နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မက်ဂွိုင်းယားရဲ့ အနီကတ်၊ ခရူပီရဲ့ နောက်ကျ ပင်နယ်တီနဲ့ သရေ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ဘုန်းမောက်နဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဘုန်းမောက်နဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုက်တယ်လတီကွင်းမှာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယား အထုတ်ခံရပြီးနောက် ၁၀ ယောက်တည်း ကျန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပြီး ဂျူနီယာ ခရူပီရဲ့ ပင်နယ်တီ ဂိုးက ဘုန်းမောက် အတွက် အဖိုးတန် ၁ မှတ် ရယူပေးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့် (၄) အတွင်း ဝင်နိုင်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ၂-၂ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်းဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးကို ရိုင်ယန် ခရစ္စတီက ပြန်လည် ချေပခဲ့သလို၊ ဂျိမ်းစ်ဟေးလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ယူနိုက်တက် ပြန်လည် ဦးဆောင်နိုင်ချိန် မှာလည်း ဂျူနီယာ ခရူပီက ပင်နယ်တီနဲ့ပဲ ထပ်မံ ချေပခဲ့ပါတယ်။ အဲဒီ အရှုပ်အထွေးတွေ အကြားမှာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယား ကတော့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

ပွဲစဉ်အကျဉ်း 

ပထမပိုင်း မှာတော့ ဂိုးမရှိ သရေကျနေခဲ့ပြီး ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ်က အာမက်ဒ် ဒီယာလိုနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ အပိုင်ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက် ဂိုးသမား လမ်မန်းစ်က ရိုင်ယန်ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ဘုန်းမောက်က တန်ပြန် တိုက်စစ်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ မားသီးယပ်စ် ကူညာကို အဲလက်စ် ဟင်မီနက်ဇ်ရဲ့ ဖျက်ထုတ်ပုံ မှားခဲ့တာကြောင့် ရရှိတဲ့ ပင်နယ်တီ ကနေ ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အာမက်ဒ်ကို ဧရိယာ အတွင်း ထရူးဖတ် တွန်းလှဲခဲ့တဲ့ ဖြစ်ရပ်မှာ ယူနိုက်တက်တို့ နောက်ထပ် ပင်နယ်တီ တစ်လုံး ရသင့်တယ်လို့ ယူဆခဲ့ကြပေမယ့် ဒိုင်လူကြီးက ခွင့်မပြုခဲ့ပါဘူး။

ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် (၄ ပွဲနိုင်၊ ၇ ပွဲသရေ) ကို တင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်တဲ့ ယူနိုက်တက်

အဲ့ဒီနောက်မှာတော့ ဘုန်းမောက်က ချက်ချင်း တန်ပြန် တိုက်စစ်ဆင်ပြီး ခရစ္စတီက ဧရိယာထိပ် ကနေ ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘော ကနေ ဂျိမ်းစ်ဟေးလ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် ယူနိုက်တက်တို့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ လူစားဝင် ကစားသမား ခရူပီက အီဗန်နီလ်ဆင်ကို မက်ဂွိုင်းယား ဧရိယာ အတွင်း ပြစ်ဒဏ် ကျူးလွန်ရာ ကနေ ရတဲ့ ပင်နယ်တီကို အဆုံးသတ်ပြီး ဘုန်းမောက် အတွက် ၅ ပွဲ ဆက်တိုက် သရေရလဒ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်က သိပ်မကွာခြားလှဘဲ ဘုန်းမောက်က ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ် မျှော်မှန်းဂိုး (xG) ၁.၅၇နဲ့ ယူနိုက်တက်က ၁၄ ကြိမ် (xG) ၁.၇၇ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်ခ် ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် စိတ်ပျက်နေနိုင်ပါတယ်။ ဒီပွဲဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဖူလ်ဟမ်နဲ့ အက်စတွန်ဗီလာ ပွဲပြီးရင် ပရီးမီးယားလိဂ်မှာ ပင်နယ်တီဂိုး၊ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ဂိုးနဲ့ အနီကတ်တို့ တစ်ပွဲတည်းမှာ အားလုံး ဖြစ်ပေါ်ခဲ့တဲ့ ပထမဆုံးပွဲ ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် (၄ ပွဲနိုင်၊ ၇ ပွဲသရေ) ကို တင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ သူတို့ အသင်း သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန်ကို ပြန်လည် အမီလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရူပီဟာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ကန်သွင်းနိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ တစ်ရာသီအတွင်း ယူနိုက်တက်ကို အိမ်ကွင်းရော အဝေးကွင်းမှာပါ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ဆယ်ကျော်သက် ကစားသမား အဖြစ် (အနဲလ်ကာ၊ ဒီဖိုး၊ လောင်းစတပ်ဖ် တို့နောက်) မှတ်တမ်းဝင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်