နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၁၃.၃ ရာခိုင်နှုန်း ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ နှစ်ရပ်စလုံးမှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၁၃.၃ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းခံထားရပါတယ်။ အာဆင်နယ်ဟာ ရာသီအစ ကတည်းက ဒီရာသီ အဓိက ပြိုင်ပွဲ နှစ်ခုစလုံးမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတာ ဖြစ်ပြီး လက်ရှိ အခြေအနေထိလည်း ဒီလို အခြေအနေကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ အဆင့် ၂ နေရာက မန်ချက်စတာစီးတီးကို ၂ မှတ် ဖြတ်ပြီး ဦးဆောင်နေပါတယ်။ အာဆင်နယ်က လိဂ်ပွဲ ၁၆ ပွဲ ကစားပြီးချိန်မှာ ၁၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးကာ ရမှတ် ၃၆ မှတ် ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ် မှာလည်း အဆင့် ၂ နေရာက ဘေယန်မြူးနစ်ကို ၃ မှတ် ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ၆ ပွဲ ကစား ၆ ပွဲနိုင်၊ ရဂိုး ၁၇ ဂိုး၊ ပေးဂိုး ၁ ဂိုး ရှိထားကာ ပရီးမီးယားလိဂ် မှာထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်က အဓိက ပြိုင်ပွဲကြီး နှစ်ခုစလုံးမှာ ဘွတ်ကီတွေရဲ့ စိတ်ကြိုက် အသင်း ဖြစ်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိနိုင်ခြေ ၆၀ ရာခိုင်နှုန်း၊ ချန်ပီယံလိဂ်ဖလား ရရှိနိုင်ခြေ ၂၂ ရာခိုင်နှုန်း၊ နှစ်မျိုးစလုံး ရရှိနိုင်ခြေ ၁၃.၃ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းခံထားရတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာဆင်နယ်ဟာ ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း များပြားနေမှုကို အချိန် ကြာမြင့်စွာ ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၂၀၀၄ ဘောလုံး ရာသီက နောက်ဆုံး အကြိမ် ရရှိခဲ့ပြီး ချန်ပီယံ မဖြစ်တာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၂၀၀၄ ဘောလုံး ရာသီက နောက်ဆုံး အကြိမ် ရရှိခဲ့ပြီး ချန်ပီယံ မဖြစ်တာ နှစ်ပေါင်း ၂၀ ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် ဖလား ကိုတော့ အသင်း သမိုင်းတလျှောက် တစ်ကြိမ် တစ်ခါမှ ရယူနိုင်ခဲ့ခြင်း မရှိပဲ ၂၀၀၄ ခုနှစ်မှာ ဗိုလ်လုပွဲ တက်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ဆုဖလားတွေ အပေါ်မှာ စိန်ခေါ်နိုင်စွမ်း သိသိသာသာ မြင့်တက်လာတာကြောင့် အခုလို ရေပန်းစားနေခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲရဖို့ ရုန်းကန်လာရတာကြောင့် အသင်းရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိကြောင်း နည်းပြ မီခဲလ် အာတေးတားက သုံးသပ်ထားပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းထဲမှာ ကိုင် ဟာဗက်ဇ်၊ မက်စ် ဒေါင်းမန်း၊ ဂါဘရီရယ်၊ မော့စ်ကွယ်ယာ၊ ဘန်ဝှိုက်တို့ ရောက်ရှိနေပြီး အဓိက ကတော့ ခံစစ် ကစားသမားတွေ အနားယူနေရခြင်းက အာဆင်နယ်ကို သိသိသာသာ အားနည်းနေစေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ထရော့ဆက်ဒ်၊ ဆလီဘာ၊ ဂျေဇုစ်တို့ လူစာရင်းထဲ ဆက်လက် ပါဝင်လာဖို့ ရှိနေပါတယ်။

နောက်ထပ် အခြေအနေ တစ်ခုက အာဆင်နယ်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ဖြစ်ပါတယ်။ အဲဗာတန်၊ ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ ဘုန်းမောက်နဲ့ လစ်ဗာပူးလ် တို့ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ကို အမှတ်လျော့စေခဲ့တဲ့ အသင်းတွေ ဖြစ်တာကြောင့် မီခဲလ် အာတေးတားတို့ အုပ်စု အနေနဲ့ သတိကြီးကြီး ထားရဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်