နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘေယန် အတွက် ရာသီက အခုမှ အမှန်တကယ် စတင်တာ ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ ကိန်း | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ်ဟာ မနေ့ညက ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဟော့ဖန်ဟိမ်းကို ၅-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ယူပြီး ဇယားထိပ် ကနေ ၆ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဟယ်ရီကိန်းက ပင်နယ်တီ ကနေ ၂ ဂိုး သွင်းယူခဲ့သလို လူးဝစ္စ ဒီးယက်ဇ် ကလည်း ဟက်ထရစ် ရခဲ့ပြီး တိုက်စစ် ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲအပြီးမှာ ဟယ်ရီကိန်းက ဘေယန်မြူးနစ်ရဲ့ ရာသီဟာ အခုမှ စတင်တာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ဟယ်ရီကိန်းက ပထမပိုင်းမှာတင် ပင်နယ်တီ ကနေ နှစ်ဂိုး သွင်းယူခဲ့လို့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အတွင်း ဘွန်ဒက်စ်လီဂါ ၂၁ ပွဲမှာ ၂၄ ဂိုး သွင်းကာ စံချိန်တင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ အဓိက ကြယ်ပွင့် ကတော့ လူးဝစ္စ ဒီးယက်ဇ် ဖြစ်ပါတယ်။ လစ်ဗာပူးလ် တောင်ပံကစားသမားဟောင်းဟာ ဘေယန် အတွက် ဟက်ထရစ် သွင်းယူပေးခဲ့ပြီး အသင်းရဲ့ တိုက်စစ် ကစားပုံကို အကောင်းဆုံး ပုံဖော်ပေးခဲ့ပါတယ်။

တခြားသော ကစားသမား တစ်ဦး ဖြစ်တဲ့ မိုက်ကယ် အိုလီဆေး ကလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ၆ ပွဲ ဆက်တိုက် ဂိုးဖန်တီးမှု စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်ထားပြီး ဖြစ်လို့ ပြီးခဲ့တဲ့ရာသီက စံချိန် (၁၅ ကြိမ်) ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ ဒီပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အနိုင်ရရှိဖို့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဘေယန်ဟာ ဘွန်ဒက်စ်လီဂါ အပြင် ဂျာမန် ပိုကယ်ဖလား ကွာတားဖိုင်နယ်မှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေသလို၊ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကိုလည်း တိုက်ရိုက် တက်ရောက်ထားနိုင်ပါတယ်။

လက်ရှိမှာ ဘေယန်ဟာ ဘွန်ဒက်စ်လီဂါ အပြင် ဂျာမန် ပိုကယ်ဖလား ကွာတားဖိုင်နယ်မှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေသလို၊ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ကိုလည်း တိုက်ရိုက် တက်ရောက်ထားနိုင်ပါတယ်။
ခြေစွာနေတဲ့ ဟောဖန်ဟိမ်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဘေယန်မြူးနစ်

ဟော့ဖန်ဟိမ်းကို ဂိုးပြတ် အနိုင်ယူပြီးနောက် တိုက်စစ်မှူး ဟယ်ရီကိန်းက “ပြီးခဲ့တဲ့ အပတ်တွေတုန်းက ပွဲအချို့မှာ အနိုင်မရခဲ့လို့ အသင်း အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက် တည်တည်ငြိမ်ငြိမ် ရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့က အရေးကြီးပါတယ်။ အခုဆိုရင် အသင်းသားတွေက ကြံ့ခိုင်မှု အပြည့်ရှိနေပြီး အားလုံးက ကွင်းထဲ ဆင်းကစားဖို့ စိတ်အားထက်သန်နေကြပါတယ်။”

“အခုဆိုရင် ကျွန်တော် တို့ဟာ ဒီရာသီရဲ့ အဆုံးအဖြတ်ကာလကို ရောက်ရှိလာပါပြီ။ ဇယားထိပ်မှာ ရမှတ် ကွာဟချက် ရှိနေပေမယ့် ပြီးခဲ့တဲ့ အပတ်က မြင်ခဲ့ရသလိုပဲ အချိန်မရွေး ရမှတ် ကွာဟချက် ပြန်ပြီး ကျဉ်းမြောင်းသွားနိုင်ပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ လူစုံတက်စုံနဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေချင်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ အခု ကျွန်တော်တို့ ဇယားထိပ်မှာ ရှိနေသလို၊ ဖလားပြိုင်ပွဲ အားလုံး မှာလည်း ပါဝင်နေဆဲပါ။ ရာသီက အခုမှ တကယ် စတာ ဖြစ်လို့ ဒီအတိုင်း ဆက်သွားဖို့ပဲ လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ၉၆.၈ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း အာဆင်နယ် (၃၀ ရာခိုင်နှုန်း) ပြီးရင် ဒုတိယမြောက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး (၁၃ ရာခိုင်နှုန်း) အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် နည်းပြ ဖြစ်သူ ဗင်းန်ဆင့် ကွန်ပနီ ကတော့ လာမယ့် လိုက်ပ်ဇစ်နဲ့ ဂျာမန်ဖလား ပွဲစဉ်ကို ပိုမို အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ဂျာမန်ဖလားကို ကိုင်မြှောက်နိုင်ခြင်း မရှိသေးပါဘူး။

ဒါနဲ့ ပတ်သတ်လို့ ကွန်ပနီက “ဟော့ဖန်ဟိမ်းနဲ့ ပွဲက ရလဒ် ကောင်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ အာရုံစိုက်ရမှာက လိုက်ပ်ဇစ်နဲ့ ပွဲပါ။ ဆုဖလားရနိုင်တဲ့ အနေအထားကို ရောက်လာရင် တခြား အရာတွေကို မကြည့်ဘဲ ရှေ့ကိုပဲ တည့်တည့်ကြည့်ရမယ့် စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။ ရလဒ်ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ချက်ချင်း မေ့ပစ်ပြီး နောက်ပွဲမှာ အကောင်းဆုံး ဖြစ်အောင် ပြန်ကြိုးစားရပါမယ်။” လို့ ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်