ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ချဲလ်ဆီးဟာ အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူပြီး ၁၂ လ အကြာ မှာတင် ပြန်လည် ရောင်းချဖို့ ကြိုးပမ်းနေပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ အာဂျင်တီးနား ကလပ် ရေးဗားပလိတ်က သူ့ကို နေရပ် ပြန်ခေါ်ဖို့ ကမ်းလှမ်းထားပြီး ချဲလ်ဆီး ဘက်ကလည်း တစ်နှစ်အငှားချဖို့ စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် ဘရက်ဒ်လေ ဘာကိုလာကို အာဆင်နယ်ထံ လက်လွှတ်ရမှာ စိုးရိမ်နေတာကြောင့် ချဲလ်ဆီးရဲ့ လူငယ် ကြယ်ပွင့် အက်စတီဗာအိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ပီအက်စ်ဂျီဟာ သူ့အတွက် ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။
အာဆင်နယ်ဟာ ဂါဘရီရယ် မာတင်နယ်လီရဲ့ စာချုပ်ကိစ္စ အတွက် စိုးရိမ်နေရပြီး အစားထိုးမယ့် ကစားသမား ဝယ်ယူဖို့ ရန်ပုံငွေ ရရှိအောင် သူ့ကို ရောင်းချဖို့ စဉ်းစားလာနိုင်ပါတယ်။
ဂါလာတာဆာရေး အသင်းဟာ မိုဟာမက် ဆာလာကို လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျှော်လင့်နေပြီး ဗန်ဒိုက်ခ်နဲ့ပါ ပြန်လည် တွဲပေးဖို့ အိပ်မက်မက်နေပါတယ်။ ညာနောက်ခံလူ ရိုလန် ဆာလိုင်းနဲ့ အလဲအထပ် လုပ်မယ့် အစီအစဉ် ကိုလည်း အဆိုပြုထားပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အသင်းကို အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့ အနေနဲ့ ဂိုးသမား အန်ဒရီ အိုနာနာနဲ့ အရန်ဂိုးသမား အဲလ်တေး ဘာယင်ဒါ တို့ကို အသင်း ကနေ ထွက်ခွာခွင့်ပေးဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း စပါး နည်းပြ ရော်ဘတ်တို ဒီဇာဘီက မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရပ်ဖို့ဒ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး တို့က အက်စတွန်ဗီလာ ကွင်းလယ်လူ အာမာဒူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဟယ်ရီ မက်ဂွိုင်းယားဟာ အင်တာမိုင်ယာမီရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး မန်ချက်စတာယူနိုက်တက် မှာပဲ စာချုပ်သက်တမ်းတိုးကာ ကစားသမားဘဝကို အဆုံးသတ်ချင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာကို အလိုရှိနေပြီး အက်ဒူယာဒို ကာမာဗင်ဂါနဲ့ အလဲအထပ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

ချဲလ်ဆီး အသင်းဟာ ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ထံ တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း သူ့ကို နောက် ၁၈ လ အကြာမှာ အလွတ်နဲ့ လက်လွှတ်ရမယ့် အစား အခုအချိန်မှာ ရောင်းချဖို့ ပိုလိုလားနေပါတယ်။
ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးပေးဖို့ သူ့ရဲ့ အေးဂျင့်ကို အကြောင်းကြားထားပါတယ်။
အင်တာမီလန်ဟာ အလက်ဆန်ဒရို ဘက်စတိုနီ အတွက် ဘာစီလိုနာရဲ့ ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို လှောင်ပြောင် ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ ဘိုလော့ဂ်နာ နောက်ခံလူ ဂျွန် လူကူမီ ဘက်ကို မြားဦးလှည့်သွားဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ တီထွင် ဖန်တီးမှုတွေ ပိုမိုအားကောင်းလာစေဖို့ ဘာစီလိုနာ ကွင်းလယ်လူ ဒန်နီ အော်လမိုကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာ ဘက်ကလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဝန်းကျင် ရရင် လက်ခံ ရောင်းချဖို့ အသင့်ရှိနေပါတယ်။
ဘရန်ဒန် ရော့ဒ်ဂျားစ် ကိုင်တွယ်နေတဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ကတ်ဒီဆီယာဟာ အော်လမို အတွက် ဘာစီလိုနာ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အပြင်၊ ကစားသမား ကိုလည်း တစ်နှစ် လစာ ယူရို ၉.၅ သန်း ပေးချေဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အော်လမို ကတော့ အဆိုပါ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ မန်ဝဲလ် နော်အာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဒေါ့မန် ဂိုးသမား ဂရီဂေါ ကိုဘယ်ကို အသင့်တော်ဆုံး ပစ်မှတ် အဖြစ် ရွေးချယ်ထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့ကလည်း ဒီဂိုးသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
ချဲလ်ဆီးဟာ ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ပြင်သစ် နောက်ခံလူဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင် ရရှိမယ် ဆိုရင်တော့ ဘာစီလိုနာ ဘက်က ရောင်းချဖွယ် ရှိနေပါတယ်။
လစ်ဗာပူးလ် ကတော့ လက်ရှိမှာ နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို စာချုပ်သစ်ချုပ်ဆိုဖို့ အဓိက အာရုံစိုက်နေပါတယ်။ ဒါ့အပြင် လေဗာကူဆင်မှာ ရောက်ရှိနေတဲ့ သူတို့ရဲ့ နောက်ခံလူဟောင်း ဂျာရယ် ကွမ်ဆာ ကိုလည်း ယူရို သန်း ၈၀ ပေးချေပြီး ပြန်လည် ခေါ်ယူနိုင်မယ့် အခွင့်အရေး ကိုပါ ထည့်သွင်း စဉ်းစားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


