လာမယ့် ၂၀၂၆-၂၀၂၇ ရာသီမှာ အောင်မြင်မှုတွေ ပိုမို ရရှိဖို့ အတွက် လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေဟာ အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။
ဘာစီလိုနာ အနေနဲ့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဖလားကို ဆယ်စုနှစ်ကျော် အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရယူနိုင်ဖို့ အတွက် ကမ္ဘာ့အဆင့် ရှိတဲ့ ကစားသမားတွေကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့်လည်း ဟူလီယန် အဲလ်ဗာရက်ဇ် သို့မဟုတ် အလက်ဆန်ဒရို ဘက်စတိုနီ တို့လို ထိပ်တန်း ကြယ်ပွင့်တွေကို ခေါ်ယူဖို့က ငွေကြေး အမြောက်အမြား လိုအပ်မှာ ဖြစ်ပြီး၊ အသင်းရဲ့ လက်ရှိ ဘဏ္ဍာရေး အခြေအနေ ကလည်း စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။
ဥက္ကဌ ယိုအန် လာပေါ်တာက အသင်း အနေနဲ့ နွေရာသီ ဈေးကွက်မှာ ကန့်သတ်ချက် မရှိဘဲ လှုပ်ရှားနိုင်မယ်လို့ ပြောကြားထားပေမယ့်လည်း လိုအပ်တဲ့ ငွေကြေးတွေကို ရှာဖွေရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရောင်းချခြင်းဟာ ငွေကြေး ရရှိဖို့ အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်နေပါတယ်။ ရောဘတ် လီဝမ်ဒေါစကီးနဲ့ ခရစ္စတန်ဆန် တို့ဟာ အသင်း ကနေ ထွက်ခွာသွားဖို့ ရှိနေပေမယ့်လည်း၊ အသင်း အနေနဲ့ ငွေကြေး ပိုမိုရရှိဖို့ ရောင်းထုတ်သင့်တဲ့ ကစားသမား (၆) ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ မာ့ခ်-အန်ဒရီ တာစတီဂန်
တာစတီဂျန်ရဲ့ အနာဂတ်နဲ့ ပတ်သတ်တဲ့ ဒရာမာဟာ ဒီနွေရာသီမှာ ပြန်လည် စတင်လာဦးမှာ ဖြစ်ပါတယ်။ ယိုအန် ဂါစီယာ အနေနဲ့ အက်စ်ပန်ညို ကနေ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာ အသင်း အတွက် အကောင်းဆုံး ဂိုးသမားအဖြစ် သက်သေပြနိုင်ခဲ့ပြီး ‘ဇမိုရာ’ ဆုကို ဆွတ်ခူးဖို့တောင် နီးစပ်နေပါတယ်။ တာစတီဂျန်ရဲ့ လစာက အလွန် များပြားပြီး အသက် ၃၄ နှစ် အရွယ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အရန် ဂိုးသမား တစ်ဦး အတွက် လစာပေးနေရခြင်းက အသင်း အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် အသင်း အနေဖြင့် သူ့ကို အငှားချခြင်း သို့မဟုတ် ရောင်းထုတ်ခြင်းနဲ့ လစာဝန်ကို လျှော့ချရမှာ ဖြစ်ပါတယ်။
၂။ ရော်နယ် အာရူဟို
အာရူဟိုဟာ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း ဝေဖန်မှုတွေကို အများဆုံးခံခဲ့ရသူ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်မှာ အနီကတ်ပြခံရပြီးနောက် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အတွက် ခွင့်ယူခဲ့ရပြီး နောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့် မရတော့ပါဘူး။ ရာသီဒုတိယပိုင်းမှာ အနည်းငယ် ပြန်လည် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ ခံစစ် အစီအစဉ်မှာ နေရာ ပျောက်ဆုံးနေပါတယ်။ သူ့ရဲ့ တန်ဖိုး မကျဆင်းခင် ရောင်းထုတ်ခြင်းက အသင်းနဲ့ ကစားသမား နှစ်ဦး စလုံး အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။
၃။ မာ့ခ် ကာဆာဒို
ကာဆာဒို ကတော့ ၂၀၂၄-၂၀၂၅ ရာသီအစပိုင်းမှာ အံ့အားသင့်ဖွယ် ခြေစွမ်းပြခဲ့ပေမယ့်လည်း မတ်လမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် နေရာ ပျောက်ဆုံးသွားခဲ့ပါတယ်။ လာလီဂါ ကလပ်ရဲ့ ကွင်းလယ်လူ အင်အား စုစည်းနေမှုကြောင့် သူ့အနေနဲ့ ပွဲကစားခွင့် ရဖို့ တော်တော်လး ခက်ခဲနေခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးသည့် လာမာစီယာထွက် ကစားသမားကို အသင်းမှာ ဆက်ထားပြီး ဖွံ့ဖြိုးမှု ရပ်တန့်သွားစေမယ့် အစား တခြား အသင်းတွေဆီ ရောင်းချပြီး အမြတ်ရယူဖို့ ကြိုးစားသင့်ပါတယ်။
၄။ ဂျူးလ်စ် ကွန်ဒေး
ကွန်ဒေး အတွက်တော့ ဒီရာသီက မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူဟာ ဥရောပ အသင်းကြီးတွေ (မန်စီးတီး၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်) စိတ်ဝင်စားခြင်း ခံနေရတဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ အသက် ၂၇ နှစ် အရွယ် ရှိနေပြီး အကောင်းဆုံး အချိန်ကာလမှာ ရှိနေတာကြောင့် ဘာစီလိုနာ အနေဖြင့် သူ့ကို ရောင်းချပြီး ငွေကြေးအ မြောက်အမြား ပြန်လည်ရရှိနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။
၅။ အလက်ဟန်ဒရို ဘဲလ်ဒီ
ဘဲလ်ဒီဟာ အကောင်းဆုံး ပုံစံမှာ ရှိနေချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ သို့သော် ဒဏ်ရာ ပြဿနာတွေနဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းကြောင့် အသင်းမှာ နေရာ ပျောက်ဆုံးခဲ့ပါတယ်။ အကယ်၍ ယာအို ကန်ဆယ်လိုကို အသင်းမှာ ဆက်လက် ထားရှိနိုင်ရင်တော့ ဘဲလ်ဒီကို ရောင်းထုတ်ဖို့ စဉ်းစားသင့်ပါတယ်။ သူ့ရဲ့ လက်ရှိ တန်ဖိုး (ယူရိုသန်း ၅၀ ခန့်) ဟာ အသင်း အတွက် ကြီးမားတဲ့ ဝင်ငွေ တစ်ခု ဖြစ်လာနိုင်ပါတယ်။
၆။ ဖာရန်း တောရက်စ်

ဖာရန်း တောရက်စ်ဟာ လာလီဂါ ကလပ် အတွက် အခါအားလျော်စွာ ခြေစွမ်းပြနိုင်ပေမယ့်လည်း ဂိုးသွင်းနှုန်း မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဘာစီလိုနာ အနေနဲ့ သူ့ရဲ့ တန်ဖိုးကို အမြတ်ထုတ်နိုင်မည့် နောက်ဆုံး အချိန်ကာလ ဖြစ်နိုင်ပါတယ်။ အသင်း အတွက် အရန် ကစားသမား အဖြစ် ဆက်ထားနိုင်ပေမယ့်လည်း၊ ကမ်းလှမ်းမှုကောင်း တစ်ခု ရရှိရင်တော့ ရောင်းချခြင်းက အကျိုးရှိမယ့် ရွေးချယ်မှု တစ်ခု ဖြစ်နိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


