နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒေါ်လာ ၁၃၄ သန်း တန်ကြေးရှိ အဓိက ပစ်မှတ်ကို ဘာစီလိုနာ ဘာကြောင့် မခေါ်ယူနိုင်တော့တာလဲ | လာလီဂါ

တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ အဓိက က‌တော့ ဘုန်းမောက်ရဲ့ အသက် ၁၉ နှစ် အရွယ် ကြယ်ပွင့် တိုက်စစ်မှူး အီလီ ဂျူနီယာ ခရူပီကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ မျှော်လင့်ချက်တွေဟာ အဟန့်အတား ဖြစ်သွားခဲ့လို့ပါပဲ။

ကက်တာလန် ထိပ်သီး တို့ဟာ ခရူပီ အတွက် ကမ်းလှမ်းမှု ၂ ကြိမ်စလုံး ငြင်းဆန်ခံခဲ့ရရုံတင်မကဘဲ အခုအခါမှာတော့ ဒီလူငယ် ကစားသမားလေးဟာ ကြီးမားတဲ့ ဒဏ်ရာ ပြဿနာနဲ့ပါ ကြုံတွေ့သွားခဲ့ရပြီလို့ သိရပါတယ်။ ဘုန်းမောက်မှာ ပထမဆုံး ရာသီ အဖြစ် စတင် ကစားခဲ့စဉ်မှာတင် ခရူပီဟာ ပရီးမီးယားလိဂ် ၁၃ ဂိုး အထိ သွင်းယူကာ မျှော်လင့်ထားတာထက် ပိုမို ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အာဆင်နယ်၊ မန်ချက်စတာစီးတီး တို့နဲ့ အပြိုင် ဒီပြင်သစ် လူငယ် လက်ရွေးစင်ကို တိုက်စစ် အင်အားဖြည့်တင်းဖို့ အတွက် ဒီနွေရာသီမှာ ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့် အခုချိန်မှာတော့ ဒီအပြောင်းအရွှေ့က လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ အင်္ဂါနေ့က ဘုန်းမောက် အသင်းရဲ့ ထုတ်ပြန်ချက်အရ ခရူပီဟာ ရာသီကြို လေ့ကျင့်ရေး အတွင်း ရရှိခဲ့တဲ့ ခြေထောက် ဒဏ်ရာ အတွက် ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။ အသင်းဘက်က ပြန်လည် သက်သာလာမယ့် ရက်စွဲကို အတိအကျ မပြောထားပေမယ့် သတင်းတွေရဲ့ အဆိုအရတော့ သူဟာ အနည်းဆုံး ၃ လ ကနေ ၄ လ အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာအနေနဲ့ အခုနွေရာသီမှာ ဒီပါရမီရှင် လူငယ်တိုက်စစ်မှူးကို ခေါ်ယူနိုင်တော့မှာ မဟုတ်ဘဲ အနည်းဆုံး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အထိ စောင့်ဆိုင်းရတော့မှာပါ။

 

ဘာစီလိုနာရဲ့ စျေးလျှော့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တဲ့ ဘုန်းမောက်

ခရူပီ အနေနဲ့ ဘုန်းမောက် ကနေ ဘယ်အချိန်မှာပဲ ထွက်ခွာသည်ဖြစ်စေ အသင်း အတွက်တော့ အမြတ်အစွန်း အများကြီး ကျန်ရစ်စေမှာ သေချာပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီကမှ ဒေါ်လာ ၁၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့တဲ့ သူ့ကို အခုအခါ သန်း ရာဂဏန်း တန်ကြေးရှိ ကစားသမား အဖြစ် သတ်မှတ်ထားကြတာပါ။

ပြီးခဲ့တဲ့ မေလ အတွင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘုန်းမောက်ဟာ ခရူပီကို ပေါင် သန်း ၁၀၀ အထိ တန်ကြေးရှိလာနိုင်တယ်လို့ ယုံကြည်နေပြီး ဒီနွေရာသီမှာ ဆက်ထိန်းထားချင်တာကြောင့် ဒီပမာဏအောက် ပေးချေမယ့် ကမ်းလှမ်းမှု မှန်သမျှကို လက်ခံမှာ မဟုတ်ပါဘူး။ L’Équipe သတင်းစာရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ခရူပီ ဒဏ်ရာမရခင်ကတည်းက ကမ်းလှမ်းမှု ၂ ကြိမ် အထိ ပြုလုပ်ခဲ့တာကြောင့် စိတ်ဝင်စားမှု ကတော့ တကယ်ကို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း လာလီဂါ လက်ရှိ ချန်ပီယံဆီ ပြောင်းရွှေ့ချင်နေတာပါ။ ဒါပေမယ့် ပေါင် သန်း ၁၀၀ အောက်နဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု နှစ်ခုစလုံးကို ဘုန်းမောက် ဘက်က ချက်ချင်း ပယ်ချခဲ့ပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ်နဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ နှစ်ဦးစလုံးက ဒီကစားသမားကို သဘောကျနေကြပေမယ့် လက်ရှိအချိန်မှာတော့ ဒီအစီအစဉ်ကို ဘေးဖယ်ထားရတော့မှာပါ။

 

ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူရေး အပေါ် ဘာတွေ သက်ရောက်မှုရှိလာမလဲ

သူတို့ဟာ အဲလ်ဗာရက်ဇ်ကို ဘယ်စျေးနဲ့မှ မရောင်းချင်သလို လာလီဂါ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ဒေါ်လာ ၁၇၃.၂ သန်းနဲ့ ကမ်းလှမ်းမှု ကိုတောင် ငြင်းဆန်ခဲ့ပြီး ဖြစ်ပါတယ်။
အဲလ်ဗာရက်ဇ်ကို ဘာစီလိုနာဆီ ရောင်းထုတ်လိုခြင်း မရှိတဲ့ အက်တလက်တီကိုမက်ဒရစ်

ဘာစီလိုနာဟာ အက်တလတ်တီကို မက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်နေတာ လျှို့ဝှက်ချက် မဟုတ်သလို၊ အာဂျင်တီးနား စူပါစတား ကိုယ်တိုင် ကလည်း ကမ့်ပ်နူးဆီ ပြောင်းရွှေ့ကစားဖို့ တော်တော်လေး ဆန္ဒရှိနေတာ ဖြစ်ပါတယ်‌။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ အက်တလက်တီကို ဘက်က တင်းခံထားဆဲပါ။ သူတို့ဟာ အဲလ်ဗာရက်ဇ်ကို ဘယ်စျေးနဲ့မှ မရောင်းချင်သလို လာလီဂါ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ ဒေါ်လာ ၁၇၃.၂ သန်းနဲ့ ကမ်းလှမ်းမှု ကိုတောင် ငြင်းဆန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်သင်းကြား ဆက်ဆံရေး ကလည်း တင်းမာနေပြီး The Athletic ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုဟာ ဘာစီလိုနာကို အဲလ်ဗာရက်ဇ်ကို စည်းကမ်းမဲ့ ချဉ်းကပ်မှုနဲ့ စပိန် ဘောလုံးအဖွဲ့ချုပ်ဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ် အရွယ် အဲလ်ဗာရက်ဇ်ဟာ ဘာစီလိုနာရဲ့ နံပါတ် (၁) အဓိက ပစ်မှတ် ဆိုတာ သေချာနေပေမယ့် တကယ်လို့ အက်တလက်တီကိုနဲ့ ဆွေးနွေးမှုတွေ အဆင်မပြေခဲ့ရင် ခရူပီဟာ ဒုတိယ ရွေးချယ်စရာ ဖြစ်လာနိုင်ခဲ့တာပါ။ အခုအခါမှာတော့ ခရူပီ ဆိုတဲ့ နည်းလမ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တာကြောင့် ဘာစီလိုနာ အနေနဲ့ အဲလ်ဗာရက်ဇ်ကို အရ ခေါ်ယူနိုင်ဖို့ အတွက် ဖိအားတွေ ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်