ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လစ်ဟာနေတဲ့ မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမားသစ် တစ်ဦး ရှာဖွေနေဆဲ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် လစ်ဗာပူးလ် ဗဟိုနောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ကတော့ ဘာကိုလာကို ခေါ်ယူလိုက်ရုံနဲ့ ဆာလာကို လက်လွှတ်လိုက်ရတဲ့ ဆုံးရှုံးမှုကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ရှုမြင်နေပါတယ်။ လစ်ဗာပူးလ်ဟာ ၂၀၁၆-၁၇ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အီဂျစ် တိုက်စစ်မှူး ဆာလာ မပါဝင်ဘဲ ရာသီသစ်ကို စတင် ယှဉ်ပြိုင်ရတော့မှာပါ။ ဆာလာဟာ အန်းဖီးလ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ သဘောတူညီမှု ရယူခဲ့ပြီး ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ရန်းစ်က ပြင်သစ် ဗဟိုနောက်ခံလူ ဂျရယ်မီ ဂျက်ကတ်နဲ့ အိုဆာဆူနာက စပိန် တိုက်စစ်မှူး ဗစ်တာ မူနော့ဇ် တို့ကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် တိုက်စစ်ပိုင်း အတွက် အင်အား ဖြည့်တင်းမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဘာကိုလာဟာ လစ်ဗာပူးလ် အပါအဝင် ကလပ် အသင်း အများအပြားရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီ ကတော့ အသက် ၂၃ နှစ် အရွယ် တောင်ပံ ကစားသမား အတွက် ယူရို သန်း ၁၇၀ သန်း (ပေါင် ၁၄၅ သန်း) အထိ တောင်းဆိုနေတာပါ။
ဘာကိုလာဟာ ၂၀၂၅-၂၆ ရာသီ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၁၃ ဂိုး သွင်းယူပေးခဲ့ပြီး ဥရောပ ချန်ပီယံ ပီအက်စ်ဂျီမှာ သူ့ထက် ဂိုးပိုသွင်းနိုင်သူ အဖြစ် အူစမန်နီ ဒမ်ဘီလီ (၂၀ ဂိုး) နဲ့ ခါဗစ်ချာ ခါဗာရတ်စခီလီယာ (၁၉ ဂိုး) တို့ပဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘာကိုလာဟာ အသင်းရဲ့ ဘောလုံးဆွဲပြေးမှု ၁၅၆ ကြိမ်နဲ့ ဂိုးရရှိသွားတဲ့ ဘောလုံးဆွဲယူမှု ၅ ကြိမ်နဲ့ အသင်းရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်ခဲ့သလို၊ ပြိုင်ဘက်ကို ကျော်ဖြတ် ဆွဲပြေးမှု ၇၉ ကြိမ် ပြုလုပ်နိုင်ခဲ့လို့ ၈၇ ကြိမ် ပြုလုပ်ခဲ့တဲ့ ခါဗာရတ်စခီလီယာ တစ်ယောက်တည်းရဲ့ နောက်မှာပဲ ရှိခဲ့တာပါ။ ဒါ့အပြင် ဘောလုံးဆွဲယူပြီးနောက် ဂိုးကန်သွင်းမှု ၅၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့်လည်း ပီအက်စ်ဂျီရဲ့ အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကာရေဂါကတော့ ဘာကိုလာဟာ ပြီးခဲ့တဲ့ရာသီက သူကစားခဲ့တဲ့ စုစုပေါင်း မိနစ်တွေရဲ့ ၇၃ ရာခိုင်နှုန်းကို ဘယ်တောင်ပံမှာပဲ ကစားခဲ့တာ ဖြစ်ပြီး၊ ဗဟိုတိုက်စစ်မှာ ၈ ရာခိုင်နှုန်းနဲ့ ညာတောင်ပံမှာ ၁၉ ရာခိုင်နှုန်းပဲ ကစားခဲ့တာကို ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် နည်းပြ အန်ဒိုနီ အီရာအိုလာရဲ့ အသင်း အနေနဲ့ လက်ရှိ လူစာရင်း အခင်းအကျင်းအရ ညာတောင်ပံ ကစားသမား တစ်ယောက် ကိုသာ ဦးစားပေး ခေါ်ယူသင့်တယ်လို့ ကာရေဂါက ယူဆနေပါတယ်။
Sky Sports နဲ့ အင်တာဗျူးမှာ ကာရေဂါက “သူဟာ ထိပ်တန်း ကစားသမား တစ်ယောက် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဘာကိုလာကို လစ်ဗာပူးလ်မှာ မြင်ချင်တာမှ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ သူက ဘယ်တောင်ပံ ကစားသမားပါ။ လက်ရှိ လစ်ဗာပူးလ်မှာ အထင်းသား ပေါ်လွင်နေတဲ့ အဓိက လိုအပ်ချက်က ညာတောင်ပံ ကစားသမား မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ပါ။ ပြီးတော့ လစ်ဗာပူးလ် လူစာရင်းထဲမှာ ညာတောင်ပံမှာ အပြည့်အဝ စိတ်ကြိုက် ကစားနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးလို့ ထင်ပါတယ်။”
“ဘာကိုလာ မရောက်လာခင်တောင်မှ လစ်ဗာပူးလ် အသင်းမှာ ဘယ်တောင်ပံမှာ အေးဆေး ကစားနိုင်တဲ့ ကစားသမား အနည်းဆုံး ၄ ယောက်လောက် ရှိနေပြီးသားပါ။ ဒီထဲက ကစားသမားတွေဟာ ဘာကိုလာထက် ပိုတော်တယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းရဲ့ မျှခြေအရ ဆိုရင် လစ်ဗာပူးလ် လက်ရှိ ချက်ချင်း လိုအပ်နေတဲ့ နေရာ မဟုတ်တာတော့ အမှန်ပါပဲ။ သူတို့မှာ ညာတောင်ပံ ကစားသမား တစ်ယောက် လိုအပ်နေတာပါ။ တကယ်လို့ ခင်းဗျားက ကျွန်တော့်ကို ဘာကိုလာကိုရော ခေါ်ပြီး ညာတောင်ပံ ကစားသမား တစ်ယောက် ကိုပါ ထပ်ခေါ်စေချင်သလားလို့ မေးရင်တော့ ကျွန်တော် ဝမ်းသာအားရ သဘောတူမှာပါ။ ဒါပေမယ့် အဲဒီလိုဆိုရင်တော့ လက်ရှိ ကစားသမား တချို့ အသင်းက ထွက်ပေးရပါလိမ့်မယ်။ ဒါကတော့ သဘာဝပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီနွေရာသီရဲ့ အဓိက ရည်ရွယ်ချက်က မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးဖို့ ဖြစ်သင့်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဘာကိုလာဟာ ဆာလာရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ မဟုတ်ပါဘူး။” ကာရေဂါက သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။
ဆာလာဟာ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၁၅ ပွဲ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ ဂျေမီ ကာရေဂါ (၅၀၈ ပွဲ)၊ စတီဗင် ဂျရတ် (၅၀၄ ပွဲ)၊ ဂျော်ဒန် ဟန်ဒါဆန် (၃၆၀ ပွဲ) နဲ့ ဆာမီ ဟစ်ပီယာ (၃၁၈ ပွဲ) တို့ရဲ့ နောက်မှာ အသင်း အတွက် ပွဲအများဆုံး ကစားပေးသူအဖြစ် အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် အသင်း အတွက် ၁၉၁ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၉၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကလပ် အသင်း တစ်သင်း အတွက် သွင်းဂိုး အများဆုံးရော ဂိုးဖန်တီးမှု အများဆုံးပါ ရယူနိုင်ခဲ့တဲ့ ကစားသမား ၁၀ ယောက်ထဲက တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဆာလာဟာ တူရကီ စူပါလိဂ် ကလပ် ဘက်ဆစ်တပ်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆာလာရဲ့ အေးဂျင့်တွေဘက်က တောင်းဆိုတဲ့ လုပ်ခလစာ ပမာဏကြောင့် အစ္စတန်ဘူလ် ကလပ်က လက်ရှိမှာ ဆွေးနွေးမှုတွေကို ခဏ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


