ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဂါလာတာဆာရေးက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၅၁.၉ သန်း (ယူရို သန်း ၆၀) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဂါလာတာဆာရေးဟာ သူတို့ရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ ဖာနန်ဒက်စ်ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး၊ အကယ်၍ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် ဖာနန်ဒက်စ်ဟာ တူရကီ သမိုင်းမှာ ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်လာမှာပါ။
နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီဟာ လာမယ့် ရာသီမှာ အသင်း အနေနဲ့ ဥရောပဝင်ခွင့် မရရှိခဲ့ရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ခုနဲ့ အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ ကလပ်နဲ့ “ လူကြီးလူကောင်း သဘောတူညီမှု” ရရှိထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ နယူးကာဆယ်ဟာ အဆင့် ၁၂ နေရာမှာ ရောက်ရှိနေတာကြောင့် အာဆင်နယ်၊ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အတွက် သူ့ကို ခေါ်ယူဖို့ အခွင့်အရေးကောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။
နော့တမ်ဟမ်ဖောရက်စ်ရဲ့ လူငယ် ကြယ်ပွင့် အဲလီယော့တ် အန်ဒါဆန်ကို ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က အလေးအနက် စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် မန်စီးတီး၊ မန်ယူနဲ့ ချဲလ်ဆီးတို့ ကလည်း ယူရို သန်း ၁၀၀ ကျော် တန်ကြေးရှိတဲ့ ဒီကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။
အကယ်၍ နွေရာသီမှာ ပပ် ဂွါဒီယိုလာရဲ့ နေရာကို ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာ အစားထိုး ဝင်ရောက်လာခဲ့ရင်၊ သူဟာ သူ့ရဲ့ တပည့်ဟောင်း ဖြစ်တဲ့ မာ့ခ် ကူကူရယ်လာကို မန်စီးတီးဆီ ခေါ်ဆောင်သွားဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိတဲ့ ဇာဘီ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အာဒါ ဂူလာ ကတော့ အလွန်ဆို ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်စဉ်က စိတ်ကြိုက် ကစားသမား ဖြစ်ခဲ့သူပါ။
အာဆင်နယ်ဟာ လူငယ် ဘယ်နောက်ခံလူ မိုင်းလ်စ် လူးဝစ်-စကယ်လီကို မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အတွက် တားဆီးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ စကယ်လီ ကတော့ အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့်မရတာကြောင့် စိတ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဖန်တီးရှင် ဘရာဟင်မ် ဒီးယက်ဇ်ကို ယူရို ၃၀.၃ သန်း ဝန်းကျင်နဲ့ ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။
တော့တင်ဟမ်ဟော့စပါးရဲ့ လူငယ်နောက်ခံလူ လူကာ ဗူစကိုဗစ် ကို ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗူစကိုဗစ် ကတော့ ဒီရာသီ ဟမ်းဘတ်မှာ အငှားသွားကစားရင်း ခြေစွမ်းပြနေပြီး စပါးကိုတော့ ပြန်လိုခြင်း မရှိကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ အမေရိကန် မေဂျာလိဂ်ကို ထွက်ခွာတော့မယ့် အန်တွန် ဂရစ်ဇ်မန်းရဲ့ နေရာမှာ အစားထိုးဖို့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး မိုဟာမက် ကူဒု့စ် သို့မဟုတ် အင်တာမီလန်မှ လော်တာရို မာတီနက်ဇ် တို့ကို ချိန်ရွယ်နေပါတယ်။
အင်္ဂလန်နဲ့ ဥရုဂွေးတို့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ဥရုဂွေး အသင်းရဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မန်ဝဲလ် အူဂါတေးဟာ အံ့အားသင့်စရာ ကောင်းအောင်ပဲ အဝါကတ် ၂ ကြိမ် အပြခံခဲ့ရပေမယ့် အနီကတ် မထိခဲ့ပါဘူး။ ပထမပိုင်း ပွဲကစားချိန် အတွင်း အူဂါတေဟာ ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် အဝါကတ်အပြခံခဲ့ရပြီး ၈၁ မိနစ်မှာ အင်္ဂလန် အသင်း အတွက် အဖွင့်ဂိုးကို ဘန်ဝှိုက် သွင်းယူပြီးတဲ့နောက် အဲဒီ ဂိုးအပေါ် မကျေမနပ်နဲ့ စောဒကတက်ခဲ့တဲ့ အတွက် အူဂါတေးကို ဂျာမန် ကွင်းလယ်ဒိုင် ယက်ဘ်လွန်စကီးက ဒုတိယ အဝါကတ် ထပ်ပြခဲ့ပေမဲ့ အနီကတ်နဲ့ မထုတ်ပယ်ခဲ့ပါဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ပရိသတ်တွေ အတွက် မယုံနိုင်စရာ ဖြစ်စေပြီး မိနစ်ပိုင်း အကြာမှာပဲ ဥရုဂွေး အသင်း နည်းပြ မာဆယ်လို ဘီရဲလ်ဆာက အူဂါတေးကို အီမီလီယာနို မာတီနက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


