နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသလို ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှု ကိုလည်း လက်မခံခဲ့တဲ့ ကင်မစ်ချ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ် ကတော့ လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ များနေသူ ဖြစ်ပါတယ်။ သူ့ကို ဥရောပ ထိပ်တန်း ကလပ်များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အဲဒီအထဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီ သတင်းစာ Blid ရဲ့ ဖော်ပြချက်အရ ကစားသမား ကိုယ်တိုင် ကတော့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ ကစားဖို စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်က ကင်မစ်ချ်ကို စိတ်ဝင်စားနေသည့် တိုင်အောင် အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပါတယ်။ အစောပိုင်း သတင်းတွေ မှာတော့ အာဆင်နယ်က ကင်မစ်ချ်လို အတွေ့အကြုံရင့် ကွင်းလယ်လူကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်လို့ ကစားသမားရဲ့ အေးဂျင့်တွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ဖော်ပြလျက် ရှိပါတယ်။ ဒါပေမယ့် Blid ကတော့ ကင်မစ်ချ်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ လုံးဝ စိတ်မဝင်စားပဲ လက်ရှိကလပ် ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း တိုးဖို့ ဒါမှမဟုတ် တခြားသော ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ကင်မစ်ချ်ဟာ လာမယ့် ဇွန်လမှာ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ဘက်က သူတို့ရဲ့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို ကြိုးပမ်းနေခဲ့ပေမယ့်လည်း လုပ်ခ လစာ ပေးချေမှု အပိုင်းမှာ သဘောတူညီမှု ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘေယန်မြူးနစ်နဲ့ ကင်မစ်ချ်ရဲ့ အခြေအနေကို ဥရောပ ထိပ်တန်း ကလပ် များစွာက အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 

ကင်မစ်ချ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ် တို့အပြင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့ ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါသေးတယ်။
ပီအက်စ်ဂျီ ကိုလည်း မရွေးချယ်ခဲ့တဲ့ ကင်မစ်ချ်

အာဆင်နယ် ကတော့ ကွင်းလယ်ပိုင်းမှာ ရိုက်စ်၊ မာရင်နို၊ အိုဒီဂတ် တို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေရာသီမှာ ဂျော်ဂျင်ညိုနဲ့ သောမက်စ် ပါတေး တို့ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ကင်မစ်ချ်နဲ့ အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ကင်မစ်ချ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ် တို့အပြင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့ ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါသေးတယ်။

ဒါပေမယ့်လည်း ကင်မစ်ချ်က ဘေယန် ကနေ ထွက်ခွာဖြစ်ခဲ့မယ် ဆိုရင် သူ့အတွက် လုပ်ခ လစာ အပြင် စီမံကိန်းကောင်းတွေ ရှိနေတဲ့ ပီအက်စ်ဂျီကို ဦးစားပေး ရွေးချယ်သွားဖို ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ ကင်မစ်ချ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ဖြစ်ကြောင်းလည်း Sky Sports က ဖော်ပြထားပါတယ်။ Sky Sports ရဲ့ ဖော်ပြချက် အရ ဆိုရင် ပီအက်စ်ဂျီက လာမယ့် နွေရာသီမှာ ကင်မစ်ချ်ကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ကင်မစ်ချ် ဘက်တော့ လက်ရှိ အချိန်ထိတော့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို တုံပြန်မှု မရှိသေးဘူးလို့ သိရပါတယ်။ 

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ကင်မစ်ချ်က ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တိုးသွားခဲ့ပြီလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်