ကိုတော့ အရှုံးမပေးချင်ဘူး” – အယ်လီဂရီ | စီးရီးအေ

အေစီမီလန် ကတော့ အခုတပတ်မှာ တိုရီနိုကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ မက်စီမီလီယာနို အယ်လီဂရီက ဒီနိုင်ပွဲဟာ အသင်း အတွက် အလွန် အရေးကြီးတဲ့ နိုင်ပွဲ ဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သလို၊ အပြန်အလှန် ရှိခဲ့တဲ့ ဒီပွဲစဉ် အပြီးမှာ သူ့ရဲ့ နှလုံးသား ကိုတော့ အရှုံးမပေးချင်ကြောင်း အရွှန်းဖောက် ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ အေစီမီလန် အတွက် ဦးဆောင်ဂိုးကို ပက်ဗ်လိုဗစ်က သွင်းယူပေးခဲ့ပေမယ့် တိုရီနို တိုက်စစ်မှူး ဂျီယိုဗန်နီ ဆီမြွန်နီက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ အက်ဒရီယန် ရာဘီယော့တ်နဲ့ ယူဆွတ် ဖိုဖာနာ တို့က ၂ ဂိုး ဆက်တိုက် သွင်းပြီး အေစီမီလန်ကို အသာစီးရစေခဲ့ကာ ပွဲပြီးခါနီးမှာ တိုရီနို အတွက် နီကိုလာ ဗလာဆစ်က ပင်နယ်တီ ကနေ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ အေစီမီလန်ဟာ စီးရီးအေမှာ တိုရီနိုကို အိမ်ကွင်းမှာ ရှုံးနိမ့်ခြင်း မရှိတဲ့ စံချိန်ကို ပွဲ ၃၀ အထိ (၂၁ ပွဲနိုင်၊ ၉ ပွဲသရေ) တိုးမြှင့်နိုင်ခဲ့ပါတယ်။

ပွဲအတွင်းမှာ အယ်လီဂရီဟာ စတုတ္ထဒိုင်ကို “ကျွန်တော် စိတ်အေးအေးထားဖို့ ကြိုးစားပေမယ့် ခင်ဗျား တို့က ကျွန်တော့်ရဲ့ နည်းပြချင်စိတ်ကို ပျောက်ဆုံးအောင် လုပ်နေတယ်။ နည်းပြ ဘဝ ကနေ အနားယူတော့မယ်။” လို့ ပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ပွဲကျပ်နေတဲ့ အပေါ် ဖိအားကြောင့် ဖြစ်ကြောင်း သူက အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

အေစီမီလန်ဟာ စီးရီးအေမှာ တိုရီနိုကို အိမ်ကွင်းမှာ ရှုံးနိမ့်ခြင်း မရှိတဲ့ စံချိန်ကို ပွဲ ၃၀ အထိ (၂၁ ပွဲနိုင်၊ ၉ ပွဲသရေ) တိုးမြှင့်နိုင်ခဲ့ပါတယ်။
လာမယ့် တပတ် စီးရီးအေမှာ နာပိုလီနဲ့ ကစားရမယ့် အေစီမီလန်

 “ဒါက ပွဲရဲ့ အရှိန်အဟုန်ကြောင့်ပါ။ ကျွန်တော် အသက်ကြီးလာပြီလေ၊ အသက်ကြီးလာတာနဲ့ အမျှ ကျွန်တော့် နှလုံးသား ကိုတော့ အရှုံးမပေးချင်ဘူး (နှလုံးရပ်မသွားစေချင်ဘူး)။ လာဇီယိုကို ရှုံးထားတဲ့ အတွက် ဒီပွဲက ကျွန်တော်တို့ အတွက် အရမ်းပဲ အရေးကြီးပါတယ်။ တိုရီနိုဟာ ပထမပိုင်း မိနစ် ၃၀ မှာ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အခုအချိန်မှာ အမှတ်ပေးဇယားကို ကြည့်နေတာထက် ပွဲတိုင်းကို အနိုင်ရဖို့ပဲ အရင် စဉ်းစားရပါမယ်။ အမှတ်ပေးဇယားက နောက်ကနေ လိုက်လာမှာပါ။”

အေစီမီလန်ဟာ ဒီနိုင်ပွဲကြောင့် ဇယားထိပ်က အင်တာမီလန်နဲ့ ၅ မှတ် အကွာမှာ ရှိနေသလို၊ အဆင့် (၃) က နာပိုလီ ကိုလည်း ၁ မှတ်အသာနဲ့ ကျော်ဖြတ်ပြီး အဆင့် (၂) နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲစဉ် ပိတ်ရက် အပြီး မှာတော့ အေစီမီလန်ဟာ အဆင့် (၃) နေရာက နာပိုလီနဲ့ တိုက်ရိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အယ်လီဂရီက အဆိုပါ ပွဲစဉ်ကို “အဆင့် ၂ နဲ့ အဆင့် ၃ တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်လို့ တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံးည တစ်ည ဖြစ်လာမှာပါ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အေစီမီလန် ကတော့ ရမှတ် ၆၃ မှတ်နဲ့ အတူ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး စကူဒက်တို ချန်ပီယံဆု အတွက်တော့ မျှော်လင့်ချက် နည်းနေပါပြီ။ ဒါပေမယ့်လည်း အယ်လီဂရီက ချန်ပီယံဆုထက် ထိပ်ဆုံး ၄ သင်း ဝင်ဖို့ ကိုသာ မျှော်လင့်ထားဆဲ ဖြစ်ပြီး သူ့ရဲ့ မျှော်မှန်းချက်တွေနဲ့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အေစီမီလန်က လာမယ့် တပတ် စီးရီးအေမှာ အဆင့် ၃ နေရာက နာပိုလီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်