နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားတဲ့ တော့တင်ဟမ်၊ ဂစ်ဘ်-ဝှိုက်ကို ခေါ်ယူချင်နေတဲ့ ဘေယန် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာလည်း ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဘာစီလိုနာ တောင်ပံ တိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ် လက်ရွေးစင် ကစားသမား ကတော့ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခြင်း ရှိမနေပါဘူး။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ စပါးရဲ့ မေးမြန်း စုံစမ်းမှု ကိုလည်း မန်ယူနိုက်တက် ဘက်က ပယ်ချခဲ့ပါတယ်။ ဆက်စ်ကို အတွက် ဘေယန်မြူးနစ်နဲ့ ဘာစီလိုနာ တို့ရဲ့ ကမ်းလှမ်း မေးမြန်းမှုတွေ ကိုလည်း ယူနိုက်တက်က ပယ်ချခဲ့တာပါ။ 

တခြား တစ်ဖက် မှာတော့ စပါး နည်းပြ ရော်ဘတ်တို ဒီဇာဘီဟာ လစ်ဗာပူးလ် တောင်ပံ ကစားသမား ကိုဒီ ဂက်ခ်ပိုကို သူ့အသင်း တိုက်စစ် အတွက် လိုအပ်နေတဲ့ အဓိက ပဟေဠိ အစိတ်ပိုင်း အဖြစ် ရှုမြင်နေပြီး ဒတ်ချ် ကစားသမားကို ခေါ်ယူနိုင်ဖို့ အိပ်မက်မက်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အောက်တိုဘာမှာ ဒတ်ချ် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို အငှားနဲ့ ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဇစ်ခ်ဇီး ကိုယ်တိုင် ကလည်း ဂျူဗင်တပ်စ် အသင်းနဲ့ အတူ စီးရီးအေဆီ ပြန်လည် သွားရောက်ချင်နေတာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဗဟိုနောက်ခံလူသစ် တစ်ဦး ခေါ်ယူဖို့ စုံစမ်းနေပြီး အတ္တလန္တာ အသင်းရဲ့ နောက်ခံလူ ဂျော့ဂျီယို စကယ်လ်ဗီနီကို စောင့်ကြည့် လေ့လာလျက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် ကင်းထောက် အဖွဲ့တွေဟာ ရှက်တာဒိုးနက် အသင်းမှာ ကစားနေတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး ခေါင် အီလီယက်စ်ရဲ့ ခြေစွမ်းကို သွားရောက် စောင့်ကြည့်ခဲ့ကြပါတယ်။

အာဆင်နယ်ဟာ ဗင်နီးစီးယက်စ် ဂျူနီယာ နဲ့ ဘရက်ဒ်လေ ဘာကိုလာ တို့ကို ခေါ်ယူနိုင်တော့မှာ မဟုတ်ကြောင်း သေချာသလောက် ရှိသွားပြီးနောက် အဲဗာတန် တောင်ပံကစားသမား အီလီမန် အန်ဒီယေးကို ခေါ်ယူဖို့ မေးမြန်းစုံစမ်းခဲ့ပါတယ်‌။

မန်ချက်စတာစီးတီး ကတော့ အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေတဲ့ ဆာဗင်ညိုရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ချဲလ်ဆီး တောင်ပံ ကစားသမား ပက်ဒရို နတ်တိုကို ခေါ်ယူဖို့ ပိုမို နီးစပ်လာနေပါတယ်။ 

နယူးကာဆယ် ယူနိုက်တက် နည်းပြသစ် မားသီးယပ်စ် ဂျက်စလေဟာ အဲလ်အာလီ မှာတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ဖီယင်နော့ဒ် တောင်ပံကစားသမား အန်းနစ် ဟက်ဂျ် မူဆာကို နယူးကာဆယ်ရဲ့ ပစ်မှတ် အဖြစ် ပြန်လည် သတ်မှတ်လာနိုင်ပါတယ်။ 

ဘေယန်မြူးနစ် အသင်းဟာ ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို သူတို့ရဲ့ ပစ်မှတ် စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
မော်ဂန် ဂစ်ဘ်-ဝှိုက်ကို ခေါ်ယူချင်နေတဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်

ကိုဗင်ထရီစီးတီး နည်းပြ ဖရန့်ခ် လမ်းပတ် ကတော့ ဆေးဝါးသုံးစွဲမှု ပိတ်ပင်ခံထားရတာ ကနေ ပြန်လည် ကစားခွင့်ရလာတဲ့ ချဲလ်ဆီး တောင်ပံကစားသမား မီခိုင်လို မူဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ 

လိဒ်စ်ယူနိုက်တက် အသင်း ကတော့ အေစီမီလန် ကနေ ထွက်ခွာချင်နေတဲ့ တောင်ပံ ကစားသမား ရာဖေးလ် လီယာအိုကို ခေါ်ယူခွင့် ရရှိထားပါတယ်။ အက်စတွန်ဗီလာ၊ အဲဗာတန်နဲ့ လိဒ်စ်ယူနိုက်တက် တို့ဟာ လိုင်ယွန် ကွင်းလယ်လူ ပါဗယ် ရှုလ်ချ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြပါတယ်။ 

ဘေယန်မြူးနစ် အသင်းဟာ ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို သူတို့ရဲ့ ပစ်မှတ် စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ 

ပီအက်စ်ဂျီ တောင်ပံ ကစားသမားလေး အီဘရာဟင်မ် အမ်ဘာယီ ကတော့ လစ်ဗာပူးလ် အသင်းဆီ ပြောင်းရွှေ့ဖို့ ပထမ ဦးစားပေး အဖြစ် သတ်မှတ်ထားပြီး၊ လစ်ဗာပူးလ် ဘက်ကလည်း ပြင်သစ် ကလပ်နဲ့ တရားဝင် ဆက်သွယ်မှုတွေ မကြာမီ ပြုလုပ်တော့မှာပါ။

ဘာစီလိုနာ ကနေ ထွက်ခွာချင်နေတဲ့ ဖာရန် တောရက်စ် ကတော့ ပီအက်စ်ဂျီ အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်းဒရစ်ခ်ဟာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် အသင်း ကနေ ထွက်ခွာခွင့် တောင်းဆိုထားပေမယ့် မက်ဒရစ် ဘက်ကတော့ သူ့ကို ထွက်ခွာခွင့် ပြု၊ မပြု ဝေခွဲ မရသေးပါဘူး။ 

ရီးရဲလ် နောက်ခံလူ ရာအူးလ် အဆန်စီယိုဟာ ဘာနေဗျူး ကနေ ထွက်ခွာနိုင်တယ်လို့ အကြောင်းကြားခံရပြီးနောက် လစ်ဗာပူးလ် အသင်းဆီ ကမ်းလှမ်းခြင်း ခံထားရပါတယ်။ 

ဘာစီလိုနာ အသင်းဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် အတွက် ယူရို ၁၁၅ သန်း တန်ကြေးရှိ နောက်ဆုံး ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း အက်တလက်တီကို ဘက်ကတော့ အဲလ်ဗာရက်ဇ် ထွက်ခွာမှာ မဟုတ်ဘူးလို့ ယုံကြည်မှု အပြည့် ရှိနေပြီး ဂါလာတာဆာရေးဆီကနေ နိုက်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူခွင့် ရရှိခဲ့တာကိုတောင် ပယ်ချခဲ့ပါတယ်။ 

တခြား တစ်ဖက် မှာတော့ ဘာစီလိုနာရော ရီးရဲလ်မက်ဒရစ်နဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ ရာသီကြို လေ့ကျင့်ရေးစခန်းဆီ ပြန်လည် မဝင်ရောက်မီ ဩဂုတ်လ ၁၃ ရက် မတိုင်မီမှာ သူ့ရဲ့ အနာဂတ်ကို အပြီးသတ် ဆုံးဖြတ်သွားချင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်