နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

မာဆေးလ်မှာ ၆ နှစ် အထိ နေချင်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်မနေကြောင်း ဖွင့်ဟလာတဲ့ ဒီဇာဘီ | လီဂူးဝမ်း

မာဆေးလ်မှာ ၆ နှစ်ကြာ အထိ ဆက်ရှိနေချင်ပေမယ့် ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်း အပေါ်မှာပဲ မူတည်နေတာ မဟုတ်ကြောင်း ရော်ဘတ်တို ဒီဇာဘီက ဝန်ခံ ပြောကြားလိုက်ပါတယ်။ ဒီဇာဘီ ကတော့ ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာ လီဂူးဝမ်း ကလပ် ကနေ ထွက်ခွာတော့မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ ဒါပေမယ့်လည်း သူက အဆိုပါ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီဇာဘီက သူ့ အနေနဲ့ ကလပ် အသင်းဆီ နှုတ်ထွက်စာ တင်ထားတယ် ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ မာဆေးလ်မှာ ၆ နှစ်လောက် အထိ ဆက်နေလိုကြောင်း အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ အစပိုင်းကာလတွေဟာ ရော်ဘတ်တို ဒီဇာဘီ အတွက်တော့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဆိုရပါမယ်။ မန်ချက်စတာယူနိုက်တက်က ရူဘင် အမော်ရင်ကို ရာထူး ကနေ ထုတ်ပယ်ပြီး နောက်ပိုင်း ဒီဇာဘီဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အီတလီ လူမျိုးဖြစ်တာကြောင့် တခြားသော လီဂူးဝမ်းက နည်းပြတွေထက် ပိုပြီး ဝေဖန်ခံနေရတယ် လို့လည်း ထုတ်ဖော် ပြောဆိုထားခဲ့ပါသေးတယ်။

မာဆေးလ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကလည်း ချန်ပီယံလိဂ် လိဂ်အဆင့် ကနေ မမျှော်လင့်ပဲ ထွက်ခွာခဲ့ရပါသေးတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘင်ဖီကာ တို့ရဲ့ ပွဲစဉ်မှာ ဘင်ဖီကာ ဂိုးသမား ထရူဘင် က ပွဲကစားချိန် ၉၈ မိနစ် အရောက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် မာဆေးလ်ဟာ ဂိုးကွာခြားချက်နဲ့ Play-off အဆင့်ကို လွဲချော်ခဲ့ရတာပါ။ ဒါ့အပြင် မာဆေးလ် ကိုယ်တိုင် ကလည်း ကလပ် ဘရုဂေးကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ကလည်း အခြေအနေကို ပိုဆိုးစေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မာဆေးလ် အသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။
အမှတ်ပေးဇယား ထိပ်က အသင်းတွေနဲ့ ရမှတ် ကွာဟချက်များနေတဲ့ မာဆေးလ်

ဒီရှုံးနိမ့်မှုတွေ အပြီး မှာတော့ ဒီဇာဘီ တစ်ယောက် ရာထူး ကနေ နှုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ပဲရစ်အက်ဖ်စီနဲ့ ကစားရမယ့် လီဂူးဝမ်း ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလိုပဲ တုံ့ပြန် ပြောဆိုလာခဲ့ပါတယ်။

ဒီဇာဘီက “မာဆေးလ်ဟာ ကျွန်တော့် အတွက်တော့ အကောင်းဆုံး နေရာ တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်က မာဆေးလ် အတွက် အကောင်းဆုံး နည်းပြ ဟုတ်မဟုတ် ဆိုတာ ကိုတော့ ကျွန်တော်လည်း သေချာ မသိပါဘူး။ ဒီကလပ်ကို ကျွန်တော် တကယ် ချစ်မြတ်နိုးပြီး ဒါဟာ ကျွန်တော့်ရဲ့ ဝါသနာလည်း ဖြစ်တာကြောင့် ဒီမှာ ၅ နှစ်၊ ၆ နှစ်လောက် အထိ ဆက်နေနိုင်တဲ့ ခွန်အား ကျွန်တော့်မှာ ရှိနေပါတယ်။”

“ကျွန်တော့်ကို စိတ်အနှောင့်အယှက် အဖြစ်စေဆုံး အရာတွေ ကတော့ အသင်းရဲ့ ခြေစွမ်း မတည်ငြိမ်မှုနဲ့ ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ ခံစားချက်မျိုးပါ။ ဒီလို ရှုံးနိမ့်မှုတွေက အမာရွတ်တွေ ကျန်ခဲ့စေပေမယ့် အရင်ကလိုပဲ ပြန်ပြီး အားတင်း ရုန်းထထနိုင်မယ့် ခွန်အား ကျွန်တော် တို့မှာ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မာဆေးလ် အသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။ မာဆေးလ်က ၁၉ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၈ မှတ် ရရှိထားပြီး၊ တစ်ပွဲပို ကစားထားတဲ့ ထိပ်ဆုံးက လန်းစ်နဲ့ ၈ မှတ် အကွာ၊ ဒုတိယနေရာက ပီအက်စ်ဂျီနဲ့ ၇ မှတ် အကွာမှာ ရှိနေပါတယ်။ ဒီဇာဘီဟာ မာဆေးလ်ကို စုစုပေါင်း ၆၆ ပွဲ ကိုင်တွယ်ရာမှာ ၃၈ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၂၁ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်