ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ မှာတော့ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ်က အင်တာမီလန်ကို ၃-၁ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘိုဒို/ဂလင့်မ် တိုက်စစ်မှူး ကက်စပါ ဟော့ဂ်က ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ သူကိုယ်တိုင် ၁ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘိုဒို/ဂလင့်မ်က ဆန်စီရိုမှာ ကစားရမယ့် ဒုတိယအကျော့ အတွက် အသာရသွားခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့တဲ့ အင်တာမီလန် ကတော့ သူတို့ရဲ့ အိမ်ကွင်းမှာ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲချိန် မိနစ် ၂၀ မှာ ဘိုဒို/ဂလင့်မ်တို့ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဟော့ဂ်ရဲ့ ပါးနပ်စွာ ဖနောင့်တို့ ပေးပို့မှု ကနေ တဆင့် ဆွန်ဒရေး ဖတ်က အင်တာမီလန် ဂိုးသမား ယန်း ဆွမ်မားကို ကျော်ဖြတ်ကာ အေးအေးဆေးဆေး ကန်သွင်းယူခဲ့ပါတယ်။ အဲဒီနောက် အင်တာမီလန်တို့ ချက်ချင်း ချေပဂိုး ရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဒါမီယန်ရဲ့ ကန်ချက်က ဂိုးတိုင်ထိမှန်ခဲ့ပြီး ဘာရယ်လာရဲ့ ခေါင်းတိုက်ချက် ကလည်း ဂိုးသမားလက်ထဲကိုသာ တည့်တည့်မတ်မတ် ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ခရစ္စတီယန် ချီဗူးရဲ့ အင်တာမီလန်က ပွဲချိန် မိနစ် ၃၀ မှာ ချေပဂိုး ရရှိခဲ့ပါတယ်။ ဘာရယ်လာရဲ့ ဖြတ်တင်ဘောကို ကားလို့စ် အော်ဂတ်စတိုက ပိတ်ခဲ့ပေမယ့်လည်း ပြန်ကျလာတဲ့ ဘောလုံးကို ဖရန်ချက်စကို ပီယို အက်စပိုစီတိုက အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း အစမှာ လော်တာရို မာတီနက်ဇ်ရဲ့ ကန်ချက် ဂိုးတိုင်ထိမှန်ခဲ့ပြီးနောက် အင်တာတို့ တိုက်စစ်ဆင်နေစဉ် မိနစ် ၆၀ ကျော်တွင် ဘိုဒို/ဂလင့်မ်က ၃ မိနစ် အတွင်း ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့ပါတယ်။ ၆၁ မိနစ် မှာတော့ ဟော့ဂ်ရဲ့ ပေးပို့မှု ကနေ တဆင့် ဂျန်ပက်တာ ဟော့ဂ်က ဘယ်ခြေနဲ့ အားပါပါ ကန်သွင်းကာ ဒုတိယဂိုး ရယူခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဘိုဒို/ဂလင့်မ်ဟာ ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၃ ပွဲ ဆက်တိုက် အနိုင်ရတဲ့ ပထမဦးဆုံး နော်ဝေ ကလပ် ဖြစ်လာခဲ့ပါတယ်။ ကက်စပါ ဟော့ဂ် ကတော့ အင်တာမီလန်လို အသင်းကြီးကို ရှုံးထွက်အဆင့်မှာ ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ် (၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) ပြုလုပ်နိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ပထမဆုံး ကတော့ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ ကစားသမား ဒီဇိုင်းရား ဒူယေး ဖြစ်ပါတယ်)
ဂျန်ပက်တာ ဟော့ဂ် ကတော့ နော်ဝေ ကလပ် တစ်ခု အတွက် ချန်ပီယံလိဂ် တစ်ရာသီ အတွင်း ၅ ဂိုး အထိ သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ယခင်က ရိုဆင်ဘော့ဂ်က ဂျွန်ကာရူးနဲ့ ဖရိုဒီ ဂျွန်ဆင် တို့သာ လုပ်ဆောင်ထားနိုင်ခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်)။
အင်တာမီလန်ဟာ ဒီပွဲမှာ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်နဲ့ မျှော်မှန်းဂိုး (xG) ၁.၃၅ ရှိခဲ့ပေမယ့်လည်း ဘိုဒို/ဂလင့်မ်က ဂိုးကန်သွင်းခွင့် ၈ ကြိမ်သာ ရှိပေမယ့် ထိရောက်တဲ့ တိုက်စစ်ကြောင့် မျှော်မှန်းဂိုး (xG) ၁.၁၇ နဲ့ ၃ ဂိုး အထိ ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


