မန်ချက်စတာစီးတီး – ဘရိုက်တန်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ မန်ချက်စတာစီးတီးက ဘရိုက်တန်ကို အက်တီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း ယိမ်းယိုင်နေဆဲ ဖြစ်တဲ့ မန်စီးတီးတို့ နိုင်ပွဲတွေ ဆက်နေတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ အသာရအောင် ကစားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာနဲ့ မန်စီးတီး အတွက်တော့ ဒီရာသီက လုံးဝ စိတ်ပျက်စရာပါပဲ။ တောက်လျောက် ရှုံးပွဲတွေ ဆက်ခဲ့လို့ အသင်းကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရှယ်အားဖြည့်ထားသည့် တိုင်အောင် မန်စီးတီးက ရလဒ်ပိုင်း မတည်ငြိမ်သေးပါဘူး။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ နော့တင်ဟမ်ဖောရက်စ်ကို ခြေစွမ်းအရရော ရလဒ်ပိုင်းရော မယှဉ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးတို့ အဆင့် ၃ နေရာက ဖောရက်စ်နဲ့ ၄ မှတ် ကွာဟသွားခဲ့သလို ချဲလ်ဆီးရဲ့ ကျော်တက်ခြင်းကိုပါ ခံရပြီး အဆင့် ၅ နေရာ ရောက်ခဲ့ရပါတယ်။ ဂွါဒီယိုလာ ကိုယ်တိုင်က လက်ကျန် ၁၀ ပွဲကို ဗိုလ်လုပွဲ တမျှ ကစားရမယ်လို့ ဝန်ခံထားပြီး သူပြောတဲ့ အတိုင်း ရလဒ်ကောင်းမှလည်း မန်စီးတီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

လူငယ်နည်းပြ ဖေဘီယန် ဟက်ဇ်လာရဲ့ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် မှာရော၊ အက်ဖ်အေဖလား မှာပါ ရလဒ်တွေ ကောင်းနေပါတယ်။ ဘရိုက်တန်က ဖောရက်စ်ကို ၇-၀ နဲ့ ရှုံးအပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရထားသလို ချဲလ်ဆီးကို ၂ ပွဲ၊ နယူးကာဆယ်၊ ဖူလ်ဟမ် တို့လို အသင်းတွေကို အနိုင်ရထားတာက တကယ့်ကို အားရစရာပါ။ ဘရိုက်တန်က ပရီးမီးယားလိဂ် မှာ Top 4 မျှော်လင့်ချက် ရှိနေတဲ့ အသင်း ဖြစ်တာကြောင့်လည်း လက်ကျန် ပွဲတွေကို သေချာပေါက် အားထည့်လာဦးမှာပါ။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ မန်စီးတီး ဘက်က ဂျွန်စတုန်း၊ အာကန်ဂျီ၊ နေသန် အေခီ တို့လို အဓိက နောက်ခံလူတွေ လွဲချော်ဖို့ ရှိနေပြီး ရိုဒရီနဲ့ ဘော့ဘ် တို့ကလည်း ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
ဘရိုက်တန် မှာတော့ ကာဒီယိုဂလူ၊ အီဂေါ၊ မီလန်နာ တို့ လွဲချော်မှာ ဖြစ်ပြီး စတီးလ်၊ ဗဲလ်မန်း၊ ဒန့်ခ်နဲ့ အိုရွိုင်လီ တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – အီဒါဆင်၊ လီဝစ်၊ ကူဆာနော့ဗ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ ဂွန်ဇာလက်ဇ်၊ ဂွန်ဒိုအန်၊ ဆာဗင်ညို၊ မာမွတ်ရှ်၊ ဒိုကု၊ ဟာလန်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ လမ့်ပ်တေး၊ ဗန် ဟက်ကီ၊ ဝက်ဘ်စတား၊ အက်စတူပီနန်၊ ဟင်ရှဲလ်ဝုဒ်၊ ဘာလီဘ၊ မင်တာ့ရ်၊ ရက်တာ၊ မီတိုမာ၊ ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ်မြောက် တွေ့ဆုံကစားမှာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ မန်စီးတီးက ၁၃ ကြိမ် နိုင်ပြီး ဘရိုက်တန် ကတော့ ၂ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းမှာ သရေရလဒ် ထွက်ပေါ်တာ ရှားပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ဘရိုက်တန်က ၁ ကြိမ်နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ အက်တီဟတ်မှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲစလုံး ကိုတော့ အိမ်ရှင် မန်စီးတီး တို့ပဲ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၆၇ ဆ၊ ဘရိုက်တန် နိုင်ရင် ၄.၁၁ ဆနဲ့ သရေ ဆိုရင်တော့ ၃.၈၇ ဆ ပေးထားပါတယ်။ ဟန်းဒီးကပ် ကြေးဖွင့်မှု မှာတော့ မန်စီးတီးက သရေအရှုံး၊ တစ်လုံးတစ်ဝက်၊ တစ်လုံး ပြန်ခွာကြေးတွေ ပေးထားတာ တွေ့ရပါတယ်။ ဘွတ်ကီတွေ အနေနဲ့ ဒီပွဲကို ဂိုးပေါ်မယ်လို့ တွက်ဆထားပုံပါပဲ။ မန်စီးတီးတို့ ဘရိုက်တန်ကို သတိထား ကစားရပါလိမ့်မယ်။ နှစ်သင်းစလုံးက ဂိုးသွင်းအား ရှိလို့ ဒီပွဲကို ဂိုးပေါ်တော့ ကြိုက်မိပါတယ်။ အနိုင် အတွက် သေချာတာကို ရွေးချယ်ရမယ် ဆိုရင်တော့ မန်စီးတီး ကိုပဲ ရွေးမိမှာပါ။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၃-၁ ဘရိုက်တန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.