နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြီး ပွဲကောင်းတွေမှာ ပျောက်နေခဲ့လို့ ဟယ်ရီကိန်းရဲ့ ဘယ်လွန်ဒေါ အိပ်မက် အဆုံးသတ်သွားပြီလို့ ပီတစ် သုံးသပ်

အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ၂၀၂၅-၂၆ ရာသီမှာ ကလပ်နဲ့ လက်ရွေးစင် အသင်း အတွက် စုစုပေါင်း ၇၃ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လွန်ဒေါဆုကို ရယူနိုင်ဖို့တော့ မလုံလောက်တော့ဘူးလို့ ပြင်သစ် ကစားသမားဟောင်း အီမန်နျူယယ် ပီတစ်က သုံးသပ်လိုက်ပါတယ်။

ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်းက ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် တတိယနေရာလုပွဲမှာ ပြင်သစ် အသင်းကို ၆-၄ နဲ့ အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ရရှိခဲ့တာပါ။ ဟယ်ရီကိန်းဟာ ဒီပြိုင်ပွဲမှာ ၆ ဂိုး သွင်းယူခဲ့ပြီး၊ နောက်ဆုံး သွင်းဂိုး ကတော့ ၁၆ သင်း အဆင့်မှာ မက္ကဆီကို အသင်းကို အနိုင်ရရှိခဲ့တဲ့ဂိုး ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလား မတိုင်မီ ဘေယန်မြူးနစ် အသင်းနဲ့ အတူ ပြိုင်ပွဲစုံ အရပ်ရပ် မျှော်မှန်းဂိုး (xG) ၄၄.၄ အပေါ်မှာ ၆၁ ဂိုး အထိ သွင်းယူကာ တောက်ပတဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ ၂၀၂၅ ဩဂုတ်လမှ ၂၀၂၆ ဇူလိုင်လ အတွင်း ကလပ်နဲ့ လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၆၅ ပွဲ ကစားခဲ့ပြီး ၇၃ ဂိုး အထိ သွင်းယူကာ ၇၁ မိနစ်ကို ၁ ဂိုးနှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် ကြယ်ပွင့် ပီတစ်က TNT Sports ကတစ်ဆင့် ပြောကြားခဲ့ရာ မှာတော့ “ဟယ်ရီကိန်းရဲ့ ဘယ်လွန်ဒေါ မျှော်လင့်ချက် ကတော့ အဆုံးသတ်သွားပါပြီ။
ဒီရာသီ ပြိုင်ပွဲစုံမှာ ၇၃ ဂိုး အထိ သွင်းယူထားတဲ့ ဟယ်ရီကိန်း

ဒါပေမယ့် ပီတစ် ကတော့ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား အရေးပါတဲ့ ပွဲကြီး ပွဲကောင်းတွေမှာ အသင်း အတွက် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဘယ်လွန်ဒေါဆုနဲ့ လွဲချော်သွားပြီလို့ သုံးသပ်လိုက်ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် ကြယ်ပွင့် ပီတစ်က TNT Sports ကတစ်ဆင့် ပြောကြားခဲ့ရာ မှာတော့ “ဟယ်ရီကိန်းရဲ့ ဘယ်လွန်ဒေါ မျှော်လင့်ချက် ကတော့ အဆုံးသတ်သွားပါပြီ။ ဂျာမနီလိဂ် တစ်ခုတည်း ကိုပဲ မူတည်ပြီး စဉ်းစားမယ် ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်နဲ့ လက်ရွေးစင် အသင်း ပွဲစဉ်တွေမှာ အနိုင်ရဖို့ တကယ်ကို ခက်ခဲလာတဲ့ အချိန်မျိုးကျရင် သူ ပျောက်ကွယ်သွားခဲ့တယ်လို့ ထင်ပါတယ်။ သူ့ကို လက်ညှိုးထိုး စွပ်စွဲချင်တာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူ တတ်နိုင်သမျှ အကုန်ကြိုးစားခဲ့သလို ဂိုးတွေလည်း အများကြီး သွင်းခဲ့တာပဲလေ။ ဒါပေမယ့် ချန်ပီယံလိဂ်မှာလိုပဲ အရေးကြီးတဲ့ ပွဲကြီးပွဲကောင်းတွေ မှာတော့ သူ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ထက် အရှေ့မှာ ရောက်နေတဲ့ နာမည် တချို့ ရှိနေတယ်လို့ ထင်ပါတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ အာဂျင်တီးနားနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန် အသင်း အတွက် ၁၂၁ ပွဲမြောက် ပါဝင်ကစားပေးခဲ့ပြီး၊ ဒါဟာ သမိုင်းတလျှောက် အင်္ဂလန် ကစားသမားတွေထဲမှာ အများဆုံး ကစားထားတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပွဲ မှာတော့ သူဟာ ဂိုးပေါက် ကန်ချက် ၁ ကြိမ် (xG) ၀.၀၂ သာ ရှိခဲ့သလို၊ အာဂျင်တီးနား ဘောလုံးဧရိယာ အတွင်းမှာ ဘောလုံး တစ်ကြိမ်မှ ထိခွင့် မရဘဲ တစ်ပွဲလုံးမှာ ဘောလုံးထိချက် ၂၆ ကြိမ်သာ ရရှိခဲ့တာပါ။

ဒါပေမယ့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာတော့ ဘေယန်မြူးနစ် အတွက် ၁၄ ဂိုး အထိ သွင်းယူပေးခဲ့ပြီး၊ ကီလီယန် အမ်ဘာပေး (၁၅ ဂိုး) တစ်ဦးတည်းရဲ့ နောက်မှာသာ ဒုတိယ ဂိုးအများဆုံး သွင်းသူ အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်