ဘီလ်ဘာအို – ရိုးမား
ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် အဖြစ် ဘီလ်ဘာအိုနဲ့ ရိုးမားတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိုလံပီကိုမှာ နာကျင် အချိန်ပို သွင်းဂိုးနဲ့ အသာရခဲ့တဲ့ ရိုးမားတို့ စပိန်မြေမှာ အသာရမှုကို ဆက်ထိန်းထားနိုင်မလား၊ ဒါမှမဟုတ် ဘီလ်ဘာအို ကပဲ ရှုံးကြွေး ပြန်ဆပ်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘီလ်ဘာအိုက နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းလာတာ တွေ့ရပြီး နိုင်ပွဲထက် သရေပွဲနဲ့ ရှုံးပွဲတွေ များနေပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပြီး တိုက်စစ် ကစားပုံ ကလည်း အားရစရာ မရှိပါဘူး။ ဘီလ်ဘာအိုဟာ ပထမအကျော့တုန်းက ရိုးမားကို အိုလံပီကိုမှာ ခြေရည်တူ လိုက်ကစားပြီး ၈၅ မိနစ်ကျမှ တစ်ယောက်လျော့ပြီး နာကျင် အချိန်ပိုမှာ ပြိုင်ဘက်ကို အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဘီလ်ဘာအိုက ဒီရာသီ လာလီဂါမှာ အိမ်ကွင်း ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ယူရိုပါလိဂ် မှာတော့ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ရထားပါတယ်။
ရိုးမား ကတော့ နည်းပြ ကလော်ဒီယို ရာနီရေးရီ လက်ထက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုကောင်းလာပြီး ရလဒ်ပိုင်း ကလည်း တည်ငြိမ်လာပါတယ်။ ရိုးမားက နောက်ဆုံး ၈ ပွဲဆက် မရှုံးထားပဲ နိုင်ပွဲ ၇ ပွဲ၊ သရေ ၁ ပွဲသာ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ၆ ပွဲဆက် နိုင်ပွဲ ရထားတဲ့ ရိုးမားတို့ စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး ရောက်နေပါတယ်။ ရိုးမားဟာ ပထမအကျော့ အားသာချက်ကို အခွင့်ကောင်းယူပြီး ဘီလ်ဘာအို ကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ရင်တော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်က ရိုးမား အတွက် ဖြစ်သွားဖို့ များပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဘီလ်ဘာအို – အဂီရက်ဇာဘာလာ၊ ဒီမားကို့စ်၊ နူညက်ဇ်၊ ပါရီဒက်စ်၊ ယူရီ၊ ဂျူရီဂီဇာ၊ ရူအစ်ဇ်၊ အင်နာကီ ဝီလီယမ်စ်၊ ဂိုးမက်ဇ်၊ နီကို ဝီလီယမ်စ်
ရိုးမား – ဆဗီလာ၊ ရန့်ချ်၊ မန်ချီနီ၊ အန်ဒီကာ၊ ဆယ်လီမေကာစ်၊ ပါရီဒက်စ်၊ ခရစ္စတန်တီ၊ အိန်ဂျယ်လီနို၊ ဒီဘားလား၊ ဘဲလ်ဒန်ဇီ၊ ဒိုဗျွတ်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံရာမှာ ရိုးမားက ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ ယူရိုပါလိဂ် မှာတော့ ၂ ကြိမ် တွေ့ဆုံထားပြီးခဲ့တော့ ဘီလ်ဘာအိုက ရိုးမားကို မနိုင်ထားပါဘူး။ ဘီလ်ဘာအို အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ပွဲမှာ တစ်ဖက် ၂ ဂိုးစီ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဘီလ်ဘာအိုက ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ရိုးမား ကတော့ ရာနှုန်းပြည့် နိုင်ပွဲ ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘီလ်ဘာအို နိုင်ရင် ၁.၉၇ ဆ ရမှာ ဖြစ်ပြီး ရိုးမား နိုင်ရင်တော့ ၃.၄၆ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၀၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဘီလ်ဘာအိုက သရေ ရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အောက်ကို ဦးတည်နေပါတယ်။ ဘီလ်ဘာအိုက အိမ်ကွင်း ခြေစွမ်း ကောင်းပေမယ့် ရိုးမား ကလည်း လက်ရှိမှာ Form မိလွန်းနေပါတယ်။ စပိန် ကလပ် အတွက် မလွယ်ကူနိုင်တဲ့ အခြေအနေပါ။ ဒီပွဲကိုလည်း သရေ ရလဒ်ပဲ မျှော်လင့်ထားချင်ပြီး ရိုးမားတို့ နောက်တစ်ဆင့် တက်သွားမယ် ထင်ပါတယ်။ ဂိုးပေါင်း အောက်လည်း ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဘီလ်ဘာအို ၁-၁ ရိုးမား
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.