နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ယူနိုက်တက်က လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း ကြွေးကြော်လိုက်တဲ့ ယိုရို

မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ခံစစ်မှူး လန်နီ ယိုရို ကတော့ လာမယ့် ၂၀၂၆-၂၇ ရာသီမှာ သူတို့ အသင်း ပရီးမီးယားလိဂ် စိန်ခေါ်နိုင်စွမ်း ရှိကြောင်း ရဲရဲဝံ့ဝံ့ ကြွေးကြော်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၂၅-၂၆ ရာသီတုန်းက နည်းပြ မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ရမှတ် ရရှိမှု အများဆုံး ပရီးမီးယားလိဂ် အသင်း ဖြစ်ခဲ့တာကြောင့်၊ လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကယ်ပဲ စိန်ခေါ်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ဒီအချိန်မှာ လူငယ် ခံစစ်မှူး လန်နီ ယိုရို ကတော့ မန်ယူနိုက်တက် အနေနဲ့ ၂၀၂၆-၂၇ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ကိုပဲ တိုက်ရိုက် ဦးတည်ရမယ်လို့ ဆိုလိုက်ပါတယ်။ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရူဘင် အမော်ရင် လက်ထက်မှာ အစပြုမှု မကောင်းခဲ့ပေမယ့် နည်းပြ မိုက်ကယ် ကာရစ်ခ် ရောက်ရှိလာ အပြီး မှာတော့ အံ့အားသင့်ဖွယ် ပြန်လည် ရုန်းထွက်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၃) နဲ့ ရာသီသိမ်းနိုင်ခဲ့တာပါ။ ဒါဟာ ကာရစ်ခ်ရဲ့ ပထမဆုံး ရာသီအပြည့် တာဝန်ယူရမယ့် စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက အမော်ရင် ရာထူး ကနေ ထုတ်ပယ်ခံရချိန်မှာ ယူနိုက်တက်ဟာ အဆင့် (၆) နေရာ အထိ ကျဆင်းနေခဲ့တာပါ။ ဒါပေမယ့်လည်း ကာရစ်ခ်ဟာ ယာယီ နည်းပြ အဖြစ် တာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ရလဒ်ကောင်းတွေ ဖန်တီးပြနိုင်ခဲ့လို့ အမြဲတမ်း နည်းပြ ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ၂၀၂၅-၂၆ ရာသီဟာ ကာရစ်ခ် စတင် တာဝန်ယူခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ကနေ စတင်ခဲ့တာ ဆိုရင် မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဇယား ထိပ်ဆုံး ကနေ ဗိုလ်စွဲမှာ ဖြစ်ပါတယ်။ ကာရစ်ခ်ရဲ့ ၁၇ ပွဲမှာ ရရှိခဲ့တဲ့ ရမှတ် ၃၉ မှတ်ဟာ အဲဒီ ကာလ အတွင်း ဒုတိယ အများဆုံး ရမှတ် ရခဲ့တဲ့ ရာသီ အလိုက် ချန်ပီယံ အာဆင်နယ် (၃၆ မှတ်) ထက်တောင် ၃ မှတ် ပိုများနေခဲ့တာပါ။

အကယ်၍ ၂၀၂၅-၂၆ ရာသီဟာ ကာရစ်ခ် စတင် တာဝန်ယူခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ကနေ စတင်ခဲ့တာ ဆိုရင် မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဇယား ထိပ်ဆုံး ကနေ ဗိုလ်စွဲမှာ ဖြစ်ပါတယ်။
မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ မန်ယူနိုက်တက်

ဒါကြောင့်လည်း ယိုရိုက လာမယ့် သြဂုတ် ၂၂ ရက်နေ့ ဟားလ်စီးတီးနဲ့ ရာသီအဖွင့် ပွဲစဉ်က စပြီး ဒီပုံစံ အတိုင်း ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် အနေနဲ့ ချန်ပီယံဆုကို ပစ်မှတ်ထားသင့်သလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ယိုရိုက “ဒါပေါ့။ ကျွန်တော်တို့က မန်ယူနိုက်တက်လေ၊ ဒီလိုပဲ တွေးရမှာပေါ့။ ကျွန်တော် တို့မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည်ရှိမှန်း သိနေတာမို့လို့ ကျွန်တော်တို့ ဒါကို မဖြစ်ဖြစ်အောင် လုပ်ရပါမယ်။”

“အသင်းရဲ့ ရပ်ဝန်းက တကယ်ကို ကောင်းမွန်နေပါတယ်။ အားလုံး အရမ်း ကြိုးစားကြသလို ကွင်းပြင်ပ မှာလည်း အသင်းသားတွေ အကြား သဟဇာတ ဖြစ်ပြီး စိတ်ဓာတ် တက်ကြွနေကြပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒီရာသီ ကျွန်တော် တို့ရဲ့ ပစ်မှတ်က ပွဲတိုင်းကို နိုင်ဖို့ပါပဲ။ အသင်း အနေနဲ့ အကောင်းဆုံး ဖြစ်ဖို့၊ ကျွန်တော့် အနေနဲ့ ပွဲတိုင်း အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့၊ ဆုဖလားတွေ ဆွတ်ခူးပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ပါပဲ” လို့ ဖြေကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ယိုရို ဟာ ၂၀၂၄ ခုနှစ်မှာ လိုင်လီ အသင်းမှ ရောက်ရှိလာပြီးနောက် မန်ယူနိုက်တက် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၅၃ ပွဲ အထိ ကစားပေးထားပြီး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ မှာတော့ ၃၂ ပွဲ ကစားခဲ့ပြီး အဲဒီအထဲက ၁၄ ပွဲ ကတော့ အရန်ခုံ ကနေ လူစားဝင် ကစားခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် အသင်းဟာ လက်ရှိအချိန် အထိ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားခဲ့ရာမှာ ရက်စ်ဟမ်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး၊ ရိုဆင်ဘော့ဂ်ကို ၅-၀ ၊ အက်တလက်တီကိုမက်ဒရစ်ကို ၂-၁ နဲ့ အနိုင်ရရှိထားပါတယ်။ သူတို့ရဲ့ နောက်ထပ် ရာသီကြို ခြေစမ်းပွဲ ကိုတော့ လာမယ့် စနေနေ့မှာ ဂိုသန်ဘတ်မြို့မှာ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်