နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

သမိုင်းတလျှောက် အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းများ | ဘောလုံး

အခုတစ်ခါမှာတော့ The Analyst က ဖော်ပြခဲ့တဲ့ အင်္ဂလန် ဘောလုံး လောကရဲ့ အအောင်မြင်ဆုံး ကလပ် အသင်းတွေ အကြောင်းကို SBOTOP ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ချန်ပီယံသစ် ထွက်ပေါ်လာခြင်း

မန်ချက်စတာစီးတီး အသင်း ၄ နှစ် ဆက်တိုက် စိုးမိုးခဲ့ပြီးနောက် မှာတော့ ပရီးမီးယားလိဂ် ဖလားပေါ်မှာ အမည်သစ် တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဧပြီလကုန်မှာ စပါးကို ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လစ်ဗာပူးလ်ဟာ ၂၀၂၄-၂၅ ရာသီရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ကြိုးကြာနီတွေရဲ့ အကြိမ် ၂၀ မြောက် အင်္ဂလန် အမှတ်ပေးချန်ပီယံဆု ဖြစ်ပြီး သူတို့ရဲ့ အဓိက ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ အကြိမ် ၂၀ စီနဲ့ စံချိန်တူသွားခဲ့ပါပြီ။

 

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း တခြား ဆုဖလား ရရှိတဲ့ အသင်းများ

  • တော့တင်ဟမ်ဟော့စပါး – ယူရိုပါလိဂ်
  • ချဲလ်ဆီး – ယူရိုပါကွန့်ဖရန့်လိဂ် နဲ့ ၂၀၂၅ ဖီဖာ ကမ္ဘာ့ ကလပ်ဖလား
  • ခရစ္စတယ်ပဲလေ့စ် – အက်ဖ်အေဖလား
  • နယူးကာဆယ်: ခရာဘောင်ဖလား
 

သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းများ

ဘောလုံးသမိုင်းမှာ ဆုဖလား အောင်မြင်မှုတွေကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာ ငြင်းခုံစရာတွေ ရှိနေတတ်ပါတယ်။ ဥပမာ – နယူးကာဆယ်ရဲ့ လိဂ်ဖလား ၃ လုံးဟာ ဂိုးသမားတွေ ကွင်းလယ် အထိ ဘောလုံးကို လက်နဲ့ ကိုင်လို့ ရတဲ့ ခေတ်က ရခဲ့တာဖြစ်သလို၊ ပရက်စတန်ရဲ့ ဖလားတွေ ကလည်း ပင်နယ်တီ စည်းမျဉ်း မပေါ်ခင်က ရခဲ့တာပါ။ ဒါတွေကို ခေတ်သစ် ဘောလုံးလောကရဲ့ ပြင်းထန်တဲ့ အားပြိုင်မှု ကြားက ရတဲ့ ဖလားတွေနဲ့ တန်ဖိုးတူ သတ်မှတ်သင့်သလား ဆိုတာ စဉ်းစားစရာပါ။

 

သတ်မှတ်ချက်များ

အမှန်တရား ကတော့ အင်္ဂလန် ဘောလုံးလောကမှာ ဘယ်အသင်းကမှ ထာဝရ စိုးမိုးနိုင်ခြင်း မရှိတာပါပဲ။
အဓိက ဆုဖလား ၄၄ လုံး ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်

စူပါဖလား ဆုဖလားတွေကို ချစ်ကြည်ရေးပွဲဆန်လွန်းတဲ့ အတွက် ထည့်မတွက်ထားပါဘူး။ ကမ္ဘာ့ကလပ်ဖလား ကိုလည်း ပုံစံဟောင်းကို ချန်လှပ်ထားပြီး ၂၀၂၅ ခုနှစ်မှာ စတင်တဲ့ အသင်း ၃၂ သင်း ပါဝင်တဲ့ ပုံစံသစ် ကိုပဲ ထည့်သွင်းတွက်ချက်ထားပါတယ်။ (မှတ်ချက် – အကယ်၍ သင်က ပုံစံဟောင်းကိုပါ ထည့်တွက်ချင်တယ် ဆိုရင်တော့ ယူနိုက်တက်၊ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ကို ဖလား တစ်လုံးစီ ထပ်ပေါင်းရမှာ ဖြစ်ပါတယ်။)

 

သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းများ

  • လစ်ဗာပူးလ် – အဓိက ဆုဖလား ၄၇ လုံး
  • မန်ချက်စတာယူနိုက်တက် – အဓိက ဆုဖလား ၄၄ လုံး
  • အာဆင်နယ် – အဓိက ဆုဖလား ၃၁ လုံး
  • မန်ချက်စတာစီးတီး – အဓိက ဆုဖလား ၂၇ လုံး
  • ချဲလ်ဆီး – အဓိက ဆုဖလား ၂၇ လုံး

ထူးခြားချက်တွေ အနေနဲ့ လစ်ဗာပူးလ်ဟာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထက် ဆုဖလား ၃ လုံး ပိုများနေပါတယ်။ နယူးကာဆယ် ကတော့ ၁၉၆၈-၆၉ က Inter-Cities Fairs Cup ရပြီး နောက်ပိုင်း ပထမဆုံး အဓိက ဆုဖလားနဲ့ ၁၉၅၄-၅၅ နောက်ပိုင်း ပထမဆုံး ပြည်တွင်းဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ၂၀၂၅ ယူရိုပါကွန့်ဖရန့်လိဂ်ဖလား ရရှိခဲ့တာကြောင့် သမိုင်းတစ်လျှောက် ဥရောပဖလား အမျိုးအစား ၄ မျိုး (ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ Cup Winners’ Cup နဲ့ ကွန့်ဖရင့်လိဂ်) စလုံးကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာပါတယ်။ ပြီးနောက် ချဲလ်ဆီးက ပီအက်စ်ဂျီ ကို ၃-၀ နဲ့ နိုင်ပြီး (၂၇) လုံးမြောက် အဖြစ် ကမ္ဘာ့ ကလပ် ဖလား ကိုပါ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ကတော့ သမိုင်းမရှိဘူးလို့ အပြောခံရလေ့ ရှိပေမယ့် လက်ရှိ မှာတော့ အင်္ဂလန်ရဲ့ စတုတ္ထမြောက် အအောင်မြင်ဆုံး အသင်းတွေ ဖြစ်နေကြပြီး တတိယနေရာက အာဆင်နယ်နဲ့ အကွာအဝေး ကျဉ်းမြောင်းလာနေပြီ ဖြစ်ပါတယ်။

 

မှတ်တမ်းဟောင်းများ

ဘောလုံးလောကဟာ ပရီးမီးယားလိဂ် စတင်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဒါမှမဟုတ် လိဂ်ပြိုင်ပွဲတွေ စတင်ခဲ့တဲ့ ၁၈၈၈ ခုနှစ်မှ စတင်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှာတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းတွေဟာ အက်စတွန်ဗီလာ (ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်)၊ ဆန်းဒါးလန်း (၃ ကြိမ်) နဲ့ ပရက်စတန် (၂ ကြိမ်) တို့ ဖြစ်ကြပါတယ်။ ဗီလာ အသင်းဟာ ၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းမှာ ၅ ကြိမ်မြောက်နဲ့ ၁၉၁၀ မှာ ၆ ကြိမ်မြောက် ဖလားတွေကို ရရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်း မှာတော့ ၁၉၈၁ ခုနှစ်ကျ မှသာ အင်္ဂလန်ချန်ပီယံ တစ်ကြိမ် ထပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနိုင်ပွဲကြောင့်ပဲ ၁၉၈၂ ခုနှစ်မှာ ဥရောပချန်ပီယံ ဖြစ်ခွင့် ရရှိခဲ့တာပါ။

၁၉၇၈ ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလား တစ်ကြိမ်သာ ရခဲ့ပေမယ့် အဲဒီနိုင်ပွဲက တစ်ဆင့် ၁၉၇၉ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဥရောပဖလားကို နှစ်ကြိမ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် အသင်း ကလည်း မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။ လက်စတာစီးတီး ကတော့ ၂၀၁၀ ပြည့်နှစ်တွေ အစမှာ အင်္ဂလန် ချန်ပီယံ ဒါမှမဟုတ် အက်ဖ်အေဖလား တစ်ကြိမ်မှ မရဖူးသေးပေမယ့် ၂၀၁၆ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အဲဒီဆုဖလားတွေကို အသီးသီး ရယူနိုင်ခဲ့ပါတယ်။

 

ဒုတိယကမ္ဘာစစ် – သမိုင်းရဲ့ အချိုးအကွေ့

ဘောလုံးပြိုင်ပွဲတွေဟာ ဒုတိယ ကမ္ဘာစစ်ကြောင့် ၇ ရာသီကြာ ရပ်နားခဲ့ရပါတယ်။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် အောင်မြင်မှု ဇယားမှာ အက်စတွန်ဗီလာ က ဆုဖလား ၁၂ လုံးနဲ့ အပြတ်အသတ် ဦးဆောင်နေပြီး ဘလက်ဘန်း က ၈ လုံးနဲ့ ဒုတိယ၊ တခြားအသင်း ၅ သင်း ကတော့ ၇ လုံးစီနဲ့ နောက်မှာ ရှိနေခဲ့ပါတယ်။ အဲဒီအသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေပြီး သူတို့ဟာ အဲဒီ စာရင်းဝင် အသင်းတွေ ထဲမှာ ၂၁ ရာစု အထိ ဆုဖလားတွေကို ပုံမှန် စိန်ခေါ်နိုင်တဲ့ တစ်သင်းတည်းသော သမိုင်းတစ်လျှောက် တည်ငြိမ်မှု အရှိဆုံး အသင်းလို့ သတ်မှတ်နိုင်ပါတယ်။

 

အရှေ့မြောက်ပိုင်း ဘောလုံးလောက ကျဆင်းမှု

 ဆန်းဒါးလန်းနဲ့ နယူးကာဆယ် တို့ရဲ့ လိဂ်ချန်ပီယံဆု အားလုံးဟာ စစ်မတိုင်မီ ခေတ်ကပဲ ရရှိခဲ့တာ ဖြစ်လို့ ဒါဟာ စဉ်းစားစရာ ဖြစ်ရပ် တစ်ခုပါ။ အထူးသဖြင့် ၁၉၃၆ ခုနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဆန်းဒါးလန်းဟာ အင်္ဂလန်မှာ အစင်းကျားဝတ်စုံနဲ့ နောက်ဆုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ဖြစ်နေပါတယ်။ ဒါဟာ အစင်းကျား ဝတ်စုံနဲ့ အသင်းတွေ ချန်ပီယံ ဖြစ်လေ့ ရှိတဲ့ အီတလီလို နိုင်ငံမျိုးနဲ့ ယှဉ်ရင် သိသိသာသာ ကွဲပြားနေပါတယ်။

 

ခေတ်သစ် ဘောလုံးလောကရဲ့ အောင်မြင်မှု မှတ်တမ်းများ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်ဝင်စားစရာ အချက် တစ်ချက် ကတော့ အကယ်၍ ကျွန်တော် တို့ဟာ ဘောလုံးသမိုင်းကို ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၅ ခုနှစ် ကနေ စတင် ရေတွက်မယ် ဆိုရင် ယူနိုက်တက်ဟာ အဓိက ဆုဖလား ရရှိမှုမှာ လစ်ဗာပူးလ်ရဲ့ နောက်မှာပဲ ရှိနေပါသေးတယ်။

လစ်ဗာပူးလ်ဟာ သူတို့ရဲ့ ပထမဆုံး အက်ဖ်အေဖလားကို ရရှိဖို့အတွက် ၁၉၆၅ ခုနှစ် အထိ အတော်လေး စောင့်ဆိုင်းခဲ့ရတာက နာမည်ကြီးတဲ့ သမိုင်း တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ၁၉၁၄ ခုနှစ်နဲ့ ၁၉၅၀ ပြည့်နှစ် ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ် ဝင်ဘလေမှာ အက်ဖ်အေဖလားကို ရရှိခဲ့တာဟာ ၂၀၀၆ ခုနှစ်က “ ဂျရတ်ရဲ့ ဗိုလ်လုပွဲ” နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်ဟာ အက်ဖ်အေဖလား ၈ ကြိမ်စီ ရရှိထားတဲ့ ချဲလ်ဆီး၊ စပါး တို့နဲ့ အတူ အောင်မြင်မှု ဇယားမှာ ပူးတွဲ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ သူတို့ရဲ့ အရှေ့မှာတော့ အာဆင်နယ် (၁၄ ကြိမ်) နဲ့ မန်ယူနိုက်တက် (၁၃ ကြိမ်) တို့သာ ရှိပါတော့တယ်။

 

အင်္ဂလန် ဘောလုံးလောကရဲ့ အမှန်တရား

အမှန်တရား ကတော့ အင်္ဂလန် ဘောလုံးလောကမှာ ဘယ်အသင်းကမှ ထာဝရ စိုးမိုးနိုင်ခြင်း မရှိတာပါပဲ။ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ တခြား ကလပ်တွေထက် အသာစီးရနေတာ မှန်ပေမယ့် ၁၉၄၅ ခုနှစ်က စလို့ ဆုဖလား အောင်မြင်မှု ဇယားကို ကြည့်မယ် ဆိုရင် သမိုင်းတစ်လျှောက် ထိပ်ဆုံး ၅ သင်း စာရင်း ကတော့ အတူတူပါပဲ။ ဒါပေမဲ့ ကွာခြားချက် တစ်ခု ကတော့ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ဟာ အာဆင်နယ်ရဲ့အထက်ကို ရောက်နေတာဖြစ်ပြီး အထူးသဖြင့် ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ၂၀၂၃-၂၀၂၄ ရာသီရဲ့ အောင်မြင်မှုတွေကြောင့် အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုရင်တော့ ပရိသတ်တွေ သိထားရမှာက ကိုယ့် အသင်း ရရှိတဲ့ ဆုဖလားတိုင်းနဲ့ အောင်ပွဲခံရတဲ့ နေ့ရက်တိုင်းကို အမိအရ ပျော်ရွှင် ဆင်နွှဲထားကြဖို့ ဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအောင်မြင်မှု လှိုင်းလုံးကြီးက ဘယ်အချိန်မှာ ရပ်တန့်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်လို့ ဖြစ်ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်