နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာတေးတားနဲ့ ဝေးကွာသွားတဲ့ ဆက်ဆံရေး အပေါ် ဖွင့်ဟလာခဲ့တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား ဆိုတဲ့ အဓိက ဖလား ၄ လုံး စလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အာဆင်နယ်ရဲ့ “ ဖလား ၄ လုံး အောင်မြင်မှု” (Quadruple) မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားကြီးက သူကိုယ်တိုင်လည်း အဆိုပါ အောင်မြင်မှုကို ရယူနိုင်ခဲ့ဖူးတယ် ဆိုတဲ့ ထူးခြားစွာပဲ တုန့်ပြန်လာခဲ့ပါတယ်။ 

အင်္ဂလန် ဘောလုံး သမိုင်းမှာ တစ်ရာသီ အတွင်း အဓိက ဖလား ၄ လုံး စလုံးကို ဘယ်အသင်း ကမှ မရရှိဖူးသေးသလို အာဆင်နယ် အနေနဲ့လည်း ဒီအောင်မြင်မှု အတွက် အများကြီး ဖြတ်သန်းရဦးမှာပါ။ ပပ် ဂွါဒီယိုလာက သူ့ရဲ့ အဓိက ပြိုင်ဘက် အသင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အောင်မြင်မှု အပေါ် ချီးကျူး ဂုဏ်ပြုဖို့ စိတ်မဝင်စားကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ခရာဘောင်ဖလား ဗိုလ်လုပွဲ မတိုင်ခင်လေးမှာတင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး မန်စီးတီးရဲ့ ဖလား ၄ လုံး မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့ရပြီး ဒီအခြေအနေ အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့တာပါ။

သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက “ခင်ဗျားက ဖလား ၃ လုံး (Treble) ရဖူးတော့ တခြားဘယ်သူထက်မဆို ဒီအောင်မြင်မှုနဲ့ နီးစပ်ခဲ့တာပေါ့။” လို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက သက်ပြင်း တစ်ချက်ချပြီး “ဖလား ၄ လုံးလည်း ရခဲ့ဖူးပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

ဂွါဒီယိုလာ ရခဲ့တဲ့ “ဖလား ၄ လုံး အောင်မြင်မှု” ဆိုတာ ဘာလဲ

ဂွါဒီယိုလာဟာ ၂၀၁၈–၂၀၁၉ ဘောလုံးရာသီက မန်စီးတီး ရရှိခဲ့တဲ့ ပြည်တွင်း ဖလား ၄ လုံး ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရာသီတုန်းက မန်စီးတီးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပါးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာပါ။

ဂွါဒီယိုလာက “ခင်ဗျားတို့ ဟန်ဆောင်နေကြသလိုမျိုး အဲ့ဒီဖလား (ကွန်မြူနတီဒိုင်း) က တခြားဖလားတွေလောက် ဂုဏ်သိက္ခာ မကြီးဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါကို ရယူနိုင်ခဲ့ပါတယ်။” လို့ ပုခုံးတွန့်ရင်း ပြောပါတယ်။ ဂွါဒီယိုလာ အင်္ဂလန် ပရီးမီးယားလိဂ် ကို ရောက်ကတည်းက ကွန်မြူနတီဒိုင်းရဲ့ အရေးပါမှု အပေါ် အမြဲတမ်း အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ “မန်စီးတီးက ကွန်မြူနတီဒိုင်း နိုင်ရင် ဆုဖလားလို့ မသတ်မှတ်ကြဘူး။ တခြား အသင်း နိုင်ရင်တော့ ဆုဖလားလို့ သတ်မှတ်ကြတယ်။” လို့ ပပ်က တစ်ချိန်က စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ဖူးပါတယ်။ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကလည်း မန်စီးတီးမှာ ဂွါဒီယိုလာရဲ့ လက်ထောက် လုပ်ခဲ့စဉ် ကတည်းက ကွန်မြူနတီဒိုင်း အပေါ် အလေးအနက်ထားတတ်တဲ့ အလေ့အထကို ရရှိခဲ့သူ ဖြစ်ပါတယ်။

 

ဂွါဒီယိုလာနဲ့ အာတေးတား တို့ရဲ့ ဆက်ဆံရေး ဘယ်လို ပြောင်းလဲသွားသလဲ

ဂွါဒီယိုလာ အင်္ဂလန် ပရီးမီးယားလိဂ် ကို ရောက်ကတည်းက ကွန်မြူနတီဒိုင်းရဲ့ အရေးပါမှု အပေါ် အမြဲတမ်း အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
ဖလား ၄ လုံး အိမ်မက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်တဲ့ မန်စီးတီး

ပပ် ဂွါဒီယိုလာ အတွက်တော့ အာတေးတားနဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အကွာအဝေးကြောင့် ပြောင်းလဲသွားတာလို့ ဆိုပါတယ်။ “ကျွန်တော့်မှာ လန်ဒန်ကို သွားဖို့ အချိန် မရှိသလို၊ သူလည်း မန်ချက်စတာကို လာဖို့ အချိန်ရှိမယ် မထင်ဘူး။ မန်စီးတီးမှာတုန်း ကတော့ တစ်နေ့ကို ငါးနာရီ ခြောက်နာရီလောက် တွေ့ဖြစ်ကြပေမယ့် လန်ဒန်မှာ သူ ၅ နှစ် ၆ နှစ်လောက် ကြာသွားပြီး နောက်ပိုင်း မှာတော့ ဆက်ဆံရေးက အရင်လို မဟုတ်တော့ဘူး။” လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။

အာတေးတား ကတော့ အကွာအဝေးအရ ဝေးကွာသွားတာကို လက်ခံပေမယ့် ဂွါဒီယိုလာ အပေါ် သူရဲ့ လေးစားအားကျမှု ကတော့ ဘာမှမပြောင်းလဲကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် ဘက်က ခံစားချက်တွေ ကတော့ လုံးဝ မပြောင်းလဲပါဘူး။ အရင်လို အတူတူမရှိတော့တာ၊ အချိန် အတူတူ မကုန်ဆုံးနိုင်တော့တာက ဆက်ဆံရေး အတွက် အရေးကြီးပေမယ့် အဲ့ဒါက အဓိကတော့ မဟုတ်ပါဘူး။ သူ့အပေါ် ကျွန်တော် ဘယ်လို ခံစားရတယ်။ အတူရှိခဲ့တဲ့ အချိန်တွေမှာ သူ ကျွန်တော့် အတွက် ဘာတွေ လုပ်ပေးခဲ့တယ်၊ ငယ်ငယ်ကတည်းက သူဟာ ကျွန်တော့် အတွက် ဘယ်လောက် အထိ အတုယူစရာ ဖြစ်ခဲ့တယ် ဆိုတာတွေ ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။” လို့ အာတေးတားက ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်