နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဖာနန်ဒက်စ်လို ကစားသမားတွေ လိုအပ်ကြောင်း ပြောလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ဒီတစ်ပတ် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ လှပသပ်ရပ်တဲ့ ဖရီးကစ် သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ ဒီကလန် ရိုက်စ်ရဲ့ ချေပဂိုးကြောင့်သာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ပွဲအပြီး မှာတော့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးသွားခဲ့ပြီး အသင်းမှာ ဘရူနိုလို နောက်ထပ် ကစားသမားတွေ လိုအပ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ အမော်ရင်က “ကျွန်တော် ပြောချင်တာက ကျွန်တော် တို့ဟာ ဘရူနိုတွေ အများကြီး လိုအပ်ပါတယ်။ သူ့မှာ ရှိတဲ့ စရိုက် လက္ခဏာ၊ အမြဲတမ်း အသင့်ရှိနေမှုက အရမ်းပဲ အရေးကြီးပါတယ်။ ဘောလုံးနဲ့ရော ဘောလုံးနဲ့ မရှိတဲ့အခါ မှာပါ သူက အရမ်းကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဒီရာသီမှာ ဂိုးပါဝင် ပတ်သတ်မှုပေါင်း ၂၅ ကြိမ် အထိ လုပ်ဆောင်နိုင်ခဲ့ပြီးတော့ ဒါကလည်း ၃ ရာသီ ဆက်တိုက် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဘရူနို ဖာနန်ဒက်စ် ကိုတော့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က အခုလိုပဲ ချီးကျူးစကား ပြောခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းမျိုးနဲ့ ပုံမှန် လုပ်ဆောင်နိုင်မယ့် ကစားသမားတွေ ပိုမို လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

ဟေဗန်ဟာ အသင်းဟောင်းနဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှသာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ပါဝင် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အေဒင် ဟေဗန်

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့လည်း ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင်း ရွိုင်းကိန်းက “ကပ္ပတိန်က အံ့မခန်းပါပဲ။ သူ့ရဲ့ အရည်အသွေးကို ကျွန်တော် ဘယ်တော့မှ သံသယ မဝင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်း အတွက် ပိုလုပ်နိုင်မယ်လို့ တွေးခဲ့ပါတယ်။ ဘယ်လောက် ကောင်းတဲ့ ကန်ချက်လဲ။ အားအင်၊ နည်းစနစ်တွေနဲ့ ကန်သွင်းခဲ့တာ။ သူ့ရဲ့ အရှိန်က ဂိုးသမားကို အံ့အားသင့်စေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ချီးကျုးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်ကို အနိုင်ရလုနီးပါး အထိ ဖြစ်ခဲ့ပေမယ့် ဂိုးသမား ဒါးဗစ် ရာယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဇီယက်ခ်ဇီး နေရာမှာ လူစားဝင်ခဲ့တဲ့ ရက်စ်မတ်စ် ဟွိုက်ဂျ်လန်း အနေနဲ့ အခွင့်အရေးကောင်းကို အသုံးမချနိုင်မှုတွေက ယူနိုက်တက်ကို အနိုင်ရရှိစေဖို လွဲချော်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုပွဲမှာ ဒဏ်ရာရသွားတဲ့ လီနီ ယိုရို နေရာမှာ လူစားဝင်ခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်းလေး ဟေဗန် ကတော့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ာဆင်နယ် လူငယ် ကြယ်ပွင့်လေး အေဒင် ဟေဗန် ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကမှ အာဆင်နယ် ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဟေဗန်ဟာ အသင်းဟောင်းနဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှသာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ပါဝင် ကစားခွင့်ရခဲ့တာ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်