နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆီမီညိုကို ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းမယ့် ချဲလ်ဆီး၊ ရာဖေးလ် လီယောင်ထက် ယာအို ပီဒရို ကိုသာ ခေါ်ယူဖို့ အလားအလာ များနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ရောက်ရှိလာခြင်းကြောင့် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူ့ရဲ့ အလုပ် အပေါ် ဖိအားပေးခံရမှာ မဟုတ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အားကစားဒါရိုက်တာ ရာထူး အတွက် ၇ ဦးလောက် အထိ ချိတ်ဆက်ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကာ နောက်ဆုံး မှာတော့ ဘာတာနဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ 

ဆက်စပ် သတင်းတွေအရ ဆိုရင် ဘာတာက သူအရင်က အက်တလက်တီကိုမက်ဒရစ် အတွက် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အင်တာမီလန်က အာဂျင်တီးနားသား တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို အာဆင်နယ်တို့ ခေါ်ယူဖို့ တွန်းအားပေးသွားမယ်လို့ သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက် ကတော့ ပေါ်တို ဂိုးသွင်းစက် ဆာမူ အက်ဂ်ဟီဟိုဝါ (ယခင် ဆာမူ အိုမိုရိုဒီယွန်) ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၄ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှိပြီး စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်နဲ့ ခရစ္စတယ်ပဲလေ့စ်က ဂျင်းန် ဖီးလစ် မက်တေးတား ကိုလည်း ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘုန်းမောက်က အန်တိုနီ ဆီမီနီယိုကို ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာရက်စ်ကာရဲ့ အသင်းက ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ ဒေါ့မန်က ဂျေမီ ဘိုင်နို ဂစ်တန် တို့ကိုလည်း အလားအလာ ရှိတဲ့ အပြောင်းအရွှေ့တွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ် တောင်ပံကစားသမား နီကို ဝီလီယမ်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်ကြောင်း စပိန် သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ Todofichajes က ဖော်ပြလာပါတယ်။ ဒါပေမယ့်လည်း ဒါက အတည်ပြုလို့ မရသေးတဲ့ သတင်း တစ်ပုဒ် ဖြစ်တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အေစီမီလန်က ရာဖေးလ် လီယောင်ထက် ပေါင် သန်း ၁၀၀ တန်ကြေး ရှိတဲ့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပီဒရိုကို ခေါ်ယူဖို့ အလားအလာ ပိုများနေပါတယ်။
ယာအို ပီဒရို အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် အသုံးပြုရဖွယ် ရှိနေတဲ့ လစ်ဗာပူးလ်

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ ဘရာဇီးလ်သားကို ခေါ်ယူချင်ရင်တော့ နယူးကာဆယ်က သဘောကျနေတဲ့ ရော်နယ် အာရူဟိုကို အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ 

မန်ချက်စတာစီးတီး ကတော့ စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ဖရန်စစ်ကို ထရင်ကာအို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားဟာ ပရီးမီးယားလိဂ် မှာ ကစားခဲ့ဖူးသလို စီးတီးရဲ့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက် ကလည်း ခေါ်ယူချင်နေပါတယ်။ 

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကတော့ လာမယ့် နွေရာသီမှာ ကစားသမား ဘဝကို နောက်တစ်ဆင့် တက်လိုတဲ့ လေဗာကူဆင် တောင်ပံ ကစားသမား ဂျရယ်မီ ဖရင်မ်ပေါင်ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဖရင်မ်ပေါင် ကတော့ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ မကြာသေးမီက ငယ်ဘဝ ကလပ် ဆန်းတို့စ်ကို ပြန်လည် ပြောင်းရွှေ့ပြီးနောက် ခြေစွမ်းပြနေတဲ့ နေမာကို အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု အဖြစ် စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေမာရဲ့ အေးဂျင့် ဖြစ်သူ ကတော့ သူ့ရဲ့ ကစားသမား အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်တန်းလိဂ်တွေက ကလပ် များစွာနဲ့ ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အေစီမီလန်က ရာဖေးလ် လီယောင်ထက် ပေါင် သန်း ၁၀၀ တန်ကြေး ရှိတဲ့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပီဒရိုကို ခေါ်ယူဖို့ အလားအလာ ပိုများနေပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ လူးဝစ် ဒီးယက်ဇ်နဲ့ ဒါဝင် နူညက်ဇ် နှစ်ဦးထဲက တစ်ဦးကို လက်လွှတ်ဖို့ ရှိနေပြီး ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်