နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂွါဒီယိုလာက တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုတဲ့ ဘေယန် အားကစားဒါရိုက်တာဟောင်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက ဂွါဒီယိုလာမှာ “ မှားယွင်းမှု တစ်ခုခု” ရှိနေတယ် ဆိုပြီး စိုးရိမ်တကြီး ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ပပ် ဂွါဒီယိုလာရဲ့ အနာဂတ်ဟာ အက်တီဟတ်မှာ မသေမချာ ဖြစ်နေပြီး ဘေယန်မြူးနစ် အားကစားဒါရိုက်တာဟောင်း မားသီးယက်စ် ဆမ်းမားရဲ့ ပြောကြားချက်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားစေခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ် အရွယ် ဂွါဒီယိုလာဟာ ၂၀၁၆ နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို စတင် ရောက်ရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၁၀ ရာသီမြောက် အဖြစ် ကိုင်တွယ်နေတာပါ။ သူဟာ အရင်က ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် တို့မှာ ၄ နှစ်ထက် ပိုပြီး တာဝန်ယူခဲ့ဖူးခြင်း မရှိပါဘူး။ သူဟာ ၂၀၁၁-၂၀၁၂ ရာသီ အကုန် မှာတော့ ဘောလုံးလောက ကနေ ၁၂ လကြာ အနားယူခဲ့ဖူးပါတယ်။ ဂွါဒီယိုလာရဲ့ လက်ရှိစာချုပ်ဟာ နောက်ရာသီ အကုန် အထိ ကျန်ရှိနေသေးပေမယ့် လာမယ့်ရာသီ မတိုင်ခင်မှာပဲ အသင်း ကနေ စောစောစီးစီး ထွက်ခွာနိုင်တယ် ဆိုပြီး အများစုက ခန့်မှန်းနေကြပါတယ်။ ဂွါဒီယိုလာ ကတော့ သူ့အနေနဲ့ မန်စီးတီး ကနေ ဘယ်အချိန်ပဲ ထွက်ထွက် ဘောလုံးလောက ကနေ အနားယူတော့မယ် ဆိုပြီး အရင်က အရိပ်အမြွက် ပြောကြားဖူးခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မက်သီးယပ်စ် ဆမ်းမားက Sky Sport Germany ရဲ့ ပေါ့တ်ကတ်စ်မှာ အခုလိုပဲ ပြောပါတယ်။ “ကျွန်တော်တို့ ၃ နှစ်ကြာ အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာအမူအရာ၊ လက်ဟန်ခြေဟန်၊ မျက်လုံးတွေနဲ့ စကားပြောပုံတွေကို ကြည့်ပြီး ကျွန်တော် သူ့ကို တော်တော်လေး နားလည်ခဲ့တယ်လို့ ထင်ပါတယ်။ အခု သူ့မျက်နှာကို ကြည့်လိုက်ရင် တစ်ခုခုတော့ မှားနေပြီလို့ ကျွန်တော့်ရဲ့ အလိုလိုသိစိတ်က ပြောနေတယ်။ သူ့မျက်လုံးတွေ၊ မျက်နှာတွေကို ကြည့်ရတာ တစ်ခုခုပဲ။ တကယ်တော့ ခင်ဗျား ဘယ်သူလဲ၊ ဘာလဲဆိုတာကို ဘာမှမသိတဲ့လူတွေကို လိုက်ရှင်းပြနေဖို့ မလိုပါဘူး။ အမြဲတမ်းလည်း အနိုင်ရနေမှာ မဟုတ်ဘူးလေ။ ကျွန်တော့် အနေနဲ့ သူ့ကို အသက်ဝဝရှူဖို့ပဲ အကြံပေးချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးက ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်နဲ့ ၉ မှတ် ကွာဟနဲ့ နေတာကြောင့် ချန်ပီယံဆု အတွက် ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ (လက်ကျန် တစ်ပွဲ ကစားဖို့ ရှိနေ)
ပြည်တွင်းဖလား ၃ လုံး‌ အောင်မြင်မှု ရရှိနိုင်ခြေ ရှိနေသေးတဲ့ ဂွါဒီယိုလာနဲ့ မန်စီးတီး

တဖက် မှာလည်း ဂွါဒီယိုလာက မန်စီးတီးမှာ သူ့ရဲ့ သက်တမ်း ကုန်ဆုံးတော့မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့် မန်ချက်စတာမှာ ပျော်ရွှင်နေဆဲ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက လက်ထောက် နည်းပြဟောင်း အန်ဇို မာရက်စကာက သူ့နေရာမှာ အစားထိုးဖို့ စဉ်းစားခံနေရတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာချိန်မှာ ဂွါဒီယိုလာက “ကျွန်တော့်မှာ စာချုပ်ရှိပါတယ်။ ဒါကို အကြိမ်ပေါင်း သန်းနဲ့ ချီပြီး ပြောခဲ့ပြီးပြီ။ ဒီမှာ ၁၀ နှစ် ရှိပြီ၊ တစ်နေ့နေ့တော့ ထွက်သွားမှာပါ။ ဒါပေမယ့် အခု စာချုပ်ရှိနေသေးတယ်။ ကျွန်တော် ပျော်ပါတယ်။ အသင်းနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်ချင်တယ်။ အသင်းရဲ့ အထက်လူကြီးတွေ ကလည်း ကျွန်တော့်ကို လေးစားကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၂ လ၊ ၃ လလောက် တစ်ပွဲမှ မနိုင်ခဲ့ချိန်မှာတောင် သူတို့ ကျွန်တော့်ကို ထောက်ခံပေးခဲ့ကြတယ်။ ကျွန်တော့်မှာ စာချုပ် ၁ နှစ် ကျန်ပါသေးတယ်။ ဒီမှာနေရတာ ကြိုက်တယ်။ ဒါကြောင့် ဘာဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။” လို့ ဆိုခဲ့ပါတယ်။

အဲဒီမတိုင်ခင် အလားတူ မေးခွန်းမျိုး ကိုလည်း ဂွါဒီယိုလာက နောက်ပြောင်ပြီး သူဟာ အသက် ၇၅ နှစ် ဒါမှမဟုတ် ၇၆ နှစ်ရောက်မှ မန်စီးတီး ကနေ ထွက်မှာပါလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ တချို့ သတင်းဌာနတွေ ကလည်း ဒီရာသီကုန်ဟာ ဂွါဒီယိုလာအတွက် အောင်မြင်မှုတွေနဲ့ အတူ အနားယူသွားမယ့် အချိန်မျိုး မဟုတ်သေးကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။ မန်စီးတီးဟာ ၂၀၁၈-၁၉ ရာသီတုန်းကလိုပဲ ဒီရာသီမှာလည်း ပြည်တွင်း ဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ခရာဘောင်းဖလား ရရှိထားပြီး ဖြစ်သလို အက်ဖ်အေဖလား မှာလည်း အလားအလာ ကောင်းနေပါတယ်။ ဒါပေမယ့် မန်စီးတီးက ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်နဲ့ ၉ မှတ် ကွာဟနဲ့ နေတာကြောင့် ချန်ပီယံဆု အတွက် ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ (လက်ကျန် တစ်ပွဲ ကစားဖို့ ရှိနေ)

ဒါပေမယ့်လည်း မန်စီးတီးလို အသင်းမျိုး အတွက် ပြည်တွင်းဖလား တစ်လုံး၊ နှစ်လုံး ရတာက ပြီးခဲ့တဲ့ ၁၅ နှစ်တာ အောင်မြင်မှုတွေနဲ့ ယှဉ်ရင် သိပ်ပြီး ထူးခြားတဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ အကယ်၍ မန်စီးတီးသာ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးပြီး မထွက်ခဲ့ရပဲ ၄ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်ခဲ့မယ် ဆိုရင်တော့ ဂွါဒီယိုလာ အနေနဲ့ အမြင့်ဆုံး အခြေအနေ တစ်ခုနဲ့ အနိုင်ပိုင်းကာ  အနားယူဖို့ စဉ်းစားရတာ ပိုလွယ်ကူနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုအခြေအနေအရ သူဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ကို ထပ်မံ ကြိုးစားပြီးမှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ အလားအလာ ပိုများနေကြောင်း သုံးသပ်ရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်