မန်ချက်စတာစီးတီး – နယူးကာဆယ် (ပထမအကျော့ရလဒ် ၂-၀)
ခရာဘောင်ဖလား လက်ရှိ ချန်ပီယံ နယူးကာဆယ် ကတော့ ပထမအကျော့ နှစ်ဂိုးပြတ် ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ဖို့ အတွက် အက်တီဟတ်ကွင်းမှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်း ကတော့ မတ်လ (၂၂) ရက်နေ့ ဝင်ဘလေမှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ အာဆင်နယ် သို့မဟုတ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပွဲကြိုသုံးသပ်ချက်
မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ သုံးပတ်ခန့်က စိန့်ဂျိမ်းစ်ပတ်ခ်မှာ ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်မှာ အန်တိုနီယို ဆီမီညို၊ ရေယန် ချာကီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ မန်စီးတီးမှာ ဗိုလ်လုပွဲ တက်လှမ်းဖို့ အခြေအနေကောင်း တစ်ခုကို ပိုင်ဆိုင်ထားပြီး နည်းပြ ပပ် ဂွာဒီယိုလာရဲ့ လက်ထက်မှာ ၂၃ ကြိမ်မြောက် ပြည်တွင်း ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို တက်လှမ်းဖို့ နီးစပ်နေပါတယ်။
မန်စီးတီးဟာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ ၆ ကြိမ် အနက် ၁ ကြိမ်သာ ဗိုလ်လုပွဲ မတက်နိုင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ မန်စီးတီးက ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ခရာဘောင်ဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာပါ။ လက်ရှိမှာ မန်စီးတီး (၈ ကြိမ်) က ချန်ပီယံ ၁၀ ကြိမ် ဖြစ်ထားတဲ့ လစ်ဗာပူးလ် ပြီးရင် ခရာဘောင်ဖလား မှာ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။
ဒါပေမယ့်လည်း ပထမအကျော့ အနိုင်ရပြီးနောက် မန်စီးတီးရဲ့ လက်ရှိ ခြေစွမ်းက အနည်းငယ် ကျဆင်းနေတာ တွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက ပထမပိုင်းမှာ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ပေမယ့်လည်း ဒုတိယပိုင်းမှာ ဂိုးတွေ ပြန်ပေးလိုက်ရတာကြောင့် ၂-၂ သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ၂ ဂိုးအသာဖြင့် ဦးဆောင်ပြီးမှ အနိုင်မရခဲ့တာလည်း ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ ဘရက်ဖို့ဒ်၊ စပါးနဲ့ ဖူလ်ဟမ် တို့ကို အနိုင်ယူပြီး ခရာဘောင်ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိမှု မှတ်တမ်း ရပ်တန့်သွားခဲ့ရပါတယ်။
ပထမအကျော့ ပွဲပြီးခါနီး မိနစ် ၉၈ မိနစ်မှာ ဒုတိယမြောက်ဂိုးကို ခွင့်ပြုခဲ့ရခြင်းမှာ နယူးကာဆယ် အတွက် အထိနာစေခဲ့ပေမယ့်လည်း နည်းပြ အက်ဒီဟောင်းဝ် ကတော့ သူတို့ အသင်းဟာ “ အရှုံးမပေးသေးဘဲ ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့ အခိုင်အမာ ပြောဆိုထားသည်။ ၁၉၉၃-၁၉၉၄ ရာသီက အက်စတွန်ဗီလာ အသင်း ပြီးနောက် ပထမအကျော့ ၂ ဂိုးပြတ် ရှုံးနိမ့်မှုကို ပြန်လည် ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာဖို့ နယူးကာဆယ်တို့ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
နယူးကာဆယ် ဘက်မှာတော့ ခရက်ဖ်၊ ရှား၊ လက်ဆဲလက်စ်၊ လစ်ဗရာမန်တို၊ ဂျိုးလင်တန် တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂူဟီ၊ အစ်နျူရီ၊ ရိုဒရီ၊ အိုရွိုင်လီ၊ ချာကီ၊ ဘာနာဒို၊ ဆီမီညို၊ ဟာလန်း
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘန်း၊ ဟောလ်၊ ဝေးလ်လော့ခ်၊ တိုနာလီ၊ ရမ်ဆေး၊ ဘန်းစ်၊ ဝစ်ဆာ၊ ဂေါ်ဒွန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
မန်စီးတီးက သူတို့ရဲ့ အိမ်ကွင်း အက်တီဟတ်မှာ နယူးကာဆယ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲစလုံးကို အနိုင်ရထားပြီး စုစုပေါင်း သွင်းဂိုး ၃၇ ဂိုး သွင်းယူကာ ၃ ဂိုးသာ ပြန်ပေးထားရပါတယ်။ နယူးကာဆယ်ဟာ မန်စီးတီး ကွင်းသို့ နောက်ဆုံး သွားရောက် ကစားခဲ့တဲ့ ၁၈ ကြိမ်မှာ ၁၇ ကြိမ် အထိ ရှုံးနိမ့်ထားပါတယ်။ လက်ရှိ ငှက်ကြားတွေရဲ့ အဝေးကွင်း ခြေစွမ်း ကလည်း အားနည်းနေပြီး ဒီရာသီ အဝေးကွင်း ၁၆ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က ၂၀၁၄ နှင့် ၂၀၂၃ ခုနှစ်တွေရဲ့ ခရာဘောင်ဖလားမှာ မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒါ့အပြင် ဒီရာသီ နိုဝင်ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း နယူးကာဆယယ်က မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၇၈ ဆ၊ နယူးကာဆယ် နိုင်ရင် ၃.၇၆ ဆ၊ သရေ ဆိုရင်တော့ ၃.၆၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ နယူးကာဆယ် အနေနဲ့ မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ် အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ အတွက် ဆိုရင်တော့ မန်စီးတီးကို အားကုန်ဖွင့် တိုက်စစ်ဆင်ရန်မှ တစ်ပါး တခြား ရွေးချယ်စရာ မရှိပါဘူး။ အထူးသဖြင့် အီတီဟတ်ကွင်းကို နောက်ဆုံး လာရောက် ကစားခဲ့တဲ့ ၈ ကြိမ်တွင် ၇ ကြိမ် အထိ ပွဲစပြီး မိနစ် ၂၀ အတွင်း ဦးဆောင်ဂိုး စောစီးစွာ ခွင့်ပြုခဲ့ရသလို အဲဒီပွဲ အားလုံးမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ယခုပွဲတွင် အစောပိုင်း ဂိုးတွေ မပေးရစေဖို့ ထိန်းချုပ် ကစားနိုင်ဖို့ အလွန် အရေးကြီးပါတယ်။
နယူးကာဆယ်မှာ မန်စီးတီးရဲ့ အားနည်းနေတဲ့ ခံစစ်နဲ့ High Line Defence ကို အခွင့်ကောင်းယူကာ ဒုက္ခပေးနိုင်တဲ့ တိုက်စစ် ကစားသမားတွေ ရှိနေပေမယ့်လည်း၊ မန်စီးတီး မှာလည်း ပြိုင်ဘက်ထက် ဂိုးပိုသွင်းနိုင်တဲ့ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ မန်စီးတီး နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့်ကို တက်လှမ်းသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၂-၁ နယူးကာဆယ် (နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့ မန်စီးတီး ဗိုလ်လုပွဲတက်)
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


