အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အန်ဇို ဖာနန်ဒက်ဇ် ကိုတော့ ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူချင်တာကြောင့် ကာလ ကြာမြင့်စွာ စောင့်ကြည့်နေခဲ့တာပါ။
ဆော်ဒီပရိုလိဂ် ကလပ် အသင်း တချို့ဟာ မိုဟာမက် ဆာလာကို လာမယ့် ဆောင်းရာသီ အတွင်း အပြောင်းအရွှေ့မှာ ခေါ်ယူချင်နေပေမယ့် အကုန်အကျများဖွယ် ရှိနေတာကြောင့် အဆင်ပြေဖွယ် မရှိကြောင်း သိရပါတယ်။ ဆာလာ ကတော့ လက်ရှိမှာ နည်းပြ အာနေး ဆလော့တ်နဲ့ အဆင်ပြေသွားခဲ့ပေမယ့် လစ်ဗာပူးလ်မှာ အနာဂတ် မသေချာသေးကြောင်း သိရပါတယ်။
ဆာလာ အနေနဲ့ တူရကီကို အငှားထွက် ကစားမယ့် အခြေအနေလည်း မရှိပဲ ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေးစရာမလိုပဲ အလွတ်နဲ့သာ ခေါ်ယူချင်နေကြပါတယ်။ မိုဆာလာရဲ့ အေးဂျင့်တွေ ကတော့ စီးရီးအေ ကလပ် အသင်း တချို့နဲ့ ဆွေးနွေးနေကြပေမယ့် လစာ ပြဿနာ တချို့နဲ့ ပြောင်းရွှေ့ကြေးပိုင်း ညှိနှိုင်းလို့ မရသေးကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဆောင်းရာသီမှာ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အပြီးသတ် ခေါ်ယူဖို့ပါ စဉ်းစားနေကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်လိုနေတဲ့ ရူဘင် အမော်ရင် အနေနဲ့ လက်ရှိ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင် သန်း ၇၀ လောက်နဲ့ ရောင်းချသွားနိုင်ချေ ရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ ဘေယန်မြူးနစ် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ဇန်နဝါရီ ၁ ရက်နေ့ စတင် ခေါ်ယူနိုင်ဖို့ ပုံမှန် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။
တော့တင်ဟမ်စပါးအသင်း ကတော့ ဘုန်းမောက် တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီယို ဆီမီညိုကို မန်စီးတီး၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယက်စ် ဂျူနီယာကို လစာ ထပ်မံ တိုးမြှင့် ကမ်းလှမ်းတော့မှာ မဟုတ်ကြောင်း သတိပေးလိုက်ပါတယ်။ အကယ်၍ ဘရာဇီးလ်သား ဘက်ကသာ နောက်ဆုံး ကမ်းလှမ်းထားတဲ့ လုပ်ခလစာ အတိုင်း လက်မခံရင်တော့ မကြာခင်မှာ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ အသင်းရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ရောင်းချဖြစ်ခဲ့ရင်တော့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ပြန်လည် အစားထိုးလိုနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


