နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရာသီသိမ်းခါနီးမှ အခြေအနေ ဆိုးနေတဲ့ ချဲလ်ဆီးကို လစ်ဗာပူးလ် အသာရသွားမလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ချဲလ်ဆီး

အိုးထရက်ဖို့ဒ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့ လစ်ဗာပူးလ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ အန်ဖီးလ်မှာ ကန်မယ့် ဒီပွဲစဉ် မှာတော့ ပရီးမီးယားလိဂ် ဇယားရဲ့ အဆင့် ၅ အတွင်း ရပ်တည်မှုကို အတည်ပြုနိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ချဲလ်ဆီး တို့ဟာ ပြီးခဲ့တဲ့ တပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီး စိတ်ပျက်စရာ ကောင်းတဲ့ ၆ ပွဲ ဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

လစ်ဗာပူးလ်

လစ်ဗာပူးလ်ရဲ့ ၃ ပွဲဆက် နိုင်ပွဲ ရလဒ် ပျက်စီးသွားတာက နည်းပြကို ထုတ်ပယ်ဖို့ တောင်းဆိုသံတွေကို ပြန်လည် ကျယ်လောင်လာစေပါတယ်။ ဒါပေမယ့် ဒီရာသီဟာ ဆလော့တ် အတွက် နောက်ဆုံးရာသီ ဖြစ်လာမယ် ဆိုရင်တောင် သူ့အနေနဲ့ အသင်းကို ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးပြီးမှသာ ဂုဏ်သိက္ခာ ရှိရှိ နှုတ်ဆက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ဇယားအဆင့် ၄ နေရာမှာ ရမှတ် ၅၈ မှတ်နဲ့ ရပ်တည်နေပြီး ဘုန်းမောက်ထက် ၆ မှတ်၊ ဘရန့်ဖို့ဒ်ထက် ၇ မှတ် သာလွန်နေပါတယ်။ အကယ်၍ သူတို့က ချဲလ်ဆီးကို အနိုင်ကစားပြီး ဖူလ်ဟမ်နဲ့ ပွဲမှာ ဘုန်းမောက်တို့ အမှတ် လျော့ခဲ့မယ် ဆိုရင် လစ်ဗာပူးလ်ဟာ ၂၀၂၆-၂၇ ချန်ပီယံလိဂ် ဝင်ခွင့်ကို သေချာပေါက် ရရှိသွားမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်တွေ ကနေ ၁၂ မှတ်မှာ ၁၀ မှတ် အထိ ရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အိမ်ကွင်း ၇ ပွဲ မှာတော့ Clean sheet ၁ ပွဲသာ ရရှိခဲ့တာက စိုးရိမ်စရာပါ။

 

ချဲလ်ဆီး

“ Clean sheets” (ပေးဂိုးမရှိပွဲ) ဆိုတာ လက်ရှိ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး အတွက် အလှမ်းဝေးတဲ့ အရာတစ်ခု ဖြစ်နေသလို ရမှတ်တွေ ကလည်း ထိုနည်းတူပါပဲ။ ချဲလ်ဆီးဟာ လက်ရှိ လိဂ်မှာ ပုံစံအပျက်ဆုံး အသင်း ဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ရမှတ် ၁၈ မှတ် အထိ ပေးခဲ့ရပြီး တစ်မှတ်မှ မရခဲ့တာ ချဲလ်ဆီး တစ်သင်းတည်း ရှိပါသေးတယ်။ နယူးကာဆယ်၊ အဲဗာတန်၊ မန်စီးတီး၊ မန်ယူ၊ ဘရိုက်တန်နဲ့ လတ်တလော နော့တင်ဟမ်ဖောရက်စ် တို့ဟာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီးကို အသီးသီး အနိုင်ယူသွားခဲ့ပြီး ချဲလ်ဆီးရဲ့ အဆင့် ၅ အတွင်း ဝင်နိုင်မယ့် သေးငယ်တဲ့ မျှော်လင့်ချက်လေး ကိုပါ အပြီးတိုင် ရိုက်ချိုးပစ်ခဲ့ကြပါတယ်။ အဆင့် ၉ နေရာက ချဲလ်ဆီးဟာ လက်ကျန် ၃ ပွဲအလိုမှာ အဆင့် ၅ က အက်စတွန်ဗီလာနဲ့ ၁၀ မှတ် ကွာဟနေတာကြောင့် သင်္ချာနည်းအရ အဆင့် ၅ နေရာ ရဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါပေမယ့် အဆင့် ၆ က ဘုန်းမောက်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ အကယ်၍ ဗီလာက အဆင့် ၅ အတွင်း ဝင်ပြီး ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် အဆင့် ၆ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ခြေ ရှိနေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ရမှတ် ၁၈ မှတ် အထိ ပေးခဲ့ရပြီး တစ်မှတ်မှ မရခဲ့တာ ချဲလ်ဆီး တစ်သင်းတည်း ရှိပါသေးတယ်။
နောက်ဆုံး ၆ ပွဲမှာ ၁၈ မှတ် အထိ ပေးထားရတဲ့ ချဲလ်ဆီး

အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က မာမာဒက်ရှ်ဗီလီ၊ ကော်နာ ဘရက်ဒ်လေ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒို၊ အစ်ကီတီကေး၊ ဆာလာတို့ လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ အက်စတီဗာအိုနဲ့ ဂစ်တန်စ်တို့ မပါပဲ ကစားရမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

လစ်ဗာပူးလ် – ဝုဒ်မန်း၊ ဂျုံးစ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ ဆို့ဘို့ဇ်ဆလိုင်း၊ ဖရင်မ်ပေါင်၊ ဗစ်ဇ်၊ အန်ဂူမိုဟာ၊ ဂက်ခ်ပို

ချဲလ်ဆီး – ဂျော်ဂျန်ဆန်၊ ဂျိမ်းစ်၊ ကိုးလ်ဝဲလ်၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ဆန်းတို့စ်၊ ကိုင်စီဒို၊ လာဗီယာ၊ ဖာနန်ဒက်ဇ်၊ ပက်ဒရို၊ ဒီလက်ပ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကတော့ ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လစ်ဗာပူးလ်ကို ၂ ကြိမ်တိုင်တိုင် အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံးပွဲ ကတော့ အောက်တိုဘာလက ၂-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် အန်ဖီးလ် မှာတော့ လစ်ဗာပူးလ် ကပဲ နောက်ဆုံး ၂ ပွဲလုံးကို အနိုင်ရထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက မိုဟာမက် ဆာလာရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲလည်း အပါအဝင် ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၈၅ ဆ၊ ချဲလ်ဆီး နိုင်ရင် ၃.၄၂ ဆ၊ သရေ ဆိုရင်တော့ ၃.၇၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ် ဘက်ကပဲ ကြေးဖွင့်ထားပါတယ်။ လစ်ဗာပူးလ် မှာလည်း အားနည်းချက်တွေ ရှိနေပေမယ့် ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းတဲ့ ပုံစံက ဆိုးရွားနေပါတယ်။ အိမ်ရှင်က ဒီပွဲမှာ ကစားသမားတွေ ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေပေမယ့် ချဲလ်ဆီးလောက်တော့ အခြေအနေ မဆိုးနေနိုင်ပါဘူး။ လစ်ဗာပူးလ်တို့ ကပ်နိုင်သွားမယ့် ပွဲပါ။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၁-၀ ချဲလ်ဆီး 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်