နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒူးစ်ဘာရီ-ဟောလ်ကို ခေါ်ယူဖို့ အကြံပြုထားတဲ့ ကာရစ်ခ်၊ ဆော်ဒီထက် အင်္ဂလန်မှာသာ ပြောင်းရွှေ့ ကစားချင်နေတဲ့ သူရမ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာမယ်လို့ ကြေညာထားပြီး ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း အတွင်းပိုင်း မှာတော့ ကွင်းလယ်လူ ကက်စ်မဲရိုးကို ဆက်ထိန်းထားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အသင်းကို အင်အားဖြည့်တင်းဖို့ အတွက် ယူနိုက်တက်ဟာ ဘက်ဆစ်တပ်စ် အသင်းခေါင်းဆောင် ကော့ချ်ကူကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။ 

မန်ယူနိုက်တက် ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်က အက်စတွန်ဗီလာရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အဲဗာတန် ကွင်းလယ်လူ ဒူးစ်ဘာရီ-ဟောလ်ကို ခေါ်ယူဖို့ အကြံပြုထားပါတယ်။ ဒူးစ် ဘာရီ-ဟောလ် ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန် အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် အသင်းက စိတ်ဝင်စားမှု ရပ်တန့်သွားပြီးနောက် မန်စီးတီးဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ကတ်စပါ ဟူးလ်မန်းကို ခေါ်ယူဖို့ ရှေ့ဆုံး ကနေ ဦးဆောင်နေပါတယ်။ 

လစ်ဗာပူးလ်က ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူဖို့ ချဲလ်ဆီးထက် အခြေအနေ ပိုကောင်းနေပြီး ကစားသမားနဲ့ အဆက်အသွယ် အသစ်တွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ကိုဒီ ဂက်ခ်ပိုဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာနိုင်ပြီး တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားနေပါတယ်။ သူထွက်ခွာမှသာ နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ နေရာလွတ်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်က ပီအက်စ်ဂျီ တောင်ပံ ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပြင်သစ် ကလပ် ကတော့ လက်ရှိမှာ ရောင်းချဖို့ အစီအစဉ် မရှိဘူးလို့ တင်းခံထားပါတယ်။ 

ဘာစီလိုနာက အန်ဇို ဖာနန်ဒက်ဇ်ကို စိတ်ဝင်စားနေပြီး ချဲလ်ဆီး ဘက်ကလည်း ဖရန်ကီ ဒီယောင်နဲ့ အလဲအထပ် ပြုလုပ်မယ် ဆိုရင်တော့ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။

ချဲလ်ဆီးဟာ တိုက်စစ်မှူး လီယမ် ဒီလက်ပ် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့် ရှိနေပြီး နယူးကာဆယ်က စိတ်ဝင်စားနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ခန့် ပေးရမှာ ဖြစ်ပါတယ်။ 

စပို့တင်းစီပီရဲ့ ဘယ်နောက်ခံလူ အာရူဟိုကို ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေပါတယ်။ 

အကယ်၍ စပါးသာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရင် မန်ချက်စတာယူနိုက်တက်က လူငယ် ကွင်းလယ်လူ အာချီ ဂရေးကို ဈေးနှုန်း သက်သက်သာသာနဲ့ ခေါ်ယူဖို့ ကြိုးစားမှာပါ။ 

အင်တာမီလန် တိုက်စစ်မှူး မားကပ်စ် သူရမ်ဟာ ဆော်ဒီ ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေထက် ပရီးမီးယားလိဂ်ကို ပိုမို စိတ်ဝင်စားနေပြီး အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။
အင်တာမီလန် ကနေ ထွက်ခွာဖို့ များနေတဲ့ မားကပ်စ် သူရမ်

အင်တာမီလန် တိုက်စစ်မှူး မားကပ်စ် သူရမ်ဟာ ဆော်ဒီ ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေထက် ပရီးမီးယားလိဂ်ကို ပိုမို စိတ်ဝင်စားနေပြီး အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပါတယ်။ 

ဟယ်ရီ မက်ဂွိုင်းယားဟာ အဲဗာတန်၊ ဆန်းဒါးလန်း၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ထားပါတယ်။ 

ဘေယန်မြူးနစ်ဟာ ဘာစီလိုနာ လူငယ် နောက်ခံလူ ပါအူ ကူဘာဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ နောက်ဆုံး အသင်း ဖြစ်လာပါတယ်။ 

လု့ခ်ကီဘာနဲ့ ကိုနာတေး တို့ကို ခေါ်ယူဖို့ ငွေကြေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အန်တိုနီယို ရူဒီဂါကို စာချုပ်သစ်ချုပ်ဆိုဖို့ နားချနေပါတယ်။

နည်းပြ ဟန်ဆီ ဖလစ်ခ်က ထောက်ခံထားပေမယ့် ဘာစီလိုနာဟာ ဂျူးလ်စ် ကွန်ဒေးကို မရောင်းမဖြစ် ကစားသမား စာရင်းထဲ ထည့်မထားဘဲ ကမ်းလှမ်းမှု ကောင်းရင် ရောင်းချဖို့ စဉ်းစားမှာပါ။

အက်တလက်တီကိုမက်ဒရစ်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အီဂေါ သီယာဂိုကို ခေါ်ယူလိုနေပြီး ယူရို သန်း ၅၀ နဲ့ ခေါ်ယူခွင့် ရရှိထားပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် တစ်ယောက် ယခုတစ်ခေါက် အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း နည်းပြ အဲလ်ဗာရို အာဘီလိုအာက အတည်ပြုသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် လူစာရင်းထဲ ပါဝင်လာခဲ့တဲ့ ဘယ်လင်ဟမ်ဟာ လက်ရှိရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗယ်လီကာနိုနဲ့ ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်