နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနို ဂီမာရေးစ် ရောက်လာရင် အာဆင်နယ် ကွင်းလယ်က ဘယ်လို ပွဲထွက်လာမလဲ | ပရီးမီးယားလိဂ်

နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ် တစ်ယောက် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာနေတာနဲ့ အမျှ နည်းပြ မီခေးလ် အာတေးတား အနေနဲ့ အသင်းကို ဘယ်လို ပွဲထွက်လူစာရင်း ပြင်ဆင်လာနိုင်မလဲ ဆိုတာ စဉ်းစားစရာတွေ ရှိလေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဂီမာရေးစ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို လုံးဝ အပြီးသတ် မသတ်နိုင်သေးပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေ အရပ်ရပ်အရတော့ ဘရူနို ဂီမာရေးစ်ဟာ ဂန်းနား တစ်ဦး ဖြစ်လာဖို့ တော်တော်လေး နီးစပ်နေပြီ ဆိုတာကို ပြသနေပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ် ဘက်က ပယ်ချခဲ့တဲ့ ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် အခုအခါမှာတော့ ပေါင် သန်း ၈၀ အထိ ပေးချေဖို့ ပြင်ဆင်လာခဲ့ပြီး သဘောတူညီမှု ရရှိဖို့ ပိုမို ယုံကြည်မှု ရှိနေကြပါတယ်။ ဂီမာရေးစ် ကိုယ်တိုင် ကလည်း လန်ဒန်မြောက်ပိုင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး နယူးကာဆယ်ရဲ့ စပိန် ရာသီကြို လေ့ကျင့်ရေး စခန်းဆီ လိုက်ပါသွားခြင်း မရှိတာ ကလည်း ဒီအပြောင်းအရွှေ့ နီးစပ်နေပြီ ဆိုတာကို မီးမောင်းထိုးပြနေတာပါ။

ဂီမာရေးစ် ရောက်ရှိလာခဲ့ရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ စွယ်စုံရ ကွင်းလယ် ကစားသမား တစ်ဦးကို ပိုင်ဆိုင်သွားတော့မှာ ဖြစ်ပါတယ်။ နည်းပြ အာတေးတား အနေနဲ့လည်း ဘရာဇီးလ်သားကို ကွင်းလယ် ခံစစ်၊ ဖန်တီးရှင် သို့မဟုတ် Box-to-Box ကွင်းလယ် နေရာတွေမှာ နည်းဗျူဟာမြောက် ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ အာတေးတား အနေနဲ့ ဂီမာရေးစ် ပါဝင်တဲ့ အာဆင်နယ် ကွင်းလယ်ကို ပုံစံ (၂) မျိုးနဲ့ ခင်းကျင်းလာနိုင်ပါတယ်။

 

၁။ ဂီမာရေးစ်နဲ့ ဒီကလန် ရိုက်စ် အတွဲအဖက်

၂၀၂၅-၂၆ ပရီးမီးယားလိဂ် ချန်ပီယံဆု သိမ်းပိုက်ခဲ့တဲ့ ရာသီမှာ အာဆင်နယ်ဟာ ၄-၂-၃-၁ ကစားကွက်ကို အဓိက သုံးခဲ့ပါတယ်။ ဒီကလန် ရိုက်စ်နဲ့ မာတင် ဇူဘီမန်ဒီ တို့ကို ကွင်းလယ် ခံစစ်မှာ ထိုင်ခိုင်းကာ တောင်ပံ ၂ ဖက်၊ တိုက်စစ်မှူး တစ်ဦးနဲ့ No. 10 ကစားသမား တစ်ဦး အနောက်မှာ ထားရှိခဲ့ပါတယ်။

၂၀၂၅-၂၆ ပရီးမီးယားလိဂ် ချန်ပီယံဆု သိမ်းပိုက်ခဲ့တဲ့ ရာသီမှာ အာဆင်နယ်ဟာ ၄-၂-၃-၁ ကစားကွက်ကို အဓိက သုံးခဲ့ပါတယ်။
ဒီကလန် ရိုက်စ်နဲ့ တွဲဖက် ကစားရတော့မယ့် ဘရူနို ဂီမာရေးစ်

ဒီကလန် ရိုက်စ် ဟာ ကြံ့ခိုင်မှု ပြည့်ဝနေသမျှ ကာလပတ်လုံး အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်တာကြောင့် ဂီမာရေးစ်သာ ပုံမှန် ပွဲထွက်ခွင့်ရလာခဲ့ရင် ပွဲထွက်နေရာ ပေးလိုက်ရမှာ ကတော့ ဇူဘီမန်ဒီပဲ ဖြစ်ပါတယ်။ ဂီမာရေးစ် ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်မှာ ဆန်ဒရို တိုနာလီနဲ့ အတူ ကွင်းလယ် အထိုင် ၂ ယောက် စနစ်မှာ ကစားခဲ့ပြီး လွတ်လပ်စွာ တိုက်စစ် လိုက်ပါခွင့် ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာ ကတော့ ရိုက်စ် ကလည်း အရှေ့ကို တက်ကစားရတာ ကြိုက်နှစ်သက်သူ ဖြစ်သလို၊ ပြီးခဲ့တဲ့ ရာသီကမှ အမ်းမရိတ်စ်မှာ ခြေစွမ်းပြထားတဲ့ ဇူဘီမန်ဒီကို အာတေးတား အနေနဲ့ အရန်ခုံမှာ အကြာကြီး ထိုင်ခိုင်းထားဖို့ မဖြစ်နိုင်တာကြောင့် ဒီနည်းဗျူဟာဟာ ဖြစ်နိုင်ပေမယ့် အလားအလာ အများကြီးတော့ မရှိပါဘူး။

 

၂။ ဂီမာရေးစ်၊ ဇူးဘီမန်ဒီ နဲ့ ရိုက်စ် (သုံးယောက်တွဲ ကွင်းလယ်)

ဇူဘီမန်ဒီ ဟာ ပထမဆုံး ရာသီမှာတင် ဘောလုံးထိန်းချုပ်မှု၊ ဖိအားပေးခံရချိန် တည်ငြိမ်မှုနဲ့ တိကျတဲ့ ပေးပို့မှုတွေကြောင့် အာဆင်နယ်ရဲ့ ကစားကွက်မှာ မရှိမဖြစ် အရေးပါသူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အာတေးတား အနေနဲ့ သူ့ကို ချန်လှပ်ထားမယ့် အစား သမားရိုးကျ ကွင်းလယ် တိုက်စစ် နေရာကို လုံးဝ ဖျက်သိမ်းလိုက်တာမျိုး ပြုလုပ်လာနိုင်ပါတယ်။ ဂါဘရီရယ် မာတင်နယ်လီ၊ ဘူကာယို ဆာကာ၊ နိုနီ မာဒူအေခေနဲ့ ကစားသမားသစ် ခရစ္စတိ ဇိုးလစ် တို့လို တောင်ပံ ကစားသမားတွေကို အသုံးပြုပြီး ကစားရမှာ ဖြစ်လို့ အနစ်နာခံရမယ့်သူ ကတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ပဲ ဖြစ်လာပါလိမ့်မယ်။

အသင်းခေါင်းဆောင်ကို အရန်ခုံ ပို့ရမှာက ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် အိုဒီဂတ်ရဲ့ တိုက်စစ် အကျိုးပြုမှုဟာ နောက်ပိုင်း ရာသီတွေမှာ သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၂၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၇ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တာပါ။ နှိုင်းယှဉ်ကြည့်ရင် ဂီမာရေးစ် က ၉ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး၊ ဇူဘီမန်ဒီ က ၅ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး၊ ရိုက်စ် က ၄ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးထားတာကြောင့် အိုဒီဂတ် နေရာမှာ ဂီမာရေးစ်ကို အစားထိုးပြီး ကွင်းလယ် ၃ ယောက် စနစ် ပြောင်းလိုက်ရုံနဲ့ အာဆင်နယ်ရဲ့ တိုက်စစ် အရှိန်အဟုန် လျော့ကျသွားမှာ မဟုတ်ပါဘူး။

ဒီအချက်တွေကြောင့် ဂီမာရေးစ်၊ ဇူဘီမန်ဒီ နဲ့ ရိုက်စ် တို့ရဲ့ ကွင်းလယ် သုံးယောက်တွဲ နည်းဗျူဟာဟာ နည်းပြ မီခဲလ် အာတေးတား ရွေးချယ်ဖို့ အနီးစပ်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်း ဖြစ်လာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်