ဖူလ်ဟမ် ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ဘန်လေကို နောက်ကနေ လိုက်ပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီလို ဂိုးပြတ် နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် နည်းပြ မာကို ဆေးလ်ဗား ကတော့ သူ့အသင်းရဲ့ ရည်မှန်းချက် ကြီးမားမှု အပေါ် ချီးကျူး စကား ဆိုလိုက်ပါတယ်။
ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ ဘန်လေကို အနိုင်ရလိုက်တာကြောင့် လာမယ့် ရာသီ ဥရောပ ဝင်ခွင့် ရရှိဖို့ ခြေတစ်လှမ်း ပိုနီးစပ်သွားခဲ့ပါတယ်။ လူငယ် ကြယ်ပွင့် ဂျော့ရှ် ကင်းဟာ ဘန်လေ အတွက် ဇီယန် ဖလမ်းမင်းရဲ့ မိနစ် ၆၀ ဦးဆောင်ဂိုးကို ပြန်လည် ချေပပေးခဲ့သလို၊ ဟယ်ရီ ဝီလ်ဆင် အတွက်လည်း အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ် ကတော့ ပွဲပြီးခါနီးမှာ ပင်နယ်တီက တစ်ဆင့် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၄ ကြိမ် ကန်သွင်းရာမှာ ၁၄ ကြိမ်စလုံး ဂိုးဝင်ခဲ့တာကြောင့် ပြိုင်ပွဲ သမိုင်းတလျှောက် ပင်နယ်တီ ဂိုးအဝင်ဆုံး စံချိန် (၁၀၀ ရာခိုင်နှုန်း) ကို ပိုင်ဆိုင်ထားသူ ဖြစ်လာပါတယ်။ ဒီနိုင်ပွဲကြောင့် ဖူလ်ဟမ်ဟာ အမှတ်ပေးဇယား အဆင့် (၈) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံတကာ ပွဲစဉ် ပိတ်ရက် မတိုင်မီ ဥရောပ ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းတွေထဲမှာ အခြေအနေကောင်း တစ်ခုကို ရရှိသွားခဲ့ပါတယ်။
လက်ရှိ အခြေအနေ အပေါ် မာကို ဆေးလ်ဗားက “ကျွန်တော်တို့ အဲဒီ နေရာ (ဥရောပ ဝင်ခွင့် အနီး) ကို ရောက်နေပါပြီ။ အခုတော့ အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ။ ဒီလို အနေအထားမှာ ရှိနေတာကို ဂုဏ်ယူရပါမယ်။ လွန်ခဲ့တဲ့ ၃/ ၄ နှစ်လောက်က ဆိုရင် ကျွန်တော်တို့ အသင်း ဒီလို နေရာမျိုး ရောက်လာမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော် တို့က ရှေ့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီထက် ပိုပြီး တောင်းဆိုနေပါပြီ။” လို့ ဆိုပါတယ်။

ဂျော့ရှ် ကင်းနဲ့ ပတ်သက်ပြီးတော့လည်း မာကို ဆေးလ်ဗားက “ဒါဟာ ဂျော့ရှ် အတွက် အကောင်းဆုံး အခိုက်အတန့်ပါပဲ။ သူဟာ အရည်အချင်း ရှိသလို သင်ယူလိုစိတ်လည်း ရှိတာကြောင့် ဒါဟာ သူစွမ်းဆောင်နိုင်မယ့် အများကြီးထဲက ပထမဆုံး ခြေလှမ်းပဲ ဖြစ်မှာပါ။” လို့ ချီးကျူးခဲ့ပါတယ်။
ဘန်လေ နည်းပြ စကော့တ် ပါကား ကတော့ ဘန်လေ အတွက်တော့ ဒီရှုံးပွဲကြောင့် တန်းဆင်းရဖို့ ပိုမို နီးစပ်သွားခဲ့ပေမယ့် နည်းပြ စကော့တ် ပါကား ကတော့ သူ့ကစားသမားတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ “ကျွန်တော် အကောင်းမြင်စရာတွေ အများကြီး မြင်ပါတယ်။ ကျွန်တော့် အသင်းသားတွေ ကွင်းထဲ ဆင်းတိုင်း အစွမ်းကုန် ပေးဆပ် ကစားကြပါတယ်။ ကျွန်တော် တို့မှာ ခုနစ်ပွဲ ကျန်ပါသေးတယ်။ ဒီအသင်းဟာ နောက်ဆုံး အချိန် အထိ အစွမ်းကုန် တိုက်ပွဲဝင်သွားမယ် ဆိုတာ ကျွန်တော် အာမခံပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဖူလ်ဟမ်က လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပေမယ့် အဆင့် ၅ နေရာက လစ်ဗာပူးလ်နဲ့ ၅ မှတ်သာ ကွာဟနေပါတယ်။ ဖူလ်ဟမ်က နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ အာဆင်နယ်၊ ဘုန်းမောက်၊ ဝုဗ်၊ နယူးကာဆယ် တို့နဲ့လည်း ကစားရပါဦးမယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


