နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီဒါဆင်ကို လက်ဦးမှုရယူ ခေါ်ယူဖို့ စီစဉ်နေတဲ့ အက်တလက်တီကို၊ ယာမယ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ပီအက်စ်ဂျီ | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ အမြန်ဆုံး ကြိုးပမ်းနေပါတယ်။ အကြောင်းရင်း ကတော့ အာဆင်နယ်က ကြားဖြတ် ဝင်ရောက် ကမ်းလှမ်းလာမှာကို စိုးရိမ်နေလို့ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်နဲ့ အာဆင်နယ်ကြားက အပြောင်းအရွှေ့ကိစ္စတွေ ထပ်ရှိလာနိုင်ပါသေးတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ အာဆင်နယ် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂါဘရီရယ် ဂျေဇုစ်နဲ့ ဂါဘရီရယ် မာတင်နယ်လီ တို့ကိုပါ စိတ်ဝင်စားနေလို့ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ အေးဂျင့်နဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ ဘောလုံး သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအရွှေ့ တစ်ခု ဖြစ်လာစေဖို့ နည်းလမ်း ရှာဖွေနေကြတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ အေးဂျင့်နဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လာမင်း ယာမယ်ကို ကြိုးပမ်းနေဆဲ ဖြစ်တဲ့ ပီအက်စ်ဂျီ

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်နှစ်ခုက အမြင်ကွဲလွဲနေတာကို တွေ့ရပါတယ်။ Cadena SER ရဲ့ အဆိုအရ ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူခွင့် ရှိတဲ့ သဘောတူညီချက်ဟာ မတ်လကုန်မှာ သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ပြီး၊ ကစားသမား ကိုယ်တိုင် ကလည်း ဒီရာသီထက် ပိုပြီး အသင်းမှာ ဆက်ရှိချင်ရဲ့လား ဆိုတာ ဘာစီလိုနာ ဘက်က မသေချာတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Manchester Evening News ကတော့ ဘာစီလိုနာ အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဝယ်ယူခွင့် ရှိတဲ့ အချက်အလက်တွေဟာ အသက်ဝင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ အတ္တလန္တာရဲ့ အသက် (၁၈) နှစ် အရွယ် နောက်ခံလူ အားနက်စ် အာဟာနော်ကို အနီးကပ် စောင့်ကြည့်နေပါတယ်။ သူဟာ ဗဟိုနောက်ခံလူ အဖြစ်ရော ဘယ်နောက်ခံလူ အဖြစ်ပါ ကစားနိုင်တဲ့ အရည်အချင်းရှိသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ အသင်းမှာ ဆက်နေဖို့ ဆန္ဒပြင်းပြနေကြောင်း သိရပါတယ်။ လာမယ့်နွေ အသင်းပြောင်းဖို့ အစောပိုင်းတုန်း ကတည်းက သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တဲ့ ဂျော်ရွှာ ဇစ်ခ်ဇီးဟာ လက်ရှိ နည်းပြ ကာရစ်ခ် လက်အောက် မှာလည်း ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေရသူ ဖြစ်ပါတယ်။ ပုံမှန် ကစားခွင့်ရဖို့ စီးရီးအေ ကလပ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ယခုတစ်ခေါက် မှာတော့ မန်ချက်စတာ မှာပဲ ဆက်နေပြီး ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်လိုနေပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်း နည်းပြ လီယွန်နယ် စကယ်လိုနီ ကတော့ လာမယ့် ကမ္ဘာ့ဖလား ကို ဆက်လက် ဦးဆောင်ဖို့ လီယွန်နယ် မက်ဆီ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဇမ်ဘီယာကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ တစ်ယောက် ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ပေမယ့် လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားပေးဖို့တော့ အတည်ပြုထားခြင်း မရှိသေးပါဘူး။

ဖီဖာ ဥက္ကဌ အင်ဖန်တီနို ကတော့ လာမယ့် ကမ္ဘာ့ဖလားမှာ အီရန်ကို ပါဝင်ကစားဖို့ ထပ်မံဖိတ်ခေါ် တိုက်တွန်းသွားခဲ့ပါတယ်။ လက်ရှိ အမေရိကန်နဲ့ အီရန်တို့ အကြား စစ်ရေး တိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကမ္ဘာ့ဖလား ကိုတော့ နဂိုစီစဉ်ထားတဲ့ အစီအစဉ်တွေ အတိုင်း ဆက်လက် ကစားသွားနိုင်ဖို့ အင်ဖန်တီနို မျှော်လင့်နေပြီး အီရန် ဘောလုံးအဖွဲ့ချုပ် ဘက်ကလည်း ပါဝင်ကစားဖို့ စိတ်ဝင်စားနေပါတယ်။

ပေါ်တူဂီ နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို အနားယူမယ့် အချိန်ကို ပြောဆို ခန့်မှန်းဖို့က အလွန်ခက်ခဲကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင် အသင်း အတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပေမယ့် လာမယ့် ကမ္ဘာ့ဖလား မှာတော့ ရိုနယ်ဒိုက ပေါ်တူဂီကို ထပ်မံ ဦးဆောင်လာဖို့ ရှိနေပါတယ်။ ပေါ်တူဂီ အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ၁၄၃ ဂိုး အထိ သွင်းယူထားပြီး ပြီးခဲ့တဲ့ မက္ကဆီကိုနဲ့ ပွဲမှာ တိုက်စစ်ပိုင်းက ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုကို မာတီနက်ဇ် အပါအဝင် ပရိသတ်တွေက လွမ်းဆွတ်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်