အာဆင်နယ် ဗဟိုခံစစ်မှူး ဝီလီယမ် ဆလီဘာ ကတော့ သူတို့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ဖို့ မထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ် က မီခဲလ် အာတေးတားရဲ့ အသင်းထက် တစ်ပွဲ ပိုကစားကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ် ကနေ ၁၅ မှတ် အထိ ဖြတ်ထားနိုင်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကတော့ အာဆင်နယ် အနေနဲ့ ချန်ပီယံ ပြေးလမ်း ကနေ ထွက်ခွာသွားပြီ ဆိုတာ ကိုတော့ လက်ခံဖို့ ငြင်းဆန်ထားဆဲ ဖြစ်သလို ယူနိုက်တက်နဲ့ သရေကျအပြီး မှာလည်း အင်တာဗျူး ဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။
အာဆင်နယ်ဟာ လာမယ့် မေလမှာ လစ်ဗာပူးလ်နဲ့ တွေ့ဆုံမှု အပါအဝင် လက်ကျန် ပွဲစဉ် ၁၀ ပွဲသာ ကစားဖို့ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့တော့ အခွင့်အလမ်းတွေ မရှိသလောက် နည်းပါးနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့တော့ နောက်ခံလူ ဆလီဘာက အခုလိုပဲ သူ့ရဲ့ အမြင်ကို ပြောကြားလာခဲ့ပါတယ်။ “လစ်ဗာပူးလ်တို့ ပထမ ဖြစ်ခဲ့ရင် အဲဒါက ကျွန်တော်တို့ မလုပ်ခဲ့တဲ့ အရာတွေကို သူတို့ လုပ်ခဲ့လို့ပါပဲ။ ကွာဟချက် ကြီးကြီးမားမား ရှိနေပေမယ့်လည်း ကျွန်တော်တို့ ဆက်သွားရမှာပါ။ သူတို့က အရမ်း ကောင်းပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ထိပ်ဆုံးနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားရမှာ ဖြစ်သလို ချန်ပီယံလိဂ်လည်း ကစားဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ တွန်းအားပေးရမှာပါ။” လို့ ဆလီဘာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ် ကတော ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား နှစ်ခုစလုံး ကနေ ထွက်ခွာခဲ့ရပြီးနောက် ဆုဖလား နောက်ဆုံး မျှော်လင့်ချက်က ချန်ပီယံလိဂ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာ ပီအက်စ်ဗွီကို အဝေးကွင်းမှာ ၇-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးတော့ ဒုတိယအကျော့ မကစားခင်မှာပဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဆလီဘာက “အကယ်၍ ကျွန်တော်တို့ မယုံကြည်ရင် ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ အနိုင်ရဖို့ အိမ်မက် မရှိရင် ဘယ်လိုနည်းနဲ့မှ ကစားဖို့ မလိုအပ်ပါဘူး။ ဒီနှစ်မှာ ကျွန်တော်တို့ ပြိုင်ပွဲ ပုံစံသစ်နဲ့ ကစားခဲ့ရလို့ ရှုံးထွက်တက်ဖို့ မလွယ်ကူခဲ့ပါဘူး။ အခု ကျွန်တော်တို့ ပထမပွဲမှာ အနိုင်ရထားခဲ့ပြီးတော့ မနက်ဖြန်မှာ နိုင်ပွဲ တစ်ပွဲနဲ့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးကောင်းတွေ ရှိထားပါတယ်။ ပြီးရင်တော့ ဗိုလ်လုပွဲ မတိုင်ခင် ၄ ပွဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ လုပ်နိုင်တယ်၊ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လည်း အလုပ်လုပ်ရပြီး ဆုလည်း တောင်းရမှာပါ။” လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ဆုဖလား မရတဲ့အခါမှာ ဝမ်းနည်းမိပေမယ့် ကျွန်တော်တို့ ဒီမှာရှိနေတဲ့ အတွက် ယုံကြည်မှုနဲ့ ရှေ့ဆက်လျောက်ရပါမယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပထမအကျော့ကို အနိုင်ရပြီး နိုင်နိုင်၊ သရေကျကျ ကျွန်တော်တို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ နောက်ပြီးရင်တော့ ဘာမဆို ဆက်ဖြစ်နိုင်ပါတယ်။ ကျွန်တော် ကိုယ် ကျွန်တော်တို့ ယုံကြည်မှု ရှိရပါမယ်။ လူတိုင်း ကတော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ကြပါတယ်။” လို့ ဆလီဘာက ပြောကြားသွားခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.