နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို ပေါ့ဆပြီး မကစားဖို့ သတိပေးလိုက်တဲ့ ဆလော့တ် | ချန်ပီယံလိဂ်

လစ်ဗာပူးလ် ကတော့ ဒီကနေ့ညမှာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဖြစ် အန်ဖီးလ်မှာ ပီအက်စ်ဂျီကို ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ လစ်ဗာပူးလ်က ခံစစ် အသားပေး ကစားခဲ့ရပေမယ့် ပီအက်စ်ဂျီကို အဲလီယော့တ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ် တက်ရေး အားသာချက် ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ သူ့ရဲ့ အသင်းက ဒုတိယအကျော့ မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပထမအကျော့မှာ ပီအက်စ်ဂျီကို အနိုင်ရထားပေမယ့်လည်း အာနေး ဆလော့တ် ကတော့ အဲဒီပွဲ ရလဒ်ဟာ အလွန် ကံကောင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဝန်ခံထားပါတယ်။

ဒုတိယအကျော့ ပွဲစဉ် မတိုင်ခင် အာနေး ဆလော့တ်က “ကျွန်တော်တို့ ပီအက်စ်ဂျီနဲ့ ပွဲမှာ ဒီရာသီ အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ ပြီးပြည့်စုံမှု အရှိဆုံး အသင်း ဖြစ်နေတာမို့လိုပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ ကတော့ ပြင်သစ် ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုများစွာ ရရှိနေပေမယ့်လည်း ချန်ပီယံလိဂ် မှာတော့ လက်ရှိအချိန်ထိ ဆုဖလား အောင်မြင်မှု မရရှိသေးပါဘူး။
လစ်ဗာပူးလ်ကို ဒုတိယအကျော့မှာ အနိုင်ရယူနိုင်စွမ်း ရှိကြောင်း ကြုံးဝါးထားတဲ့ ပီအက်စ်ဂျီ အသင်းသားများ

အာနေး ဆလော့တ်ရဲ့ အသင်းက ဒီရာသီမှာ အက်ဖ်အေဖလား ပြိုင်ပွဲ တစ်ခု ကနေပဲ ထွက်ခွာထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု ရရှိဖို့လည်း သေချာသလောက် ဖြစ်နေပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ခရာဘောင်ဖလား မှာလည်း ဗိုလ်လုပွဲ ရောက်ရှိနေပြီး ဆုဖလားနဲ့ လက်တကမ်း အကွာမှာ ရှိနေပါတယ်။ ပြောရရင်တော့ ဒီရာသီမှ လစ်ဗာပူးလ်ကို စတင် ကိုင်တွယ်ခဲ့တဲ့ အာနေး ဆလော့တ် အနေနဲ့ ကြိုးကြာနီတွေနဲ့ အတူ ဖလား ၃ လုံး အောင်မြင်မှုကို မျှော်လင့်ခွင့် ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ပီအက်စ်ဂျီ တိုက်စစ် ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာ ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လစ်ဗာပူးလ်ကို အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်း ရှိကြောင်း ကြုံးဝါး ပြောဆိုထားပါတယ်။ ဂျော်ဂျီယာသားက ပထမအကျော့မှာ သူ့အသင်း အနေနဲ့ လစ်ဗာပူးလ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့တာကြောင့် ဒုတိယအကျော့မှာ ပြန်လည် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ခါဗရာစခီလီယာက “ကျွန်တော်က အန်ဖီးလ်ကွင်းမှာ ကစားဖူးတဲ့ တစ်ဦးတည်းသော ပီအက်စ်ဂျီ ကစားသမား မဟုတ်ပါဘူး။ ကစားသမား အများစုက အန်ဖီးလ်ကွင်းမှာ ကစားရမယ့် အခြေအနေကို သိထားကြပါတယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် တို့ကို အားပေးမယ့် ပရိသတ်တွေလည်း အဲဒီမှာ ရှိနေမှာပါ။ အရေးအကြီးဆုံးက ဘောလုံး ကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီပွဲက ဒီရာသီမှာ ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးပွဲလို့ ထင်ပါတယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က အဲဒီပွဲကို အနိုင်ယူပြီးတော့ ချန်ပီယံလိဂ်မှာ အချိန်အကြာဆုံး ဆက်ရှိနေဖို့ပါ။” လို့ ပြောကြားခဲ့သည်။

ပီအက်စ်ဂျီ ကတော့ ပြင်သစ် ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုများစွာ ရရှိနေပေမယ့်လည်း ချန်ပီယံလိဂ် မှာတော့ လက်ရှိအချိန်ထိ ဆုဖလား အောင်မြင်မှု မရရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်