နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘေယန်မြူးနစ်နဲ့ အတွေ့မှာ အတ္တလန္တာတို့ မထင်မှတ်တာတွေ လုပ်ပြနိုင်ဦးမလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – ဘေယန်မြူးနစ် 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် အတ္တလန္တာက ဘေယန်မြူးနစ်ကို ဘာဂါမိုမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး အတ္တလန္တာ ကတော့ ဂျာမန် ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မန်ကို ပလေးအော့ဖ် အဆင့်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အနိုင်ယူ ကျော်ဖြတ်ပြီးမှ ဒီအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာပါ။

 

အတ္တလန္တာ

ဥရောပ ပွဲစဉ်တွေမှာ အံ့အားသင့်စရာတွေ လုပ်ပြလေ့ ရှိတဲ့ အတ္တလန္တာက ဒီနှစ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မှာလည်း ပထမအကျော့ (၂) ဂိုးပြတ် ရှုံးနိမ့်မှုကို အနိုင် အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ၂၀၂၄ ယူရိုပါလိဂ် ချန်ပီယံ အတ္တလန္တာက ဒီရာသီ ချန်ပီယံလိဂ်မှာ အီတလီရဲ့ တစ်သင်းတည်းသော ကိုယ်စားပြု ကလပ် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ရှုံးထွက်အဆင့် နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး ပျမ်းမျှ တစ်ပွဲကို ၂ ဂိုးနှုန်း ခွင့်ပြုထားရပါတယ်။ ဒါ့အပြင် နည်းပြ ရာဖေးလ် ပါလာဒီနိုဟာ ဖေဖော်ဝါရီလရဲ့ စီးရီးအေ အကောင်းဆုံး နည်းပြဆု ရရှိခဲ့ပြီး နောက်ပိုင်း အသင်းရဲ့ ရလဒ်တွေက အနည်းငယ် ကျဆင်းလာခဲ့တာ တွေ့ရပါတယ်။

စီးရီးအေမှာ ဆက်တိုက် ရလဒ်ဆိုးခဲ့သလို ပြီးခဲ့တဲ့ တပတ် ကလည်း အူဒီးနီးစ်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် ဦးဆောင်ခံခဲ့ရပြီးမှ တိုက်စစ်မှူး ဂျီယန်လူကာ စကမ်မက်ကာရဲ့ ခေါင်းတိုက်ဂိုး ၂ ဂိုးကြောင့် သရေ တစ်မှတ် ခွဲဝေနိုင်ခဲ့ပါတယ်။ အတ္တလန္တာဟာ ဂျာမန် ကလပ်တွေနဲ့ တွေ့ဆုံမှု ၁၄ ကြိမ်မှာ ၃ ကြိမ်သာ ရှုံးဖူးပေမယ့် ဘေယန်မြူးနစ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ကတော့ သူတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။‌

 

ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၀ မှာ ၃၅ ပွဲအထိ အနိုင်ရထားပြီး ၂ ပွဲသာ ရှုံးနိမ့်ထားတဲ့ အပြင် ချန်ပီယံလိဂ် မှာလည်း အာဆင်နယ် တစ်သင်းတည်း ကိုသာ ရှုံးထားပါသေးတယ်။
ဒီရာသီ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၃၅ ပွဲအထိ အနိုင်ရထားတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၀ မှာ ၃၅ ပွဲအထိ အနိုင်ရထားပြီး ၂ ပွဲသာ ရှုံးနိမ့်ထားတဲ့ အပြင် ချန်ပီယံလိဂ် မှာလည်း အာဆင်နယ် တစ်သင်းတည်း ကိုသာ ရှုံးထားပါသေးတယ်။ လိဂ်အဆင့်မှာ ၈ ပွဲကစား ၇ ပွဲ နိုင်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးလို အသင်းတွေ ကိုလည်း အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သမိုင်းကြောင်းအရ ဘေယန်ဟာ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေမှာ ပိုမို အားကောင်းလာလေ့ ရှိပြီး နောက်ဆုံး ၁၂ ပွဲမှာ ၁၀ ပွဲ အနိုင်ရကာ ၁ ပွဲသာ ရှုံးနိမ့်ဖူးပါတယ်။ ဒါ့အပြင် သူတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဂိုးသွင်းနှုန်း အမြင့်ဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။ နည်းပြ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ ၆ ပွဲဆက် အနိုင်ရထားပြီး ဘွန်ဒက်လီဂါ မှာလည်း နောက်ထပ် ၉ ဂိုးသာ သွင်းယူနိုင်ရင် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းတဲ့ စံချိန်သစ်ကို တင်နိုင်တော့မှာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ပွဲမှာ ဟယ်ရီကိန်း မပါဝင်နိုင်ခဲ့ပေမယ့် လူးဝစ် ဒီးယက်ဇ်၊ မူစီအာလာ၊ လိုင်မာနဲ့ နီကိုးလက်စ် ဂျက်ဆင် တို့ရဲ့ ဂိုးတွေနဲ့ ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဘေယန် ပရိသတ်တွေ ကတော့ သူတို့အသင်း ဖလားသုံးလုံး (Treble) ရယူနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အတ္တလန္တာက ရက်စ်ပါဒိုရီ၊ စကယ်လ်ဗီနီ (မသေချာ)၊ ဒီကတ်တယ်လာရီ၊ အီဒါဆင် (မသေချာ) တို့ လွဲချော်ဖို့ ရှိနေပါတယ်။ ဘေယန်မြူးနစ် ဘက်မှာတော့ မန်ဝဲလ် နော်အာ၊ ကီယာလာ၊ အီတို တို့ လွဲချော်မှာ ဖြစ်ပြီး အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ ဟယ်ရီကိန်းတို့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အတ္တလန္တာ – ကာနက်ဆက်ချီ၊ ကော့ဆူနူ၊ ဟိန်း၊ ကိုလာဆီနက်ချ်၊ ဇာပါကော်စတာ၊ ဒီရွန်၊ ပါဆာလစ်၊ ဘာနက်စ်ကိုနီ၊ ဆာမာဇစ်၊ ဇာလက်စကီး၊ ဆကမ်မက်ကာ

ဘေယန်မြူးနစ် – အာဘစ်ဂ်၊ စတန်နီဆစ်၊ အူပါမီကာနို၊ တာ့ရ်၊ လိုင်မာ၊ ကင်မစ်ချ်၊ ပက်ဗ်လိုဗစ်၊ အိုလီဆေး၊ မူဆီအာလာ၊ ဒီးယက်ဇ်၊ ကိန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့်မှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ အတ္တလန္တာက ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ဘေယန်မြူးနစ် ကတော့ ၅ ပွဲဆက် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အတ္တလန္တာ နိုင်ရင် ၄.၅၁ ဆ၊ ဘေယန်မြူးနစ် နိုင်ရင် ၁.၅၈ ဆ၊ သရေ ဆိုရင်တော့ ၄.၀၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘေယန်မြူးနစ် ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဘွတ်ကီတွေ အနေနဲ့ ဂျာမန် ကလပ် အနိုင်သေချာတယ်လို့ တွက်ဆထားပုံပါပဲ။ အတ္တလန္တာဟာ ဥရောပပွဲစဉ်တွေမှာ သူတို့ရဲ့ အသင်းအင်အားထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသလေ့ ရှိပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ဂိုးတွေ ဆက်တိုက် ခွင့်ပြုနေရပါတယ်။ ဒါကြောင့် မိနစ် ၉၀ ပြည့်အောင် ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကို တားဆီးနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ် အနေနဲ့ သူတို့ရဲ့ အိမ်ကွင်းမှာ အသာရနေနိုင်ဖို့ ဘာဂါမို ကနေ နိုင်ပွဲနဲ့ အတူ အိမ်ပြန်ဖို့ ကြိုးစားပါလိမ့်မယ်။

ခန့်မှန်းရလဒ်

အတ္တလန္တာ ၁-၂ ဘေယန်မြူးနစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်