နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘာပေးရဲ့ လစာထက် ၃၀ ရာခိုင်နှုန်းကျော် ပိုလိုချင်နေတဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

ဘရာဇီးလ် တိုက်စစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ရည်မှန်းထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗင်နီးစီးယပ်စ်က အသင်းဖော် အမ်ဘာပေးရဲ့ လက်ရှိ ရရှိနေတဲ့ လစာထက် ၃၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရရှိလိုကြောင်း အသင်းကို တောင်းဆိုထားကြောင်း စပိန် နာမည်ကြီး သတင်းစာ AS က ဖော်ပြထားပါတယ်။ 

ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လာမယ့် ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ အသင်း ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဗင်နီးစီးယပ်စ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။ ဒါ့အပြင် ဗင်နီ ကိုယ်တိုင် ကတော့ လာလီဂါ ကလပ်မှာ ကာလရှည်ကြာ ဆက်လက် ကစားလိုကြောင်း တရားဝင် ပြောဆိုထားပါတယ်။

အင်တာဗျူး တစ်ခုမှာ ဗင်နီးစီးယပ်စ်က သူ့ရဲ့ ဆန္ဒက ရီးရဲလ်မက်ဒရစ်မှာ ကာလရှည်ကြာ ဆက်နေပြီးတော့ အသင်းနဲ့ အတူ သမိုင်းသစ်တွေ ရေးထိုးသွားဖို့ ဖြစ်ကြောင်း လာမယ့် ရက်အနည်းငယ် အတွင်း မှာလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိမှာ AS ရဲ့ ဖော်ပြချက်အရ ဗင်နီးစီးယပ်စ်ဟာ စာချုပ်သစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ လာလီဂါ ကလပ် ဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ မက်မောလောက်စရာ လုပ်ခလစာနဲ့ ကမ်းလှမ်းခံထားရတဲ့ ဗင်နီးစီးယပ်စ်

သတင်းတွေအရ ဆိုရင် ဆော်ဒီပရိုလိဂ် ထိပ်တန်း ကလပ်တွေက ဗင်နီးစီးယပ်စ်ကို တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀၀ နဲ့ ကမ်းလှမ်းထားကြောင်းလည်း အစောပိုင်း ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ကြေး ကိုလည်း ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို သန်း ၃၀၀ အထိ ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ကစားသမား အနေနဲ့ သူစိတ်ကျေနပ်လောက်တဲ့ လုပ်ခ လစာ ရရှိမှသာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ AS ရဲ့ ဖော်ပြချက်အရ ဗင်နီးစီးယပ်စ်ဟာ စာချုပ်သစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ လာလီဂါ ကလပ် ဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီပမာဏ ကတော့ ရီးရဲလ်မက်ဒရစ်မှာ တစ်နှစ် လုပ်ခ လစာ အများဆုံး အဖြစ် ယူရို ၁၅ သန်း ရရှိနေတဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးရဲ့ လစာထက် ၃၃ ရာခိုင်နှုန်း ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်ပြီး အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်နဲ့ လာလီဂါ ချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၃ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။ ဒါ့အပြင် ဗင်နီးစီးယပ်စ်က ၂၀၂၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါ ဆုကို ရရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် ရိုဒရီက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်