နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော့် အနေနဲ့ ပိုမိုတိုးတက်ချင်ပါသေးတယ်” – ယာအို ပက်ဒရို | ပရီးမီးယားလိဂ်

ယာအို ပတ်ဒရို ကတော့ ချဲလ်ဆီးမှာ ကစားတဲ့ ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၁ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ် တိုက်စစ်မှူး ကတော့ သူ့အနေနဲ့ ဒီထက်မက ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရရှိဖို့ ကြိုးစားနေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပက်ဒရိုဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ပါဝင်ခွင့် ရဖို့လည်း ရေပန်းစားနေပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ ယာအို ပက်ဒရိုရဲ့ ပထမဆုံးရာသီကို “ထူးခြားတဲ့ ရာသီတစ်ခု”အဖြစ် ဖော်ပြခဲ့ပါတယ်။ သူဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားထားပြီး ၂၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားနိုင်တဲ့ အသင်းရဲ့ အားထားရဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ မန်စီးတီးရဲ့ အာလင်း ဟာလန်း (ဂိုးပါဝင် ပတ်သတ်မှု ၄၀) တစ်ဦးတည်းကသာ သူ့ထက် သာလွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းက စလို့ ပတ်ဒရို သွင်းယူထားတဲ့ ၁၄ ဂိုး ဆိုတဲ့ မှတ်တမ်း ကိုလည်း ဘေယန်မြူးနစ်က ဟယ်ရီ ကိန်း (၁၅ ဂိုး) တစ်ဦးတည်းသာ ကျော်လွန်နိုင်ပါသေးတယ်။

ဒါကြောင့် ပီအက်စ်ဂျီနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် UEFA.com နဲ့ အင်တာဗျူးမှာ ပက်ဒရိုက “ချဲလ်ဆီးမှာ ကစားရတဲ့ ကျွန်တော့်ရဲ့ ပထမဆုံးနှစ်က တကယ့်ကို ထူးခြားပါတယ်။ ကျွန်တော် ဒီကိုလာတာ အသင်းကို ကူညီဖို့ပါ။ အခုချိန်ထိတော့ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အမြဲတမ်း တိုးတက်ချင်နေတဲ့သူ ဖြစ်ပြီး အမြင့်ဆုံး အဆင့်ကို ရောက်အောင် သွားချင်တဲ့သူပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ မန်စီးတီးရဲ့ အာလင်း ဟာလန်း (ဂိုးပါဝင် ပတ်သတ်မှု ၄၀) တစ်ဦးတည်းကသာ သူ့ထက် သာလွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပါ။
ချဲလ်ဆီး အတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၁ ဂိုးသွင်းထားတဲ့ ယာအို ပက်ဒရို

ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ ကလည်း ယာအို ပက်ဒရိုရဲ့ ခြေစွမ်း အပေါ် “ကမ္ဘာ့အဆင့်မီ” တိုက်စစ်မှူး တစ်ဦး အဖြစ် ချီးကျူးခဲ့ပါတယ်။ ပက်ဒရို ကလည်း သူ့ရဲ့ တိုးတက်မှုတွေဟာ နည်းပြသစ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

“နည်းပြသစ် ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အခု ခြေစွမ်းဟာ နည်းပြနဲ့ ဆွေးနွေးမှုတွေကြောင့်လို့ ထင်ပါတယ်။ သူက ကျွန်တော့်ကို တကယ် တိုးတက်စေချင်တာပါ။ နည်းပြဆီက အဲဒီလို ထောက်ပံ့မှုမျိုး ရတဲ့အခါ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကြိုးစားဖြစ်သွားစေပါတယ်။” လို့ ယာအို ပက်ဒရိုက ဆိုပါတယ်။

ဒါ့အပြင် ယာအို ပက်ဒရိုဟာ လက်ရှိ ခြေစွမ်းကြောင့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် အသင်းရဲ့ ကျောနံပါတ် ၉ ဝတ်ဆင်ခွင့်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ သူ့အပြင် စပါးက ရစ်ချာလီဆန်၊ မန်ချက်စတာယူနိုက်တက်က မားသီးယက်စ် ကူညာ တို့လည်း ရေပန်းစားနေသလို၊ ဘရန့်ဖို့ဒ် အတွက် ၁၈ ဂိုး သွင်းထားတဲ့ အီဂေါ သီယာဂို ကလည်း အံ့အားသင့်ဖွယ် ပါဝင်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

တဖက် မှာလည်း ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂို ကတော့ ဒူးအရွတ်ဒဏ်ရာ (ACL) ကြောင့် ကမ္ဘာ့ဖလားကို လွဲချော်မှာဖြစ်ပြီး၊ ဘာစီလိုနာ ကနေ ဘရာဇီးလ်ကို ပြန်သွားတဲ့ ဗီတာ ရော့ခ် ကလည်း ခြေစွမ်းပြနေတာကြောင့် ကာလို အန်ဆယ်လော့တီရဲ့ အသင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။ လောလောဆယ် မှာတော့ ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရလေ့ ရှိတဲ့ ဝါရင့် ကွင်းလယ် တိုက်စစ် ကစားသမား နေမာက ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ ကနဦး လူစာရင်းမှာ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ နေမာဟာ ၂၀၂၃ အောက်တိုဘာလ ကတည်းက ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။ ဘရာဇီးလ် အသင်းဟာ ဒီလကုန်ခါနီးမှာ ပြင်သစ်၊ ခရိုအေးရှား တို့နဲ့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်