နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ် အတွက် မဖြစ်နိုင်တဲ့ ကွင်းလယ် ပစ်မှတ် နှစ်ခုနဲ့ တခြားသော ရွေးချယ်စရာများ | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ လူကာ မိုဒရစ်၊ တိုနီ ခရူးစ်တို့ အလွန် ကွင်းလယ်ပိုင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး တို့ဟာ လက်ရှိမှာ ထိပ်တန်း ကွင်းလယ်လူ အများစုနဲ့ သတင်းတွေ ထွက်ပေါ်နေသလို ခေါ်ယူဖို့လည်း နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာပါ။ ဒါပေမယ့်လည်း သူတို့ အလွန် နှစ်သက် သဘောကျတဲ့ ကွင်းလယ်လူ နှစ်ဦးကို ခေါ်ယူဖို့ “မဖြစ်နိုင်သလောက်” ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လော့စ်ဘလန်ကိုတို့ အနေနဲ့ ပိုပြီး လက်တွေ့ကျတဲ ပစ်မှတ်တွေကို ချဉ်းကပ်ဖို့လည်း ရှိနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီက ဗစ်တင်ညာနဲ့ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်စ်တို့ အပေါ် အလွန်အမင်း စိတ်ဝင်စားနေပေမယ့်လည်း ခေါ်ယူနိုင်ဖို့ ကတော့ “ မဖြစ်နိုင်သလောက်” ခက်ခဲနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

 

မိုဒရစ်နဲ့ ခရူးစ် အလွန် ကွင်းလယ်ပိုင်းကို အင်အား မဖြည့်တင်းနိုင်ခြင်း

၂၀၂၄ ခုနှစ်မှာ တိုနီ ခရူးစ် အနားယူသွားချိန်နဲ့ ၂၀၂၅ ခုနှစ်မှာ လူကာမိုဒရစ် အသင်း ကနေ ထွက်ခွာသွားချိန်တွေမှာ လာလီဂါ ကလပ်ဟာ ကွင်းလယ်လူသစ်တွေ ထပ်မံ ဖြည့်တင်းခဲ့ခြင်း မရှိပါဘူး။ ဒီအချက်ဟာ အသင်းရဲ့ နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ ကာလို အန်ဆယ်လော့တီနဲ့ ဇာဘီ အလွန်ဆိုတို့ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး ကွင်းလယ်ပိုင်း အားနည်းချက်များကြောင့်ပဲ ၎င်းတို့ နှစ်ဦးစလုံး ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

ဖြစ်နိုင်ခြေ နည်းတဲ့ စိတ်ကူးယဉ် ခေါ်ယူမှုများ

ဗစ်တင်ညာနဲ့ အန်ဇို တို့ကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့်လည်း လာလီဂါ ထိပ်သီး ရီးရဲလ် အတွက် တခြား လက်တွေ့ကျတဲ့ ရွေးချယ်စရာတွေ အများကြီး ရှိနေပါသေးတယ်။
အန်ဇိုနဲ့ ဗစ်တင်ညာကို ခေါ်ယူဖို့သာ အဓိက ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ်

လက်ရှိ နည်းပြသစ် အဲလ်ဗာရို အာဘီလိုအာက အရာအားလုံး အဆင်ပြေနေတယ်လို့ ဆိုထားပေမယ့်လည်း လာမယ့် နွေရာသီမှာ ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူဖို့က အသင်း အတွက် အရေးတကြီး လိုအပ်ချက် ဖြစ်နေပါတယ်။ မက်ဒရစ်ရဲ့ အိမ်မက် ပစ်မှတ်တွေဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အသင်း ချန်ပီယံလိဂ်ဖလား ရရှိရာမှာ အဓိကကျခဲ့သူ ဗစ်တင်ညာ သို့မဟုတ် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်အရ ဘဏ္ဍာရေး ရှုထောင့် ကနေ ကြည့်ရင် ၎င်းတို့ နှစ်ဦး စလုံးကို ခေါ်ယူဖို့က မဖြစ်နိုင်သလောက်ပါပဲ။

ဒီကစားသမား နှစ်ဦးစလုံးဟာ သူတို့ရဲ့ လက်ရှိအသင်းတွေနဲ့ သက်တမ်းရှည် စာချုပ်တွေ ချုပ်ဆိုထားပြီး ဖြစ်ရာ ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော် သုံးစွဲရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဗစ်တင်ညာဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ် ချုပ်ထားသလို၊ အန်ဇို ကလည်း ချဲလ်ဆီးနှင့် ၂၀၃၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါကြောင့် ကစားသမားတွေ ဘက်က ပြောင်းရွှေ့လိုတဲ့ ဆန္ဒရှိရင်တောင် ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့ကသာ အသာစီးရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ် ဘယ်သူ့ကို ခေါ်ယူနိုင်သလဲ။

ဗစ်တင်ညာနဲ့ အန်ဇို တို့ကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့်လည်း လာလီဂါ ထိပ်သီး ရီးရဲလ် အတွက် တခြား လက်တွေ့ကျတဲ့ ရွေးချယ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

 

၁။ နီကို ပက်ဇ် 

ရီးရဲလ်မက်ဒရစ် အတွက် အနီးစပ်ဆုံးနဲ့ ခေါ်ယူဖို့ အလွယ်ကူဆုံး ကတော့ အာဂျင်တီးနား လက်ရွေးစင် နီကို ပက်ဇ် ဖြစ်ပါတယ်။ နံပါတ် (၁၀) ကစားသမား ကဲ့သို့ ဖန်တီးရှင်နဲ့ Box-to-box နံပါတ် (၈) ပုံစံ နှစ်မျိုး စလုံး ကစားနိုင်တဲ့ ပက်ဇ်ကို ၂၀၂၄ ခုနှစ်က ကိုမို အသင်းထံ ရောင်းချစဉ်က “ ပြန်လည် ခေါ်ယူခွင့် (Buyback clause)” ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။ မက်ဒရစ် ကလပ်ဟာ ပက်ဇ်ကို ယူရို ၉ သန်း တည်းနဲ့ ပြန်လည် ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မက်ဒရစ်က ပက်ဇ်ကို ပြန်လည် ခေါ်ယူပြီး တခြား အသင်းတွေထံ ဈေးကြီးကြီးနဲ့ ပြန်လည် ရောင်းချကာ အကျိုးအမြတ် ရှာဖွေနိုင်ပေမယ့်လည်း မက်ဒရစ် အနေနဲ့ အသင်းမှာပဲ ဆက်လက်ထားရှိဖို့ စဉ်းစားနိုင်ပါတယ်။

 

၂။ အလက်ဆစ် မက် အယ်လစ္စတာ

တခြားရွေးချယ်စရာ တစ်ခု ကတော့ လစ်ဗာပူးလ်ရဲ့ ကမ္ဘာ့ဖလားရ ကွင်းလယ်လူ မက် အယ်လစ္စတာ ဖြစ်ပါတယ်။ သူ ကတော့ နည်းပြဟောင်း ကာလို အန်ဆယ်လော့တီ လက်ထက် ကတည်းက ပစ်မှတ်ထားခံခဲ့ရသူ ဖြစ်ပြီး ကစားသမားဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။ လာမယ့် ရာသီအကုန်မှာ မက် အယ်လစ္စတာနဲ့ လစ်ဗာပူးလ် တို့ရဲ့ စာချုပ်က ၂ နှစ်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက် အယ်လစ္စတာ အတွက် ဒီအချိန်မှာ သူ့ရဲ့ ကစားသမားဘဝမှာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေတာကြောင့် မက်ဒရစ် အတွက် အခွင့်အရေး တစ်ခု ဖြစ်လာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်