ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
အကယ်၍ ဇာဘီ အလွန်ဆိုသာ နွေရာသီမှာ လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာခဲ့ရင် မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေးနဲ့ လိုက်ပ်ဇစ်က ယန် ဒီယိုမန်ဒီ တို့ကို ပေါင် သန်း ၂၀၀ ကျော် အသုံးပြုကာ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။
တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်က အဲဗာတန် တောင်ပံကစားသမား အီလီမန် အန်ဒီယေးကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေပါတယ်။ အန်ဒီယေးသာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ၂၀၀၂ ခုနှစ်က အေဘဲလ် ဇာဗီယာ နောက်ပိုင်း အဲဗာတန် ကနေ လစ်ဗာပူးလ်ကို တိုက်ရိုက် ပြောင်းရွှေ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာပါ။
မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ဟာ ဘာစီလိုနာ ကြယ်ပွင့် ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို နွေရာသီရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ယူနိုက်တက်ဟာ လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရောင်းချပြီး အပြောင်းအရွှေ့အတွက် အသုံးစရိတ် ရှာဖွေဖို့လည်း ယူနိုက်တက်က စဉ်းစားနေပါတယ်။ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ အေစီမီလန် တို့က အသင့်ရှိနေသလို၊ အက်စတွန်ဗီလာ ကလည်း ဂျေဒန် ဆန်ချိုကို အမြဲတမ်း စာချုပ်နဲ့ မခေါ်ယူနိုင်ခဲ့ရင် ရက်ရှ်ဖို့ဒ် ဘက်ကို လှည့်လာနိုင်ပါတယ်။
အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ မာတင် ဇူဘီမန်ဒီကို ပြန်လည် ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ကြိုးပမ်းနေပေမဲ့ ကစားသမား ကိုယ်တိုင် ကတော့ အာဆင်နယ် မှာပဲ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ တစ်ဖက် မှာလည်း အာဆင်နယ်ဟာ ဆန်းဒါးလန်း ကွင်းလယ်လူ အန်ဇို လီဖီးကို မျက်စိကျနေပါတယ်။
ဂန်းနား တို့ရဲ့ နောက်ခံလူ ဘန် ဝှိုက် ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ အာဆင်နယ် ကတော့ ဘန်ဝှိုက်ကို ဆက်ထိန်းထားချင်ပေမယ့် သူထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ ကစားသမား စာရင်း ကိုပါ ကြိုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်က မန်ချက်စတာစီးတီး အသင်း ခေါင်းဆောင် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာ၊ ဂါလာတာဆာရေး၊ အင်တာ မိုင်ယာမီနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း သူ့ကို ဝိုင်းဝန်း ပစ်မှတ်ထားနေကြပါတယ်။
ဘုန်းမောက်ရဲ့ ဘရာဇီးလ် ကြယ်ပွင့် ရေယန်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပေမဲ့ ပြောင်းရွှေ့ကြေး ကိုတော့ ပေါင် သန်း ၄၀ လောက်ထက် ပိုမပေးလိုကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုနောက်ခံလူ ရာအူးလ် အဆန်စီယို ကိုတော့ အဲဗာတန်နဲ့ ဝက်စ်ဟမ်း တို့က အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။
ပပ် ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ဖူးတဲ့ ဘေယန်မြူးနစ် အားကစား ဒါရိုက်တာဟောင်း ဆမ်းမား ကတော့ လာမယ့် နွေရာသီမှာ မန်စီးတီး ကနေ ဂွါဒီယိုလာ ထွက်ခွာဖို့ ပြင်ဆင်ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဆမ်းမားဟာ ဂွာဒီယိုလာနဲ့ အတူ ဘေယန်မှာ ၃ ရာသီကြာ လက်တွဲခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိ အချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံရေးမှာ ရှိနေပါတယ်။
မန်စီးတီး အသင်းဟာ ကွင်းလယ်လူ ရိုဒရီ တစ်ယောက် ရီးရဲလ်ထံ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက ရီးရဲလ်နဲ့ သတင်းတွေ ထွက်ခဲ့တဲ့ အဆိုပါ စပိန် ကွင်းလယ်လူဟာ ဒဏ်ရာ ပြဿနာတွေကြောင့် အပြောင်းအရွှေ့ အကောင်အထည်မဖော်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ရာနှုန်းပြည့် ပြန်လည် ကြံ့ခိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ ရိုဒီရီ ပါဝင်တဲ့ ပွဲစဉ်တွေမှာ မန်စီးတီးက ရလဒ်ပို ကောင်းလေ့ ရှိသလို အသင်း ဘက်ကလည်း အဆိုပါ ၂၉ နှစ်သားကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့သာ ဆိုင်းပြင်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


