နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ခါဗရာစခီလီယာ သို့မဟုတ် အာဆင်နယ်ရဲ့ အိပ်မက် အားဖြည့်မှု | ပရီးမီးယားလိဂ်

ဒီရက်ပိုင်း အတွင်း အာဆင်နယ်က သူတို့ရဲ့ တိုက်စစ် အတွက် ဖန်တီးမှု အားကောင်းပြီး စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂျော်ဂျီယာ ကြယ်ပွင့် ခါဗစ်ချာ ခါဗရာစခီလီယာကို အမှန်တကယ် လိုက်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။ တကယ်တော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က သူတို့ရဲ့ ဘယ်တောင်ပံ တိုက်စစ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာ ကြာပါပြီ။ ဒါကြောင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ပီအက်စ်ဂျီက ခါဗရာစခီလီယာကို ပစ်မှတ်ထားနေတာ သိပ်ပြီးတော့ မထူးဆန်းပါဘူး။

 

အာဆင်နယ်ရဲ့ အဓိက အားနည်းချက်

ဒီရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှုတွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ Set piece တွေနဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ် အပေါ်မှာ အခြေခံထားတာကြောင့် တိုက်စစ်ပိုင်း အားနည်းချက်တွေကို လူတွေ သိပ်ပြီး သတိမထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ဆာကာ၊ ထရော့ဆက်ဒ်နဲ့ အက်ဇေး တို့ဟာ ပွဲပေါင်း ၄၀ ကျော် ကစားထားပေမယ့် ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုမှာ ဆယ်ဂဏန်း ပြည့်အောင်တောင် မစွမ်းဆောင်နိုင်သေးပါဘူး။

မာတင်နယ်လီ ကတော့ ၁၁ ဂိုး သွင်းယူထားနိုင်ပေမဲ့ သမိုင်းဝင် ဖလား ၃ လုံး (Treble) ကို မျှော်မှန်းနေတဲ့ အသင်း တစ်သင်း အတွက်တော့ ဒီပမာဏဟာ အားရစရာ မရှိပါဘူး။ အကယ်၍သာ အာတေးတားရဲ့ အသင်းထဲကို ခြေစွမ်း အတည်တကျ ရှိပြီးသား စူပါစတား တောင်ပံ ကစားသမား တစ်ဦး ရောက်လာခဲ့ရင်တော့ အာဆင်နယ်ဟာ တော်တော်လေးကို ကြောက်စရာကောင်းသွားမှာပါ။ ခါဗရာစခီလီယာက ထရော့ဆက်ဒ်နဲ့ မာတင်နယ်လီတို့ အိပ်မက်တောင် မမက်ဖူးတဲ့ ဘောလုံးဆွဲပြေးမှု၊ ဖန်တီးမှုနဲ့ အဆုံးသတ် သေချာမှုတွေကို ပိုင်ဆိုင်ထားပြီး အာဆင်နယ်မှာ လိုအပ်နေတဲ့ “ဆုဖလား အောင်မြင်မှု အတွေ့အကြုံရှိသူ” သေချာပေါက် ဖြစ်လာမှာပါ။

 

ခါဗရာစခီလီယာရဲ့ အားသာချက်များ

တကယ်တော့ ခါဗရာစခီလီယာရဲ့ အရည်အချင်းကို ကဗျာတစ်ပုဒ်လိုတောင် တင်စားဖွဲ့နွဲ့လို့ ရနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ဒီကစားသမားဟာ တစ်ဖက် ခံစစ်ကို ကျော်ဖြတ်ဖို့ ဘယ်သူ့ အကူအညီမှ မလိုဘဲ သူ့ရဲ့ လျင်မြန်တဲ့ လှည့်စားမှုတွေနဲ့တင် အကောင်းဆုံး ခံစစ်မှူးတွေကို အရူးလုပ်နိုင်စွမ်း ရှိပါတယ်။ ဖိအားတွေ ကြားထဲမှာ ဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့ ဂိုးပေါက်ကို အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ စိတ်ဓာတ်ကလည်း အံ့မခန်းပါပဲ။ ဘောလုံးကို ဆွဲထားပြီး အချိန်ဖြုန်းနေမယ့် အစား ပြိုင်ဘက် ခံစစ်ကို ထိုးဖောက်ဖို့ပဲ အမြဲတမ်း အာရုံစိုက်နေတတ်သလို၊ တစ်ကိုယ်ကောင်းမဆန်ဘဲ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးတတ်ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ် ဆိုရင် ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့် အပြည့်အဝ မရထားပေမဲ့ ဂိုးပါဝင်ပတ်သက်မှု ၂၂ ကြိမ် အထိ ရှိထားပါတယ်။ မကြာသေးမီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးကို ၃ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးခဲ့တာက သူဟာ ပရီးမီးယားလိဂ် အသင်းတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုတာ သက်သေပါပဲ။ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီကမှ ပီအက်စ်ဂျီကို ရောက်လာခဲ့တဲ့ သူက ပီအက်စ်ဂျီ အတွက် ၂၅ ပွဲမှာ ၁၂ ဂိုး အထိ ပါဝင် ပတ်သက်ထားနိုင်ပါတယ်။

 

လိဂ်မျိုးစုံမှာ အောင်မြင်မှု ရရှိထားသူ

ပီအက်စ်ဂျီမှာ ၅ လတာ ကစားပြီးချိန်မှာတင် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ် ဖလား အပါအဝင် ဖလား ၄ လုံး အောင်မြင်မှု အတွက်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီ၊ ဗစ်တင်ညာနဲ့ ဟာကီမီ တို့က ပိုပြီး နာမည်ကြီးခဲ့ပေမယ့် ခါဗရာစခီလီယာ ဟာလည်း ဒီအောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ် ဘက်ကို ဒမ်ဘီလီ သွင်းခဲ့တဲ့ ဦးဆောင်ဂိုး အတွက် ဖန်တီးပေးခဲ့သလို၊ အင်တာမီလန်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲ မှာလည်း ကိုယ်တိုင် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မကြာသေးမီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးကို ၃ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးခဲ့တာက သူဟာ ပရီးမီးယားလိဂ် အသင်းတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုတာ သက်သေပါပဲ။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ခါဗရာစခီလီယာ

ပြင်သစ်ကို မရောက်ခင် နာပိုလီမှာတုန်းကလည်း ‘ကွာရာဒိုနာ’ လို့ တင်စားခံရတဲ့ အထိ ခြေစွမ်းပြခဲ့ပြီး နာပိုလီရဲ့ ၃၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စီးရီးအေ ချန်ပီယံဆုကို ပွဲဦးထွက်ရာသီမှာတင် ရယူပေးခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ရာသီမှာ ၁၄ ဂိုး သွင်း၊ ၁၄ ဂိုး ဖန်တီးနိုင်ခဲ့လို့ ဥရောပရဲ့ ထိပ်သီး ကလပ်တွေရဲ့ ဝိုင်းဝန်း စိတ်ဝင်စားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

 

အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာနိုင်မလား

တချို့သော အိပ်မက် အပြောင်းအရွှေ့တွေဟာ အိပ်မက်သက်သက်သာ ဖြစ်နိုင်ပေမယ့် ဂျော်ဂျီယာသာ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ ကတော့ လုံးဝမဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ The Independent ရဲ့ အဆိုအရ အာဆင်နယ်ဟာ ဒီနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ခါဗရာစခီလီယာ ဘက်ကလည်း ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားပေမယ့် လူးဝစ် အန်နရီကေးရဲ့ ပီအက်စ်ဂျီ စီမံကိန်း ကနေ ထွက်ခွာလာဖို့ ဆိုရင်တော့ အာဆင်နယ် ဘက်က ကြီးမားတဲ့ ကမ်းလှမ်းမှုနဲ့ ဆွဲဆောင်မှု ရှိတဲ့ တင်ပြချက်တွေ ရှိဖို့ လိုအပ်ပါတယ်။

အာဆင်နယ် ဘက်ကတော့ သူ့ကို အာတေးတားရဲ့ တိုက်စစ်အတွက် “ တစ်ဦးချင်း တီထွင် ဖန်တီးမှု” ပိုမို ပေးစွမ်းနိုင်မယ့်သူ အဖြစ် ရှုမြင်နေကြပါတယ်။ ပီအက်စ်ဂျီ ကလည်း သူ့ကို ‘မရောင်းနိုင်တဲ့ ကြယ်ပွင့်’ အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းထွက်နေပေမဲ့ ဘောလုံးလောက မှာတော့ ‘မရောင်းချနိုင်’ဆိုတာထက် ‘တန်ကြေး မြင့်မားတယ်’ ဆိုတာက ပိုမှန်ပါလိမ့်မယ်။ အာဆင်နယ် အနေနဲ့ သူ့ရဲ့ ဈေးကွက် ပေါက်ဈေး ဖြစ်တဲ့ ပေါင် ၇၇.၉ သန်း (ယူရို သန်း ၉၀) ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းနိုင်မယ် ဆိုရင်တော့ ဒီအိပ်မက်ဟာ လက်တွေ့ကျလာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်