နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ တော့တင်ဟမ်၊ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေတဲ့ မိုက်ခ် မိုက်ဂ်နွန် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ချဲလ်ဆီး တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဟာ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဘက်က သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ ၅၃ သန်း (ပေါင် ၄၀ သန်း) ကိုတော့ စပါးဘက်က အပြည့်အဝပေးချင်တဲ့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ထက် ဘာစီလိုနာမှာပဲ ဆက်လက် ကစားချင်နေတာ ဖြစ်ပါတယ်။

စပါး နောက်ခံလူ ခရစ္စရှန် ရိုမီယို ကတော့ မန်ယူနိုက်တက်၊ ဘရန့်ဖို့ဒ်နဲ့ ခရစ်စတယ်ပဲလေ့စ် စတဲ့ အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် စပါး အသင်းမှာပဲ ဆက်ရှိနေပြီး အသင်းကို ပရီးမီးယားလိဂ် အဆင့်ဇယားရဲ့ ထိပ်ပိုင်းဆီ ပြန်လည်ပို့ဆောင်ပေးချင်တယ်လို့ ကလပ်အသင်းထံ အသိပေးထားပါတယ်။

ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ မားတီးယပ်စ် ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ယူနိုက်တက်က ကြိုးပမ်းနေတာပါ။ ဒါပေမယ့် အစဉ်အလာ ပြိုင်ဘက် လစ်ဗာပူးလ် အသင်းက ဒီအပြောင်းအရွှေ့ကို ကြားဖြတ်လုဖို့ စောင့်ကြည့်နေတယ်လို့ သတင်းထွက်လာပါတယ်။ 

နယူးကာဆယ်ရဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို စပါးအသင်းက ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းသာ သူ့ကိုခေါ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် တိုနာလီ အနေနဲ့ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ကိုပဲ ပထမဦးစားပေးအဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းရဲ့ တောင်ပံကစားသမား ခရစ္စဆန်စိရီု ဆမ်းမားဗီးလ်ကို ခေါ်ယူဖို့ ပြိုင်ပွဲ ကတော့ ပိုပြီး ပြင်းထန်လာပါပြီ။ အစောပိုင်းက စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ အပြင် အခုအခါမှာ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ စပါး အသင်း တို့ပါ ဒီအပြောင်းအရွှေ့ အပြိုင်အဆိုင်ထဲကို ပါဝင်လာကြပါတယ်။

မန်စီးတီး အသင်းရဲ့ မန်နေဂျာသစ် ဖြစ်လာမယ့် အန်ဇို မာရက်စကာဟာ အသင်းရဲ့ အမာခံ နောက်ခံလူ ရူဘင် ဒီးရာ့စ်ကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ အတွက် သူ့ကို အသင်းမှာပဲ ဆက်ရှိနေအောင် ဆွဲဆောင်တဲ့ အနေနဲ့ အသင်းခေါင်းဆောင် လက်ပတ် ပေးအပ်ဖို့ ပြင်ဆင်နေပါတယ်။ 

အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ လက်ရှိ မှာတော့ ချဲလ်ဆီး အသင်းက သူ့ရဲ့ အေးဂျင့်တွေနဲ့ အဆက်အသွယ် ပိုမို ပြုလုပ်လာပါတယ်။ 

အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
မိုက်ခ် မိုက်ဂ်နွန်ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ဂျူဗင်တပ်စ် နောက်ခံလူ ကမ်ဘီယာဆို အတွက် ယူရို ၃၀ သန်း / ပေါင် ၂၆ သန်း နဲ့ ကမ်းလှမ်းလိုက်ပါတယ်။ ဂျူဗင်တပ်စ် ဘက်ကတော့ ဇွန်လကုန်မှာ ဘဏ္ဍာရေးရှင်းတမ်း အတွက် ငွေလိုနေပေမယ့် ကစားသမား အတွက် ယူရို ၄၀ သန်း ဝန်းကျင် အထိ လိုချင်နေတာပါ။ 

အာဆင်နယ်၊ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့လို အသင်းကြီးတွေက ချဲလ်ဆီးရဲ့ လူငယ်နောက်ခံလူ အာချင်မ်ပေါင်ကို မျက်စိကျနေကြပေမယ့် ချဲလ်ဆီး ဘက်ကတော့ ဒီကစားသမားဟာ ရောင်းဖို့ မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားပါတယ်။ 

တူရကီ ကလပ် ဂါလာတာစာရေးအသင်းဟာ အာဆင်နယ် တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ 

ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာဟာ ဆော်ဒီ ကလပ် တစ်ခုက ရရှိထားတဲ့ မက်မောစရာ ကမ်းလှမ်းမှုကို လက်ခံပြီး ဒီနွေရာသီမှာ အသင်းက ထွက်ခွာချင်နေပါတယ်။ ဘာစီလိုနာ ဘက်က အတင်းအကြပ် မနှင်ထုတ်ပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာရင်တော့ နားထောင်ဖို့ အသင့် ရှိနေပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ချင်နေပြီး၊ အခုကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အာဂျင်တီးနား အသင်း ပလတ်ဖောင်းကို အသုံးချပြီး သူ့ရဲ့ အသင်းပြောင်းရွှေ့လိုတဲ့ ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ စဉ်းစားနေပါတယ်။ 

ဘေယန်မြူးနစ် အသင်းက ရီးရဲလ်မက်ဒရစ်ကို သတိပေးလိုက်တာ ကတော့ မိုက်ကယ် အိုလီဆေးကို ခေါ်ချင်ရင် ၂၀၁၇ ခုနှစ်က နေမာ ပီအက်စ်ဂျီကို ပြောင်းတုန်းက ပေးခဲ့ရတဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း ထက် ပိုပေးပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ် ခေါ်ယူရမယ်လို့ ဆိုပါတယ်။ 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ရန်ပုံငွေရှာတဲ့ အနေနဲ့ အက်ဒ်ဝက်ဒ် ကာမာဗင်ဂါကို ဒေါ်လာ ၆၉ သန်း (ယူရို ၆၀ သန်း) နဲ့ ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ ဒီအခြေအနေကို ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ယူနိုက်တက် အသင်း တို့က စောင့်ကြည့်နေကြပါတယ်။ 

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ မန်စီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ် ကိုသာ ခေါ်ယူနိုင်မယ် ဆိုရင် လက်ရှိအသင်းက ဖာရန်း တောရက်စ်ကို ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အသင့်ရှိနေပါတယ်။

အာဆင်နယ် နောက်ခံလူ ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ် ဘက်က သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၀၀ ကျော် တောင်းဆိုနေသလို၊ အီတလီ လက်ရွေးစင် ကာလာဖီအိုရီ ကိုယ်တိုင်ကလည်း အာဆင်နယ် ကနေ ထွက်ခွာဖို့ ဆန္ဒမရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်