နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုရဲ့ လက်အောက်မှာ ချဲလ်ဆီးတို့ “ကြီးမားတဲ့ အောင်မြင်မှုတွေ” ရယူနိုင်တယ်လို့ ဆန်းချက်ဇ် ဆို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ၂၀၂၅-၂၆ ဘောလုံးရာသီကို စိတ်ပျက်စရာ ရာသီ တစ်ခု အဖြစ် အဆုံးသတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကတော့ ပြီးခဲ့တဲ့ ရာသီက အခြေအနေတွေကို မေ့ဖျောက်ကာ နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ အတူ အကောင်းဆုံးတွေ စွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။

ဆန်းချက်ဇ် ကတော့ ဒီရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် မရတာကို အကောင်း ဘက်က ရှုမြင်ထားပြီး အလွန်ဆိုရဲ့ ဦးဆောင်မှု အောက်မှာ ချဲလ်ဆီး အနေနဲ့ “ကြီးမားတဲ့ အောင်မြင်မှုတွေ” ဖန်တီးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတုန်းက ရလဒ် ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဇန်နဝါရီလမှာ နည်ပြ အန်ဇို မာရက်စကာ ထွက်ခွာသွားခဲ့သလို၊ သူ့နေရာမှာ အစားထိုးခဲ့တဲ့ လီယမ် ရိုစီနီယာ ကလည်း ၃ လကျော် အကြာမှာပဲ ရာထူး ကနေ စွန့်ခွာခဲ့ရပါတယ်။

အဲဒီနောက် ယာယီ နည်းပြ ကော်လမ် မက်ဖာလိန်း လက်ထက် ရာသီပိတ် ပွဲစဉ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာနဲ့သာ ရာသီသိမ်းခဲ့ရပြီး ဥရောပ ပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။ ဒါပေမယ့် ကစားရမယ့် ပွဲစဉ် နည်းပါးသွားတာဟာ ရာသီကုန်ချိန် အထိ ချဲလ်ဆီး အတွက် ပိုပြီး အကျိုးရှိစေမယ်လို့ ဆန်းချက်ဇ်က ယုံကြည်နေပြီး ၂၀၂၆-၂၇ ရာသီမှာ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် အကောင်းမြင်လျက် ရှိနေပါတယ်။

“ဒီနှစ် ဥရောပပြိုင်ပွဲ မကစားရတာဟာ အသင်း အတွက် အပေါင်းလက္ခဏာ ဆောင်နိုင်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကိုပဲ အပြည့်အဝ အာရုံစိုက်ခွင့် ရသွားတာပေါ့။ တစ်ပတ်မှ တစ်ပွဲပဲ ကစားရမှာ ဖြစ်လို့ အသင်း တစ်သင်းလုံးနဲ့ အသင်း စုဖွဲ့မှု ကောင်းမွန်ပြီး၊ ဒီနှစ်မှာ ကျွန်တော်တို့ ကြီးမားတဲ့ အရာတွေကို စွမ်းဆောင်နိုင်မယ်လို့ ခံစားနေရပါတယ်” လို့ ဆန်းချက်ဇ်က ပြောပါတယ်။

ချဲလ်ဆီးဟာ ဩဂုတ်လ ၂၄ ရက်မှာ ဖူလ်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ ရလဒ် အနိမ့်အမြင့် ရှိခဲ့ပါတယ်။
ရာသီသစ်မှာ ပြည်တွင်း ပြိုင်ပွဲတွေပဲ ကစားရမယ့် ချဲလ်ဆီး

ဆက်လက်ပြီး “ကျွန်တော် တို့မှာ နည်းပြသစ် ရောက်လာပြီ ဖြစ်လို့ သူလိုချင်တဲ့ ကစားကွက်နဲ့ နည်းဗျူဟာတွေကို နားလည်အောင် ကြိုးစားနေတုန်းပါ။ ရာသီကြို ပြင်ဆင်မှုမှာ အရေးကြီးဆုံးက ကစားသမားတိုင်း ပွဲထွက်ခွင့် ရပြီး အစွမ်းကုန် ကြိုးစားဖို့ပါပဲ။ အားလုံးလည်း အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်။ နည်းပြ အလွန်ဆိုက ဘာကိုမှ အလောတကြီး မလုပ်ပါဘူး။ ပွဲတိုင်း၊ နေရာတိုင်းကို သေချာ စစ်ဆေးပြီး အသစ်တွေကို တဖြည်းဖြည်းချင်း ထည့်သွင်းပေးနေတာပါ။ တစ်ရက်ထက် တစ်ရက် ကျွန်တော်တို့ ပိုသင်ယူလာနိုင်ပြီး ပွဲစဉ်တိုင်းမှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ချဲလ်ဆီးဟာ ဩဂုတ်လ ၂၄ ရက်မှာ ဖူလ်ဟမ် အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ ရလဒ် အနိမ့်အမြင့် ရှိခဲ့ပါတယ်။ ချဲလ်ဆီးက တော့တင်ဟမ်ဟော့စပါးနဲ့ ဂျူဗင်တပ်စ် တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် မနေ့ညက ကတော့ အေစီမီလန်ကို ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြန်လာမယ့် ကစားသမား တချို့ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပေမယ့် အလွန်ဆိုရဲ့ လွှမ်းမိုးမှုဟာ အသင်း အပေါ် စတင် သက်ရောက်နေပြီလို့ ဆန်းချက်ဇ်က ဆိုပါတယ်။ “ကျွန်တော် အခြေအနေ တကယ့်ကို ကောင်းပါတယ်။ ဇာဘီက ကျွန်တော့်ကို ယုံကြည်မှု အပြည့်အဝ ပေးထားတယ်။ သူ ကျွန်တော့်ဆီက ဘာလိုချင်လဲဆိုတာ အတိအကျ သိသလို၊ ကစားသမား တစ်ဦးစီရဲ့ အားသာချက်တွေ ကိုလည်း သူ နားလည်ပါတယ်။ ကျွန်တော့်ရဲ့ အားသာချက် ကိုလည်း နားလည်တာမို့ ဒီရာသီမှာ ကျွန်တော် အကောင်းဆုံး လုပ်နိုင်တာတွေကို လုပ်ပြဖို့ ခွင့်ပြုထားပါတယ်။”

“သူဟာ အသင်းထဲကို မတူညီတဲ့ စိတ်ဓာတ်နဲ့ တည်ငြိမ်မှုတွေကို ယူဆောင်လာပေးခဲ့တာပါ။ သူကိုယ်တိုင်လည်း ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတာကြောင့် အလွန် တည်ငြိမ်သူ တစ်ယောက်ပါ။ သူ့ရဲ့ ဘောလုံး အယူအဆကို ကျွန်တော် သဘောကျတယ်။ အများကြီးတော့ မပြောချင်သေးပေမယ့် သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အသင်းဆီ ယူဆောင်လာတဲ့ အရာတွေကို ကျွန်တော် သဘောကျပါတယ်။ ရောက်လာတဲ့သူ အားလုံးလည်း တကယ့်ကို တော်ကြတာမို့ ကျွန်တော့်မှာ အားရ ကျေနပ်စရာ ခံစားချက်ကောင်းတွေ ရှိနေပါတယ်” လို့ ဂိုးသမား ဆန်းချက်ဇ်က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်