ရစ်ချာလီဆန် ရော်ဘတ်တို ဒီဇာဘီ ကတော့ ၂၀၂၆-၂၇ ရာသီမှာ စပါး အသင်း အနေနဲ့ ဆုဖလားတွေ အတွက် ပြန်လည် စိန်ခေါ်နိုင်ဖို့ အကွက်ကျကျ စီမံ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က အပြောင်းအရွှေ့ ဈေးကွက် အတွင်း လုပ်ဆောင်စရာတွေ မပြီးသေးကြောင်းလည်း ဒီဇာဘီက အတည်ပြုခဲ့ပါတယ်။
ဒီဇာဘီက စပါး အသင်းမှာ သူလျှောက်လှမ်းနေတဲ့ ခရီးစဉ်ဟာ အသင်းကို ဆုဖလား ရရှိအောင် ဦးဆောင်ပေးနိုင်မှသာ ပြည့်စုံလိမ့်မယ်လို့ ယူဆထားပြီး အဲဒီအဆင့်ကို ရောက်ရှိဖို့အတွက် “ထိပ်တန်း ကစားသမားများ” ကို ထပ်မံ ခေါ်ယူရမယ်လို့ ယုံကြည်နေတာပါ။
စပါး အသင်းဟာ ၂၀၂၅-၂၆ ရာသီတုန်းက ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အန္တရာယ် ကနေ သီသီးလေး လွတ်မြောက်ထားခဲ့ရတာပါ။ ဒါဟာ စပါး အတွက် ပရီးမီးယားလိဂ် ၂ ရာသီဆက် အဆင့် ၁၇ နေရာနဲ့ ရာသီသိမ်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေ ကနေ ရုန်းထွက်ဖို့ နည်းပြ ဒီဇာဘီရဲ့ ပထမဆုံး ရာသီအစဟာ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ တော်တော်လေး အလုပ်ရှုပ်နေခဲ့ရပါတယ်။
တော့တင်ဟမ်က ဆန်ဒရို တိုနာလီ၊ မားတီးယပ်စ် ဖာနန်ဒက်ဇ်နဲ့ ဂျန် ပေါလ် ဗန် ဟက်ကီ တို့ကို ခေါ်ယူဖို့ ပေါင် သန်း ၂၃၀ ထက်မက သုံးစွဲခဲ့သလို၊ မားကို့စ် ဆီနက်ဆီ၊ အန်ဒီ ရော်ဘတ်ဆန်နဲ့ မာတင် ဒူဘရက်ဗ်ကာ တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အဝယ်အရောင်း ကိစ္စတွေက ဒီမှာတင် ရပ်တန့်သွားမယ့် ပုံ မပေါ်သေးပါဘူး။ နည်းပြ ဒီဇာဘီက တိုက်စစ်ပိုင်း အတွက် အဓိက ခေါ်ယူမှုကြီး တစ်ခု ပြုလုပ်ဖို့ နီးစပ်နေပြီလို့ အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက် မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဗစ်တာ အိုဆင်မ်ဟန်၊ ကိုဒီ ဂက်ခ်ပို၊ ဆာဗင်ညိုနဲ့ ဖိုလာရင် ဘယ်လိုဂန် တို့ဟာ စပါး အသင်းဆီ ပြောင်းရွှေ့လာဖို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

တန်းဆင်းဇုန်ထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့တဲ့ အသင်းကို တာဝန်ယူခဲ့ရတဲ့ ဒီဇာဘီဟာ အန်ဂျီ ပိုစတီကိုဂလူး လက်ထက်က ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး တစ်နှစ် အကြာ မှာတော့ အသင်းကို ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အဆင့်ဆီ ပြန်လည် မြှင့်တင်ဖို့ မျှော်မှန်းနေတာ ဖြစ်ပါတယ်။
“ကျွန်တော် ဒီနေရာမှာ ရှိနေဖို့ ထိုက်တန်သလို ထိပ်တန်း ကစားသမားတွေကို တောင်းဆိုဖို့လည်း ထိုက်တန်တယ်လို့ တွေးရတာ ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ စပါးဟာ ထိပ်တန်း အသင်း တစ်သင်း အဖြစ် တည်ဆောက်ဖို့ ထိုက်တန်နေပါပြီ။ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာဖို့ အတွက် ထိပ်တန်း ကစားသမားတွေကို ခေါ်ယူရပါမယ်။ ဗိုလ်စွဲမလား မသိနိုင်ပေမယ့် လွန်ခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ရာသီထက်စာရင်တော့ ပိုကောင်းရပါမယ်” လို့ ဒီဇာဘီက The Athletic ကို ပြောကြားခဲ့ပါတယ်။
“ဆုဖလား ရရှိတာကို ခရီးစဉ် တစ်ခုရဲ့ အဆုံးသတ်လို့ ကျွန်တော် သတ်မှတ်ပါတယ်။ ခရီးစဉ်ရဲ့ အဆုံးသတ် ကိုတော့ ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး၊ ခရီးစဉ် အစကနေ အဆုံးအထိ ကိုပဲ ကျွန်တော် ထိန်းချုပ်လို့ ရပါတယ်။ အခုချိန်က ဆုဖလား အကြောင်း တွေးရမယ့် အချိန်မဟုတ်ပါဘူး။ ဒီခရီးစဉ် အတွင်း သေချာ ကြိုးစားခဲ့မယ်၊ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့မယ်၊ ကစားသမားတွေ ကလည်း သူတို့ အစွမ်းကုန် ကစားနိုင်ခဲ့မယ်ဆိုရင် ဆုဖလား ဆိုတာ ရောက်ရှိလာမှာပါ” လို့ ဒီဇာဘီက ဆိုပါတယ်။
စပါး အသင်းဟာ ဩစတြေးလျ ရာသီကြို ခရီးစဉ်မှာ ဆစ်ဒနီအက်ဖ်စီကို ၁ ဂိုးစီ သရေကျပြီးနောက် ပင်နယ်တီနဲ့ အနိုင်ရခဲ့သလို၊ ချဲလ်ဆီး အသင်း ကိုလည်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဇာဘီရဲ့ စပါး နည်းပြ ဘဝဟာ ပြီးခဲ့တဲ့ ဧပြီလက ဆန်းဒါးလန်း အသင်းကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ပြီး စိတ်ပျက်စရာ စတင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ရာသီ၏ နောက်ဆုံး ၆ ပွဲမှာ ၁၁ မှတ် (၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး) အထိ ရယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလ အတွင်း စပါးထက် ရမှတ် ပိုရခဲ့တာ ယူနိုက်တက် (၁၆ မှတ်)၊ အာဆင်နယ် (၁၅ မှတ်)၊ မန်စီးတီး၊ လိဒ်စ်ယူနိုက်တက် (၁၄ မှတ်စီ) နဲ့ ဘုန်းမောက် (၁၂ မှတ်) တို့ ၅ သင်းပဲ ရှိခဲ့တာပါ။
“ပြီးခဲ့တဲ့ ရာသီက ရလဒ်ဟာ ကျွန်တော့်ရဲ့ အောင်မြင်မှုလို့ မခံစားရပါဘူး၊ ကစားသမားတွေကြောင့်ပါ။ ကျွန်တော် စရောက်တုန်းက ဆန်းဒါးလန်း ပွဲအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို တွေ့ခဲ့ရတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ မပြောခဲ့ပေမယ့် တကယ်ကို အားလုံး ငိုနေကြပြီး အဝတ်လဲခန်း ကြမ်းပြင်ပေါ်မှာ လဲကျနေကြတာပါ။ ကျွန်တော်က ‘ငါတို့ သေသွားကြပြီလား’ လို့ မေးခဲ့ပြီး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ ထည့်ပေးဖို့နဲ့ အခြေအနေကို တခြား ရှုထောင့် ကနေ ကြည့်ဖို့ ကြိုးစားခဲ့ရပါတယ်” လို့ ဒီဇာဘီက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
စပါး အသင်းဟာ စနေနေ့မှာ ဂီတာဖေးနဲ့ ရာသီကြို ပွဲစဉ် ဆက်လက် ကစားမှာဖြစ်ပြီး၊ ဩဂုတ် ၂၂ ရက် ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲ မကစားမီ ဟော့ဖန်ဟိမ်း အသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


